တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦး သေဆုံး

 2718

Pika(NP News) - စက်တင်ဘာ ၂၅

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhouပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် စက်တင်ဘာလ(၂၄) ရက်က မီးလောင်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Shanjiaoshu အမည်ရှိ ကျောက်မီးသွေးတွင်းတွင် စက်တင်ဘာလ(၂၄)ရက် နံနက်(၈)နာရီ (၁ဝ)မိနစ်အချိန်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Panzhou မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

၎င်းက "အစောပိုင်းဆုံးဖြတ်ချက်တွေအရတော့ ကျောက်မီးသွေးတွေကို သယ်ယူပို့ဆောင်ပေးတဲ့ conveyor belt က မီးလောင်ကျွမ်းခဲ့တာ ဖြစ်နိုင်ပါတယ်။ conveyor belt မီးလောင်ကျွမ်းပြီးတော့ လူ(၁၆)ဦး ပိတ်မိသွားခဲ့တာပါ" ဟု ပြောခဲ့သည်။ သို့သော်လည်း မီးလောင်မှု ဘာကြောင့်ဖြစ်ပွားရသည် ဆိုသည့်အချက်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။

၎င်းက "အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ မီးငြိမ်းသတ်မှုတွေကိုလုပ်ဆောင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာက အပူချိန်ကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပိတ်မိနေတဲ့ လူ(၁၆)ဦးဆီမှာ အသက်ရှင်တဲ့လက္ခဏာမျိုးတွေတော့ မတွေ့ခဲ့ရပါဘူး" ဟု ပြောခဲ့သည်။

Panzhou မြို့ရှိ ကျောက်မီးသွေးတွင်းသည် ဘေဂျင်းမြို့အနောက်တောင်ဘက် ကီလိုမီတာ (၃၆ဝဝ) အကွာတွင်ရှိ ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ေက်ာက္မီးေသြးတြင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၆)ဦး ေသဆုံး
Pika(NP News) - စက္တင္ဘာ ၂၅

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Guizhouျပည္နယ္ရွိ ေက်ာက္မီးေသြးတြင္းတစ္ခုတြင္ စက္တင္ဘာလ(၂၄) ရက္က မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၆)ဦးေသဆုံးခဲ့ေၾကာင္း ေဒသတြင္းတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Shanjiaoshu အမည္ရွိ ေက်ာက္မီးေသြးတြင္းတြင္ စက္တင္ဘာလ(၂၄)ရက္ နံနက္(၈)နာရီ (၁ဝ)မိနစ္အခ်ိန္က မီးေလာင္မႈစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း Panzhou ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားခဲ့သည္။

၎က "အေစာပိုင္းဆုံးျဖတ္ခ်က္ေတြအရေတာ့ ေက်ာက္မီးေသြးေတြကို သယ္ယူပို႔ေဆာင္ေပးတဲ့ conveyor belt က မီးေလာင္ကြၽမ္းခဲ့တာ ျဖစ္ႏိုင္ပါတယ္။ conveyor belt မီးေလာင္ကြၽမ္းၿပီးေတာ့ လူ(၁၆)ဦး ပိတ္မိသြားခဲ့တာပါ" ဟု ေျပာခဲ့သည္။ သို႔ေသာ္လည္း မီးေလာင္မႈ ဘာေၾကာင့္ျဖစ္ပြားရသည္ ဆိုသည့္အခ်က္ႏွင့္ပတ္သက္ေသာ အေသးစိတ္အခ်က္အလက္မ်ားကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးေၾကာင္း သိရသည္။

၎က "အေရးေပၚကယ္ဆယ္ေရးသမားေတြဟာ မီးၿငိမ္းသတ္မႈေတြကိုလုပ္ေဆာင္ခဲ့ၿပီး အခင္းျဖစ္ပြားရာေနရာက အပူခ်ိန္ကို ပုံမွန္အတိုင္းျပန္ျဖစ္ေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ပိတ္မိေနတဲ့ လူ(၁၆)ဦးဆီမွာ အသက္ရွင္တဲ့လကၡဏာမ်ိဳးေတြေတာ့ မေတြ႕ခဲ့ရပါဘူး" ဟု ေျပာခဲ့သည္။

Panzhou ၿမိဳ႕ရွိ ေက်ာက္မီးေသြးတြင္းသည္ ေဘဂ်င္းၿမိဳ႕အေနာက္ေတာင္ဘက္ ကီလိုမီတာ (၃၆ဝဝ) အကြာတြင္ရွိ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.