မြန်မာ-တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများကို Passport ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုမည်

 2333

ယွန်း (NP News) - စက်တင်ဘာ ၂၅

မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်‌ထောင်စုဝန်ကြီးက အသိပေးပြောကြားထား သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က စက်တင်ဘာလ(၂၄)ရက်တွင် မူဆယ်မြိုရှိ ရွှေနန်းတော်ဂိတ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နယ်စပ်နေပြည်သူများကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) ဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ရာမှ စက်တင်ဘာလ(၄)ရက်တွင် နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့်ပါ ထပ်မံခွင့်ပြုပေးထားကြောင်း သိရသည်။

အဆိုပါ TBP ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးနောက်တွင် နယ်စပ်ဂိတ်များမှ ပြည်သူများဝင်ထွက်မှု ပိုမိုများပြားလာခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် မကြာမီကာလ၌ မြန်မာ- တရုတ် နှစ်နိုင်ငံနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) ဖြင့်ပါ ဝင်ထွက်သွားလာနိုင်ရေးကို ဆောင်ရွက်နေပြီး လုပ်ငန်းများ အဆင်ပြေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ၎င်းက ဆက်လက်ပြောကြားထားသည်။

လုပ်ငန်များ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

"နိုင်ငံကူးလက်မှတ်နဲ့ခွင့်ပြုမယ်ဆိုတာ နောက်လထဲမှာစမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့်အလည်အပတ်လား အလုပ်အကိုင်အတွက်ရော ခွင့်ပြုမလား ပြီးရင် တယ်ဟုန်းပြည်နယ်ခွဲကိုပဲခွင့်ပြုမလား၊ ယူနန်တစ်ပြည်လုံးကို ခွင့်ပြုမလား ရှန်ဟိုင်းအထိကို သွားခွင့်ပြုမလားဆိုတာတော့ မသိသေးဘူး။ အဲဒီလိုမျိုးခွင့်ပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့ဒေသခံတွေအတွက် အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် အခုကျွန်တော့်ဆီမှာ(BP)ရှိတယ်။ BP နဲ့သွားမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေနားလည်တယ်လေ Passport နဲ့ဆိုရင် ဗီဇာဆိုတာလိုဦးမယ် မူဆယ်မှာလုပ်လို့လည်းမရဘူး။ အဆင့်ဆင့်တွေရှိလာမယ်ဆိုတော့ ကျွန်တော်တို့လိုဒေသခံတွေအတွက်တော့ အဆင်မပြေဘူးပေါ့။ ကောင်းကျိုးဆိုးကျိုးလေးတွေဆိုတာတော့ ရှိတာပေါ့"ဟု မူဆယ်မြို့ရှိ ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (၇)ရက်တာ သွားရောက်လည် ပတ်နေထိုင်ခွင့်ရရှိမည့် တစ်ခါသုံးကတ်(TBP)များကို ပြီးခဲ့သည့် စက်တင်ဘာလ(၄)ရက်မှစ၍ ပြန်လည်ထုတ်ပေးနေပြီး လူဦးရေပေါင်း(၁၀၀၀၀)ကျော်ကို ခွင့်ပြုထုတ်ပေးထားကြောင်း သိရသည်။

zawgyi version
ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံရွိ ႏိုင္ငံသားမ်ားကို Passport ျဖင့္ နယ္စပ္ဂိတ္ျဖတ္သန္းခြင့္ မၾကာမီခြင့္ျပဳမည္
ယြန္း (NP News) - စက္တင္ဘာ ၂၅

ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံရွိ ႏိုင္ငံသားမ်ားကို ႏိုင္ငံကူးလက္မွတ္ျဖင့္ နယ္စပ္ဂိတ္ျဖတ္သန္းခြင့္ မၾကာမီခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း ျပည္‌ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထား သည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က စက္တင္ဘာလ(၂၄)ရက္တြင္ မူဆယ္ၿမိဳရွိ ေ႐ႊနန္းေတာ္ဂိတ္အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံရွိ နယ္စပ္ေနျပည္သူမ်ားကို နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(BP) ျဖင့္ ျဖတ္သန္းခြင့္ျပဳခဲ့ရာမွ စက္တင္ဘာလ(၄)ရက္တြင္ ႏိုင္ငံတြင္း ေဒသအသီးသီးမွ ျပည္သူမ်ားအတြက္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(TBP) ျဖင့္ပါ ထပ္မံခြင့္ျပဳေပးထားေၾကာင္း သိရသည္။

အဆိုပါ TBP ျဖင့္ ျဖတ္သန္းသြားလာခြင့္ျပဳခဲ့ၿပီးေနာက္တြင္ နယ္စပ္ဂိတ္မ်ားမွ ျပည္သူမ်ားဝင္ထြက္မႈ ပိုမိုမ်ားျပားလာခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ထို႔ျပင္ မၾကာမီကာလ၌ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံႏိုင္ငံသားမ်ားကို ႏိုင္ငံကူးလက္မွတ္ (Passport) ျဖင့္ပါ ဝင္ထြက္သြားလာႏိုင္ေရးကို ေဆာင္႐ြက္ေနၿပီး လုပ္ငန္းမ်ား အဆင္ေျပေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ ၎က ဆက္လက္ေျပာၾကားထားသည္။

လုပ္ငန္မ်ား ေအာင္ျမင္ေရးအတြက္ ဌာနဆိုင္ရာအခ်င္းခ်င္း ညႇိႏႈိင္းေပါင္းစပ္ေဆာင္႐ြက္ၾကရန္ ႏွင့္ အခက္အခဲမ်ားရွိပါက အခ်ိန္ႏွင့္တစ္ေျပးညီတင္ျပရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

"ႏိုင္ငံကူးလက္မွတ္နဲ႔ခြင့္ျပဳမယ္ဆိုတာ ေနာက္လထဲမွာစမယ္ဆိုတာ ေသခ်ာတယ္။ ဒါေပမယ့္အလည္အပတ္လား အလုပ္အကိုင္အတြက္ေရာ ခြင့္ျပဳမလား ၿပီးရင္ တယ္ဟုန္းျပည္နယ္ခြဲကိုပဲခြင့္ျပဳမလား၊ ယူနန္တစ္ျပည္လုံးကို ခြင့္ျပဳမလား ရွန္ဟိုင္းအထိကို သြားခြင့္ျပဳမလားဆိုတာေတာ့ မသိေသးဘူး။ အဲဒီလိုမ်ိဳးခြင့္ျပဳခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ေဒသခံေတြအတြက္ အဆင္မေျပဘူး။ ဘာလို႔လဲဆိုရင္ အခုကြၽန္ေတာ့္ဆီမွာ(BP)ရွိတယ္။ BP နဲ႔သြားမယ္ဆိုရင္ လုပ္ထုံးလုပ္နည္းေတြနားလည္တယ္ေလ Passport နဲ႔ဆိုရင္ ဗီဇာဆိုတာလိုဦးမယ္ မူဆယ္မွာလုပ္လို႔လည္းမရဘူး။ အဆင့္ဆင့္ေတြရွိလာမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လိုေဒသခံေတြအတြက္ေတာ့ အဆင္မေျပဘူးေပါ့။ ေကာင္းက်ိဳးဆိုးက်ိဳးေလးေတြဆိုတာေတာ့ ရွိတာေပါ့"ဟု မူဆယ္ၿမိဳ႕ရွိ ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ (၇)ရက္တာ သြားေရာက္လည္ ပတ္ေနထိုင္ခြင့္ရရွိမည့္ တစ္ခါသုံးကတ္(TBP)မ်ားကို ၿပီးခဲ့သည့္ စက္တင္ဘာလ(၄)ရက္မွစ၍ ျပန္လည္ထုတ္ေပးေနၿပီး လူဦးေရေပါင္း(၁၀၀၀၀)ေက်ာ္ကို ခြင့္ျပဳထုတ္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.