ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသတွင် မြန်မာလက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားပြီး စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆီးရမိ ခဲ့ဟု ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ပြော

3959

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅
ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဒေသတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ တင်ပို့ရန် ကြိုးပမ်းသောစိတ်ကြွမူးယစ်ဆေးဝါး အလေးချိန် ၂၂၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၂၄ ရက်က ထိုင်းနှင့် မြန်မာနယ်စပ်ဒေသကိုကင်းလှည့်ချိန်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းမှ လက်နက်ကိုင်အဖွဲ့သည် မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို တောလမ်းမှတစ်ဆင့် ဝင်ရောက်ရန်ကြိုးပမ်း ခဲ့ပြီး ၎င်းတို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းချိန်တွင် ညွှန်ကြားချက်ကို လက်မခံဘဲ စတင်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ သည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးတင်ပို့ရန်ကြိုးပမ်းခဲ့သော လက်နက်ကိုင်အဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း မြန်မာလက်နက်ကိုင်အဖွဲ့ထွက်ပြေးချိန်တွင် ၎င်းတို့ နေရာကို သွားရောက်စစ်ဆေးခဲ့ရာ Ice အလေးချိန် ၂ဝ နှင့် ၂၅ ကီလိုဂရမ် ပါဝင်သော စိတ်ကြွမူးယစ်ဆေးဝါး အထုတ် ၉ ထုတ်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတင်ပို့ရန် ကြိုးပမ်းသောအဖွဲ့သည် ရှမ်းပြည်နယ်တွင်အခြေစိုက်ထားသော ဝ (သို့မဟုတ်) ရှမ်း လက်နက်ကိုင်အဖွဲ့ဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ယုံကြည်နေသည်။ အဆိုပါလက်နက်ကိုင် အဖွဲ့သည် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မြောက်ပိုင်း ဓါတ်ခွဲခန်းတွင် ထုတ်လုပ်ပြီးနောက် တာချီလိတ်မြို့ကို ထပ်မံပို့ဆောင်ခဲ့ကာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့တင်ပို့ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။

Zawgyi Version;
ထိုင္းႏိုင္ငံ မယ္ဆိုင္ေဒသတြင္ ျမန္မာလက္နက္ကိုင္အဖြဲ႕ႏွင့္တိုက္ပြဲျဖစ္ပြားၿပီး စိတ္ႂကြမူးယစ္ေဆးမ်ား ဖမ္းဆီးရမိ ခဲ့ဟု ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅
ၿပီးခဲ့ေသာရက္ပိုင္းတြင္ ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္ျပည္နယ္ မယ္ဆိုင္ေဒသတြင္ ျမန္မာႏိုင္ငံဘက္ျခမ္းမွ တင္ပို႔ရန္ ႀကိဳးပမ္းေသာစိတ္ႂကြမူးယစ္ေဆးဝါး အေလးခ်ိန္ ၂၂၅ ကီလိုဂရမ္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕က သတင္းထုတ္ျပန္လိုက္သည္။
စက္တင္ဘာ ၂၄ ရက္က ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသကိုကင္းလွည့္ခ်ိန္အတြင္း ျမန္မာႏိုင္ငံဘက္ျခမ္းမွ လက္နက္ကိုင္အဖြဲ႕သည္ ျမစ္ကိုျဖတ္ကူးၿပီး ထိုင္းႏိုင္ငံဘက္ျခမ္းကို ေတာလမ္းမွတစ္ဆင့္ ဝင္ေရာက္ရန္ႀကိဳးပမ္း ခဲ့ၿပီး ၎တို႔ကို စစ္ေဆးရန္ရပ္တန႔္ခိုင္းခ်ိန္တြင္ ၫႊန္ၾကားခ်က္ကို လက္မခံဘဲ စတင္ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ သည့္အတြက္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕က ေျပာသည္။
အျပန္အလွန္ပစ္ခတ္မႈ ၅ မိနစ္ၾကာျဖစ္ပြားခဲ့ၿပီး မူးယစ္ေဆးဝါးတင္ပို႔ရန္ႀကိဳးပမ္းခဲ့ေသာ လက္နက္ကိုင္အဖြဲ႕သည္ ျမန္မာႏိုင္ငံဘက္ျခမ္းကို ျပန္ဆုတ္ခြာထြက္ေျပးခဲ့ေၾကာင္း ျမန္မာလက္နက္ကိုင္အဖြဲ႕ထြက္ေျပးခ်ိန္တြင္ ၎တို႔ ေနရာကို သြားေရာက္စစ္ေဆးခဲ့ရာ Ice အေလးခ်ိန္ ၂ဝ ႏွင့္ ၂၅ ကီလိုဂရမ္ ပါဝင္ေသာ စိတ္ႂကြမူးယစ္ေဆးဝါး အထုတ္ ၉ ထုတ္ကို ေတြ႕ရွိခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။
မူးယစ္ေဆးဝါးတင္ပို႔ရန္ ႀကိဳးပမ္းေသာအဖြဲ႕သည္ ရွမ္းျပည္နယ္တြင္အေျခစိုက္ထားေသာ ဝ (သို႔မဟုတ္) ရွမ္း လက္နက္ကိုင္အဖြဲ႕ျဖစ္ဖြယ္ရွိေနေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕က ယုံၾကည္ေနသည္။ အဆိုပါလက္နက္ကိုင္ အဖြဲ႕သည္ မူးယစ္ေဆးဝါးမ်ားကို ရွမ္းျပည္နယ္ေျမာက္ပိုင္း ဓါတ္ခြဲခန္းတြင္ ထုတ္လုပ္ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕ကို ထပ္မံပို႔ေဆာင္ခဲ့ကာ နယ္စပ္ျဖတ္ေက်ာ္ၿပီး ထိုင္းႏိုင္ငံဘက္ျခမ္းသို႔တင္ပို႔ရန္ ႀကိဳးပမ္းျခင္းျဖစ္ေၾကာင္း ထိုင္း နယ္ျခားေစာင့္တပ္ဖြဲ႕က ေျပာသည္။