နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

425
Pearl (NP News) - စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၂၆၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါမူးယစ်ဆေးဝါးများကို စက်တင်ဘာလ ၂၂ ရက်၊ နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁)ကောင်းတပ်ရပ်၊ နတ်စင်လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အဆိုပါ နတ်စင်လမ်းရှိ ကျဆော၏နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၃၄၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၆၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျဆော(၂၈)နှစ်အား နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ( ၂၃) ရက်၊ နံနက် (၁၀)နာရီအချိန် အခန့်တွင် မြစ်ကြီးနားမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး၊ (၂၁)မိုင် (ရှောင်ကွင်းလမ်း)တွင် အောင်နေလင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူအလေး ချိန် ၂၉၇ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၈.၈ သိန်း)၊ စိတ်ကြွရူးသွပ်ဆေး ပြား ၁၉၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆက်လက်ထုတ်ပြန်ထားသည်။
ထို့ကြောင့် အောင်နေလင်း(၅၂)နှစ်အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

zawgyi version
နမ့္ခမ္းၿမိဳ႕တြင္ ေငြက်ပ္သိန္း ၂၆၀၀ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိ
Pearl (NP News) - စက္တင္ဘာ ၂၄
ရွမ္းျပည္နယ္၊ နမ့္ခမ္းၿမိဳ႕တြင္ ေငြက်ပ္သိန္း ၂၆၇၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
အဆိုပါမူးယစ္ေဆးဝါးမ်ားကို စက္တင္ဘာလ ၂၂ ရက္၊ ေန႔လည္ (၁၂)နာရီ အခ်ိန္ခန႔္တြင္ နမ့္ခမ္းၿမိဳ႕၊ အမွတ္(၁)ေကာင္းတပ္ရပ္၊ နတ္စင္လမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ အဆိုပါ နတ္စင္လမ္းရွိ က်ေဆာ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ဝင္ေရာက္ရွာေဖြရာ ၎ႏွင့္အတူ ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅၃၄၀၀၀ ျပား (ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္သိန္း ၂၆၇၀)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ က်ေဆာ(၂၈)ႏွစ္အား နမ့္ခမ္းၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အလားတူ ယမန္ေန႔ စက္တင္ဘာလ ( ၂၃) ရက္၊ နံနက္ (၁၀)နာရီအခ်ိန္ အခန႔္တြင္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ နမ့္ခမ္းေက်း႐ြာအနီး၊ (၂၁)မိုင္ (ေရွာင္ကြင္းလမ္း)တြင္ ေအာင္ေနလင္းေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ၎ထံမွ ဘိန္းျဖဴအေလး ခ်ိန္ ၂၉၇ ဂရမ္(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁၁၈.၈ သိန္း)၊ စိတ္ႂကြ႐ူးသြပ္ေဆး ျပား ၁၉၀၀ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၃၈ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆက္လက္ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ေအာင္ေနလင္း(၅၂)ႏွစ္အား ျမစ္ႀကီးနားနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္း ဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။