အာရှဖလား ဒုတိယအဆင့်တက်လှမ်းနိုင်ခဲ့သည့် မြန်မာယူ -၂၄ အသင်းကို နစကဥက္ကဋ္ဌ နှင့် MFF မှ ဆုငွေချီးမြှင့်ခဲ့

 6757

သန့်ဇင်(NP News) - စက်တင်ဘာ ၂၅

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအား ကစားပွဲတော်တွင် ဒုတိယအဆင့် တက်လှမ်းနိုင်ခဲ့သည့် မြန်မာလက်ရွေးစင် ယူ -၂၄ အသင်းအား နစကဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (စက်တင်ဘာလ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာယူ - ၂၄ အသင်းအနေဖြင့် အုပ်စုပွဲ(က)တွင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်တစ်အုပ်စုတည်းကျရောက်ကစားခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၄)မှတ်ဖြင့် အကောင်းဆုံးအုပ်စု တတိယနေရာမှ ဒုတိယအဆင့် (၁၆)သင်းရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာလက်ရွေးစင်ယူ-၂၄ အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၅၀၀၀)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ ကျပ်သိန်း(၅၀၀) ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲသမိုင်းတစ်လျောက်၌ မြန်မာနိုင်ငံသည်ချန်ပီယံ (၂) ကြိမ်၊ တတိယ တစ်ကြိမ်ရရှိခဲ့ဖူးပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်းမှစတင်ကာ အုပ်စု မတက်နိုင်ခဲ့ဘဲ ယခုနှစ်ပြိုင်ပွဲမှ ဒုတိယအဆင့်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၂၄ အသင်းအနေဖြင့် ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ်အား လာမည့်စက်တင်ဘာလ ၂၈ ရက်တွင် ဂျပန်အသင်း သို့မဟုတ် ပါလက်စတိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အာရွဖလား ဒုတိယအဆင့္တက္လွမ္းႏိုင္ခဲ့သည့္ ျမန္မာယူ -၂၄ အသင္းကို နစကဥကၠ႒ ႏွင့္ MFF မွ ဆုေငြခ်ီးျမႇင့္ခဲ့

သန႔္ဇင္(NP News) - စက္တင္ဘာ ၂၅

တ႐ုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပလ်က္ရွိသည့္ (၁၉)ႀကိမ္ေျမာက္ အာရွအား ကစားပြဲေတာ္တြင္ ဒုတိယအဆင့္ တက္လွမ္းႏိုင္ခဲ့သည့္ ျမန္မာလက္ေ႐ြးစင္ ယူ -၂၄ အသင္းအား နစကဥကၠ႒ ႏွင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ဆုေငြမ်ားခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ယေန႔ (စက္တင္ဘာလ ၂၅ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ျမန္မာယူ - ၂၄ အသင္းအေနျဖင့္ အုပ္စုပြဲ(က)တြင္ တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္တို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ကစားခဲ့ၿပီး (၁)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁)ပြဲရႈံး ရမွတ္ (၄)မွတ္ျဖင့္ အေကာင္းဆုံးအုပ္စု တတိယေနရာမွ ဒုတိယအဆင့္ (၁၆)သင္းရႈံးထြက္အဆင့္သို႔ တက္လွမ္းႏိုင္ခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ျမန္မာလက္ေ႐ြးစင္ယူ-၂၄ အသင္းအား ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒မွ အေမရိကန္ေဒၚလာ(၅၀၀၀)ႏွင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)မွ က်ပ္သိန္း(၅၀၀) ဆုေငြမ်ားခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အာရွအားကစားပြဲေတာ္ ေဘာလုံးၿပိဳင္ပြဲသမိုင္းတစ္ေလ်ာက္၌ ျမန္မာႏိုင္ငံသည္ခ်န္ပီယံ (၂) ႀကိမ္၊ တတိယ တစ္ႀကိမ္ရရွိခဲ့ဖူးၿပီး ၁၉၇၄ ခုႏွစ္ေနာက္ပိုင္းမွစတင္ကာ အုပ္စု မတက္ႏိုင္ခဲ့ဘဲ ယခုႏွစ္ၿပိဳင္ပြဲမွ ဒုတိယအဆင့္သို႔ ျပန္လည္ေရာက္ရွိလာႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာယူ-၂၄ အသင္းအေနျဖင့္ ဒုတိယအဆင့္ရႈံးထြက္ပြဲစဥ္အား လာမည့္စက္တင္ဘာလ ၂၈ ရက္တြင္ ဂ်ပန္အသင္း သို႔မဟုတ္ ပါလက္စတိုင္းအသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.