မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများနဲ့ ဆက်နွယ်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်း ၆ ခုကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း ပိတ်သိမ်း

1891

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများနဲ့ ဆက်နွယ်နေပြီး အင်တာနက်အသုံးပြုလို့ရအောင် ဖန်တီးထားတဲ့ Cellular ဌာန ခြောက်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပိတ်သိမ်းလိုက်ကြောင်း၊ မြန်မာဘက်ခြမ်းရှိ ရာဇဝတ်ဂိုဏ်းများကို အင်တာနက်လိုင်းရအောင်လုပ်ပေးနေတဲ့ တရားမဝင် တပ်ဆင်ထားတဲ့ ဆက်သွယ်ရေး စလောင်းများအနက်မှ မယ်ဆိုင်မြို့မှာ နှစ်ခု နဲ့ Chiang Khong မြို့မှာ လေးခုကို ပိတ်သိမ်းခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ရဲချုပ် Nathathorn Prousoontorn က ပြောပါတယ်။
ဒါ့အပြင် အဆိုပါ တရားမဝင်တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးစလောင်းများနဲ့ Cellular ဌာနများဖွင့်လှစ်ထားမှုနဲ့ ဆက်နွယ်သူ သုံးဦးကိုလည်း ဖမ်းဆီးထားပြီး ခွင့်ပြုချက်မရဘဲ Radio station တည်ထောင်မှုများအတွက် စွဲချက် တင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေတဲ့ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်း များကို ဖြိုခွင်းနိုင်ဖို့ မြန်မာ၊ ထိုင်း၊ တရုတ် နဲ့ လာအိုတို့ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်လုပ်ဆောင်ဖို့ သဘောတူညီ ခဲ့ပြီးနောက် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းမှု ပိုမိုလုပ်ဆောင်လာနေကြောင်း သိရပါတယ်။
ထိုင်းရဲချုပ်ရဲ့အဆိုအရ မြန်မာနိုင်ငံဘက်ခြမ်းရှိ ရာဇဝတ်ဂိုဏ်းများ အသုံးပြုဝယ်ယူနိုင်ဖို့အတွက် ထိုင်းနိုင်ငံဘက် ခြမ်းရှိ ဖုန်း SIM cards များ ရောင်းချပေးနေတဲ့ဂိုဏ်းများကိုလည်း ဖြိုခွင်းခဲ့ရာ ဖုန်း SIM ကဒ်ပြားပေါင်း ၇၆ဝဝ ကျော်နဲ့ နိုင်ငံခြားသား ၁၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
မဲဆောက်ဒေသရှိ မိုလ်ဘိုင်းဖုန်းဝန်ဆောင်မှုအဖွဲ့တွေဟာ အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးလိုင်းများကို မြန်မာနိုင်ငံဘက်ခြမ်းက မမီနိုင်တဲ့နေရာမျိုးတွေမှာ ပြောင်းလဲတပ်ဆင်ထားဖို့ တောင်းဆိုတာမျိုးတွေလည်း ရှိခဲ့ ကြောင်း သိရပါတယ်။ ကရင်ပြည်နယ်မှာ အခြေပြုလှုပ်ရှားနေတဲ့ လူကုန်ကူးဂိုဏ်းများနဲ့ ရာဇဝတ်ဂိုဏ်းတွေကို အွန်လိုင်းအသုံးပြုကာ လိမ်လည်ပြီးနောက် လိမ်လည်ခံရသူများကို ထိုင်းနိုင်ငံဘက်ခြမ်းကတဆင့် သောင်းရင်း မြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံဘက်ခြမ်းကို ခေါ်ယူတာမျိုးတွေရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံရွိ ရာဇဝတ္ဂိုဏ္းမ်ားနဲ႔ ဆက္ႏြယ္ေနတဲ့ ဆက္သြယ္ေရးလုပ္ငန္း ၆ ခုကို ထိုင္းရဲတပ္ဖြဲ႕ စီးနင္း ပိတ္သိမ္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄
ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္းမ်ားနဲ႔ ဆက္ႏြယ္ေနၿပီး အင္တာနက္အသုံးျပဳလို႔ရေအာင္ ဖန္တီးထားတဲ့ Cellular ဌာန ေျခာက္ခုကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပိတ္သိမ္းလိုက္ေၾကာင္း၊ ျမန္မာဘက္ျခမ္းရွိ ရာဇဝတ္ဂိုဏ္းမ်ားကို အင္တာနက္လိုင္းရေအာင္လုပ္ေပးေနတဲ့ တရားမဝင္ တပ္ဆင္ထားတဲ့ ဆက္သြယ္ေရး စေလာင္းမ်ားအနက္မွ မယ္ဆိုင္ၿမိဳ႕မွာ ႏွစ္ခု နဲ႔ Chiang Khong ၿမိဳ႕မွာ ေလးခုကို ပိတ္သိမ္းခဲ့တာျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ရဲ႕ရဲခ်ဳပ္ Nathathorn Prousoontorn က ေျပာပါတယ္။
ဒါ့အျပင္ အဆိုပါ တရားမဝင္တပ္ဆင္ထားတဲ့ ဆက္သြယ္ေရးစေလာင္းမ်ားနဲ႔ Cellular ဌာနမ်ားဖြင့္လွစ္ထားမႈနဲ႔ ဆက္ႏြယ္သူ သုံးဦးကိုလည္း ဖမ္းဆီးထားၿပီး ခြင့္ျပဳခ်က္မရဘဲ Radio station တည္ေထာင္မႈမ်ားအတြက္ စြဲခ်က္ တင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာနယ္စပ္ေဒသကို အေျချပဳလႈပ္ရွားေနတဲ့ အြန္လိုင္းအသုံးျပဳကာ လိမ္လည္ေနတဲ့ ဂိုဏ္းမ်ား၊ လူကုန္ကူးဂိုဏ္း မ်ားကို ၿဖိဳခြင္းႏိုင္ဖို႔ ျမန္မာ၊ ထိုင္း၊ တ႐ုတ္ နဲ႔ လာအိုတို႔ ပူးေပါင္းေဆာင္႐ြက္မႈ အရွိန္ျမင့္လုပ္ေဆာင္ဖို႔ သေဘာတူညီ ခဲ့ၿပီးေနာက္ အြန္လိုင္းအသုံးျပဳကာ လိမ္လည္ေနတဲ့ဂိုဏ္းေတြကို ၿဖိဳခြင္းမႈ ပိုမိုလုပ္ေဆာင္လာေနေၾကာင္း သိရပါတယ္။
ထိုင္းရဲခ်ဳပ္ရဲ႕အဆိုအရ ျမန္မာႏိုင္ငံဘက္ျခမ္းရွိ ရာဇဝတ္ဂိုဏ္းမ်ား အသုံးျပဳဝယ္ယူႏိုင္ဖို႔အတြက္ ထိုင္းႏိုင္ငံဘက္ ျခမ္းရွိ ဖုန္း SIM cards မ်ား ေရာင္းခ်ေပးေနတဲ့ဂိုဏ္းမ်ားကိုလည္း ၿဖိဳခြင္းခဲ့ရာ ဖုန္း SIM ကဒ္ျပားေပါင္း ၇၆ဝဝ ေက်ာ္နဲ႔ ႏိုင္ငံျခားသား ၁၇ ဦးကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။
မဲေဆာက္ေဒသရွိ မိုလ္ဘိုင္းဖုန္းဝန္ေဆာင္မႈအဖြဲ႕ေတြဟာ အင္တာနက္လိုင္းနဲ႔ ဆက္သြယ္ေရးလိုင္းမ်ားကို ျမန္မာႏိုင္ငံဘက္ျခမ္းက မမီႏိုင္တဲ့ေနရာမ်ိဳးေတြမွာ ေျပာင္းလဲတပ္ဆင္ထားဖို႔ ေတာင္းဆိုတာမ်ိဳးေတြလည္း ရွိခဲ့ ေၾကာင္း သိရပါတယ္။ ကရင္ျပည္နယ္မွာ အေျချပဳလႈပ္ရွားေနတဲ့ လူကုန္ကူးဂိုဏ္းမ်ားနဲ႔ ရာဇဝတ္ဂိုဏ္းေတြကို အြန္လိုင္းအသုံးျပဳကာ လိမ္လည္ၿပီးေနာက္ လိမ္လည္ခံရသူမ်ားကို ထိုင္းႏိုင္ငံဘက္ျခမ္းကတဆင့္ ေသာင္းရင္း ျမစ္ကိုျဖတ္ကာ ျမန္မာႏိုင္ငံဘက္ျခမ္းကို ေခၚယူတာမ်ိဳးေတြရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။