မကွေး၌ ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ(၁၃)ဦး ထိခိုက်ဒဏ်ရာရရှိ

 1373

စော(NP News) - စက်တင်ဘာ၂၇

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၆ ရက်)တွင် စေတုတ္တရာမြို့နယ်၊ ကျောက်မွဲကျေးရွာအနီး၊ ဆော-စေတုတ္တရာလမ်း၊ မိုင်တိုင်အမှတ် (၅၅/၅)နှင့် (၅၅/၆)ကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၈)ဦး စုစုပေါင်း (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို စေတုတ္တရာမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီးနှင့် မေတ္တာစေရာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၁)စီးနှင့် စေတုတ္တရာမြို့နယ်ဆေးရုံ လူနာတင်ယာဉ် (၁)စီးဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
မေကြး၌ ယာဥ္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ လူ(၁၃)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - စက္တင္ဘာ၂၇

မေကြးတိုင္း၊ မင္းဘူးခ႐ိုင္၊ ေစတုတၱရာၿမိဳ႕နယ္တြင္ ယာဥ္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ လူ (၁၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၂၆ ရက္)တြင္ ေစတုတၱရာၿမိဳ႕နယ္၊ ေက်ာက္မြဲေက်း႐ြာအနီး၊ ေဆာ-ေစတုတၱရာလမ္း၊ မိုင္တိုင္အမွတ္ (၅၅/၅)ႏွင့္ (၅၅/၆)ၾကားတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသူ အမ်ိဳးသား (၅)ဦးႏွင့္ အမ်ိဳးသမီး (၈)ဦး စုစုေပါင္း (၁၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး မစိုးရိမ္ရဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေစတုတၱရာၿမိဳ႕နယ္မီးသတ္စခန္းမွ အုပ္ခ်ဳပ္မႈယာဥ္(၁)စီးႏွင့္ ေမတၱာေစရာလူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္(၁)စီးႏွင့္ ေစတုတၱရာၿမိဳ႕နယ္ေဆး႐ုံ လူနာတင္ယာဥ္ (၁)စီးျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.