တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် အာဆီယံ-ပရီတိုးရီးယားရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှရုပ်ရှင်ကား(၂)ကား ပါဝင်ပြသမည်

 3292

ယွန်း (NP News) - စက်တင်ဘာ ၂၅

တောင်အာဖရိကနိုင်ငံ၌ ကျင်းပသွားမည့် အာဆီယံ- ပရီတိုးရီးယားရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ဥပါဒါန် အပါအဝင် ရုပ်ရှင်ကား(၂)ကား ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကျင်းပမည့် အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာရုပ်ရှင်ကားများကို ပါဝင်ပြသရန် ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်တွင် ဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖိတ်ခေါ်မှုအရ မြန်မာနိုင်ငံမှ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားနှင့် “၃(က)” ရုပ်ရှင်ကားများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ဇာတ်ကား(၂)ကား ပြသသွားမှာပါ။ ရွေးတာမဟုတ်ပါဘူး သူတို့ပါဝင်ပြသမယ်ဆိုပြီး ဆန္ဒရှိလို့ကို ပို့ပေးလိုက်တာပါ။ ပြသဖို့ဆန္ဒရှိတဲ့သူကများရင်တော့ တစ်မျိုးပေါ့ အခုက သိပ်လည်းမရှိတော့ သူ့တို့ဟာကိုပဲယူလိုက်တာပါ။ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ပြောတယ်။ သံရုံးကလုပ်မယ့်ပွဲပေါ့။ အာဆီယံနဲ့ သံရုံးတွေနဲ့ပေါင်းပြီး‌တော့ ယဥ်ကျေးမှုဖလှယ်ရေးအတွက်ကို လုပ်တဲ့ရှပ်ရှင်ပွဲလေးပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NP News ကို ပြောသည်။

ပါဝင်ပြသမည့်ဇာတ်ကားများသည် ဆင်ဆာခွင့်ပြုချက်ရထားပြီး ပြသချိန်(၂)နာရီထက် မကျော်လွန်သောဇာတ်ကားဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ် စာတန်းထိုးပါရှိရမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

zawgyi version
ေတာင္အာဖရိကႏိုင္ငံ၌ က်င္းပမည့္ အာဆီယံ- ပရီတိုးရီးယား႐ုပ္ရွင္ပြဲေတာ္တြင္ ျမန္မာႏိုင္ငံမွ ႐ုပ္ရွင္ကား(၂)ကား ပါဝင္ျပသမည္
ယြန္း (NP News) - စက္တင္ဘာ ၂၅

ေတာင္အာဖရိကႏိုင္ငံ၌ က်င္းပသြားမည့္ အာဆီယံ- ပရီတိုးရီးယား႐ုပ္ရွင္ပြဲေတာ္တြင္ ျမန္မာႏိုင္ငံမွ ဥပါဒါန္ အပါအဝင္ ႐ုပ္ရွင္ကား(၂)ကား ပါဝင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

လာမည့္ ေအာက္တိုဘာလႏွင့္ ႏိုဝင္ဘာလအတြင္းက်င္းပမည့္ အဆိုပါ ႐ုပ္ရွင္ျပပြဲတြင္ ျမန္မာ႐ုပ္ရွင္ကားမ်ားကို ပါဝင္ျပသရန္ ၿပီးခဲ့သည့္ စက္တင္ဘာလ(၂၀)ရက္တြင္ ဖိတ္ေခၚခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဖိတ္ေခၚမႈအရ ျမန္မာႏိုင္ငံမွ “ဥပါဒါန္” ႐ုပ္ရွင္ဇာတ္ကားႏွင့္ “၃(က)” ႐ုပ္ရွင္ကားမ်ားကို ပါဝင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဇာတ္ကား(၂)ကား ျပသသြားမွာပါ။ ေ႐ြးတာမဟုတ္ပါဘူး သူတို႔ပါဝင္ျပသမယ္ဆိုၿပီး ဆႏၵရွိလို႔ကို ပို႔ေပးလိုက္တာပါ။ ျပသဖို႔ဆႏၵရွိတဲ့သူကမ်ားရင္ေတာ့ တစ္မ်ိဳးေပါ့ အခုက သိပ္လည္းမရွိေတာ့ သူ႔တို႔ဟာကိုပဲယူလိုက္တာပါ။ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာလအတြင္းမွာ က်င္းပမယ္လို႔ေျပာတယ္။ သံ႐ုံးကလုပ္မယ့္ပြဲေပါ့။ အာဆီယံနဲ႔ သံ႐ုံးေတြနဲ႔ေပါင္းၿပီး‌ေတာ့ ယဥ္ေက်းမႈဖလွယ္ေရးအတြက္ကို လုပ္တဲ့ရွပ္ရွင္ပြဲေလးပါ” ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ႏိုင္ငံတကာဆက္ဆံေရးေကာ္မတီျပန္ၾကားေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News ကို ေျပာသည္။

ပါဝင္ျပသမည့္ဇာတ္ကားမ်ားသည္ ဆင္ဆာခြင့္ျပဳခ်က္ရထားၿပီး ျပသခ်ိန္(၂)နာရီထက္ မေက်ာ္လြန္ေသာဇာတ္ကားျဖစ္ရန္လိုအပ္ၿပီး အဂၤလိပ္ စာတန္းထိုးပါရွိရမည္ျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.