ရထားသံလမ်းဘေး၌ ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသမီးအလောင်း မန္တလေး၌တွေ့ရှိ

 1818

သန့်ဇင်(NP News) - စက်တင်ဘာ ၂၄

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ရထားသံလမ်းဘေးတွင် ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဌာနီရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါ အလောင်းကို ယနေ့ (စက်တင်ဘာလ ၂၄ရက်)၊ နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ အရှေ့ဘုန်းတော်တိုးရပ်၊ အကွက်-(418)၊ မြို့ပတ်ရထားသံလမ်းဘေးရှိ ဖော့ဘူးစက်ရုံရှေ့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

“အသတ်ခံရတဲ့အမျိုးသမီးက အသက်(၅၀)ဝန်းကျင်ပါပဲ။ ပိုင်ရှင်မဲ့အလောင်းပါ။ လက်ရှိတော့ သက်ဆိုင်ရာက အလောင်းကို ဆက်လက် စစ်ဆေးနေပါတယ်။ ရဲမှုခင်းနဲ့ပတ်သက်တာဆိုတော့။ အသေးစိတ်ကို ကျွန်တော်တို့လဲမသိခဲ့ရပါဘူး”ဟု ဌာနီရှေ့လူမှုကယ်ဆယ်ရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အသတ်ခံထားရသည့် အမျိုးသမီးသည် အသက်(၅၀)ဝန်းကျင်ဖြစ်ပြီး ပိုင်ရှင်မဲ့အလောင်းဖြစ်သည့်အတွက် မိသားစုနှင့်အဆက်သွယ်ရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအလောင်းအား ဌာနီရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
ရထားသံလမ္းေဘး၌ ဓားဒဏ္ရာျဖင့္ သတ္ျဖတ္ခံထားရသည့္ အမ်ိဳးသမီးအေလာင္း မႏၲေလး၌ေတြ႕ရွိ
သန္႔ဇင္(NP News) - စက္တင္ဘာ ၂၄

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ရထားသံလမ္းေဘးတြင္ ဓားဒဏ္ရာျဖင့္ သတ္ျဖတ္ခံထားရသည့္ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ဌာနီေရွ႕လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

အဆိုပါ အေလာင္းကို ယေန႔ (စက္တင္ဘာလ ၂၄ရက္)၊ နံနက္ ၇နာရီ ၁၅မိနစ္အခ်ိန္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အေရွ႕ဘုန္းေတာ္တိုးရပ္၊ အကြက္-(418)၊ ၿမိဳ႕ပတ္ရထားသံလမ္းေဘးရွိ ေဖာ့ဘူးစက္႐ုံေရွ႕တြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

“အသတ္ခံရတဲ့အမ်ိဳးသမီးက အသက္(၅၀)ဝန္းက်င္ပါပဲ။ ပိုင္ရွင္မဲ့အေလာင္းပါ။ လက္ရွိေတာ့ သက္ဆိုင္ရာက အေလာင္းကို ဆက္လက္ စစ္ေဆးေနပါတယ္။ ရဲမႈခင္းနဲ႔ပတ္သက္တာဆိုေတာ့။ အေသးစိတ္ကို ကြၽန္ေတာ္တို႔လဲမသိခဲ့ရပါဘူး”ဟု ဌာနီေရွ႕လူမႈကယ္ဆယ္ေရး အဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အသတ္ခံထားရသည့္ အမ်ိဳးသမီးသည္ အသက္(၅၀)ဝန္းက်င္ျဖစ္ၿပီး ပိုင္ရွင္မဲ့အေလာင္းျဖစ္သည့္အတြက္ မိသားစုႏွင့္အဆက္သြယ္ရရွိရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးအေလာင္းအား ဌာနီေရွ႕လူမႈကယ္ဆယ္ေရးအသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ထားၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာမွ စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.