တောင်ကိုရီးယားသရုပ်ဆောင် ကင်တေးရီ နဲ့ ဟုန်ကျောင်း Netflix ရဲ့ ပထမဆုံး ကိုရီးယား ကာတွန်းရုပ်ရှင်မှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထား

169

ရောင်နီ (NP News) - မေ ၃
ဧပြီလ ၂၉ ရက်က Netflix က သူ့ ရဲ့ ပထမဆုံး တောင်ကိုရီးယား Animated ရုပ်ရှင်ဖြစ်တဲ့ "Lost in Starlight' အတွက် ကြော်ငြာပိုစတာ နမူနာကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။
"Lost in Starlight' ဟာ ၂၀၅၀ ခုနှစ် အချိန် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ဇာတ်အိမ်တည်ထားပါတယ်။ အင်္ဂါဂြိုလ်ကို စူးစမ်းဖို့ စိတ်ကူးယဉ်နေတဲ့ အာကာသယာဉ်မှူး တနန်ရောင်း အဖြစ် ကင်တေးရီက ပါဝင် သရုပ်ဆောင်ထားပြီး မင်းသား ဟုန်ကျောင်းကတော့ နန်ရောင်းရဲ့ ချစ်သူ ဂျေး အဖြစ် သရုပ်ဆောင်ထားပါတယ်။ အမြည်းပြထားတဲ့ ပိုစတာမှာ နန်းယောင်းနဲ့ ဂျေးတို့ကြား စိတ်ကူးယဉ်ဆန်တဲ့ အခိုက်အတန့်ကို ပန်းရော နေဝင်ချိန်နဲ့ အပြည့်အ၀ ဖော်ပြထားပါတယ်။ ဇာတ်ကား ဒါရိုက်တာကတော့ Indie Star Award ဆု ရရှိထားသူ ဖြစ်သလို Sundance Film Festival နဲ့ Palm Springs International Film Festival လို ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရှင်ပွဲတော်တွေကိုလည်း ဖိတ်ကြားခံရလေ့ရှိသူ ဒါရိုက်တာ ဟန်ဂျီဝန်းဖြစ်ပြီး ၂၀၅၀ ခုနှစ်ရဲ့ Sewoon Arcade နဲ့ Jamsu Bridge လို အထင်ကရနေရာတွေကို လှလှပပ ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတာ တွေ့ရပါတယ်။
"Lost in Starlight' ဇာတ်ကားကို Netflix မှာ လာမယ့် မေလ ၃၀ ရက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ကင္ေတးရီ နဲ႔ ဟုန္ေက်ာင္း Netflix ရဲ႕ ပထမဆုံး ကိုရီးယား ကာတြန္း႐ုပ္ရွင္မွာ အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထား
ေရာင္နီ (NP News) - ေမ ၃
ဧၿပီလ ၂၉ ရက္က Netflix က သူ႔ ရဲ႕ ပထမဆုံး ေတာင္ကိုရီးယား Animated ႐ုပ္ရွင္ျဖစ္တဲ့ "Lost in Starlight' အတြက္ ေၾကာ္ျငာပိုစတာ နမူနာကို ထုတ္ေဖာ္ျပသလာခဲ့ပါတယ္။
"Lost in Starlight' ဟာ ၂၀၅၀ ခုႏွစ္ အခ်ိန္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ကို ဇာတ္အိမ္တည္ထားပါတယ္။ အဂၤါၿဂိဳလ္ကို စူးစမ္းဖို႔ စိတ္ကူးယဥ္ေနတဲ့ အာကာသယာဥ္မႉး တနန္ေရာင္း အျဖစ္ ကင္ေတးရီက ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး မင္းသား ဟုန္ေက်ာင္းကေတာ့ နန္ေရာင္းရဲ႕ ခ်စ္သူ ေဂ်း အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ အျမည္းျပထားတဲ့ ပိုစတာမွာ နန္းေယာင္းနဲ႔ ေဂ်းတို႔ၾကား စိတ္ကူးယဥ္ဆန္တဲ့ အခိုက္အတန႔္ကို ပန္းေရာ ေနဝင္ခ်ိန္နဲ႔ အျပည့္အ၀ ေဖာ္ျပထားပါတယ္။ ဇာတ္ကား ဒါ႐ိုက္တာကေတာ့ Indie Star Award ဆု ရရွိထားသူ ျဖစ္သလို Sundance Film Festival နဲ႔ Palm Springs International Film Festival လို ဂုဏ္သိကၡာရွိတဲ့ ႐ုပ္ရွင္ပြဲေတာ္ေတြကိုလည္း ဖိတ္ၾကားခံရေလ့ရွိသူ ဒါ႐ိုက္တာ ဟန္ဂ်ီဝန္းျဖစ္ၿပီး ၂၀၅၀ ခုႏွစ္ရဲ႕ Sewoon Arcade နဲ႔ Jamsu Bridge လို အထင္ကရေနရာေတြကို လွလွပပ ကြက္ကြက္ကြင္းကြင္း ပုံေဖာ္ထားတာ ေတြ႕ရပါတယ္။
"Lost in Starlight' ဇာတ္ကားကို Netflix မွာ လာမယ့္ ေမလ ၃၀ ရက္မွာ ျပသသြားမယ္လို႔ သိရပါတယ္။