ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို လာမည့်သီတင်းပတ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရ ထုတ်ပြန်ကြေညာ

1240

Pika (NP News) - စက်တင်ဘာ ၂၉
ဂျပန်နိုင်ငံသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများအား ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို လာမည့်သီတင်းပတ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်း၏ အော်ပရေတာက ပြောကြားခဲ့သည်။
ဂျပန်အစိုးရသည် ရေဒီယိုသတ္တိကြွရေဆိုးစွန့်ပစ်မှုကို ပြီးခဲ့သည့်ဩဂုတ်လတွင် စတင်လုပ်ဆောင်ခဲ့ပြီး တရုတ် နှင့် အခြားနိုင်ငံများက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဩဂုတ်လ(၂၄)ရက်တွင် ဂျပန်နိုင်ငံသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုး တန်ချိန်ပေါင်း(၁ ဒသမ ၃၄) သန်းကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TEPCO ကုမ္ပဏီ က "ပထမဆုံးအကြိမ် စွန့်ပစ်မှုတွေလုပ်ပြီးနောက် စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပြီးပါပြီ။ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို အောက်တိုဘာလ(၅)ရက်မှာ စတင်လုပ်ဆောင်မှာပါ" ဟု ပြောခဲ့သည်။
ဂျပန်အစိုးရက ရေဒီယိုသတ္တိကြွရေဆိုးများကို ပထမဆုံးစွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ဂျပန်ထံမှ ပင်လယ်စာ တင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့သည်။ ဂျပန်၏ ရေဒီယိုသတ္တိကြွရေဆိုးပထမဆုံးစွန့်ပစ်မှုမှာ စက်တင်ဘာလ(၁၁)ရက်တွင် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဂျပန်နှင့်ဆက်ဆံရေး အေးခဲနေသော ရုရှားနိုင်ငံကလည်း ပင်လယ်စာတင်သွင်းမှုကို ပိတ်ပင်ရန် စဉ်းစား နေကြောင်း သိရသည်။ ပင်လယ်ထဲသို့ ရေဒီယိုသတ္တိကြွရေဆိုးစွန့်ပစ်မှုမှာ ဘေးကင်းကြောင်း TEPCO က ပြောဆိုခဲ့ပြီး အဆိုပါပြောဆိုချက်ကို ကုလသမဂ္ဂအဏုမြူအေဂျင်စီကလည်း ထောက်ခံခဲ့သည်။
တရုတ်နိုင်ငံသည် ဂျပန်မှ ပင်လယ်စာတင်သွင်းမှုများကို ပိတ်ပင်ထားသော်လည်း ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် ငါးဖမ်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်တွင် တရုတ်ငါးဖမ်းသင်္ဘောဟု ယူဆရသည့် ငါးဖမ်းသင်္ဘောများ ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် ဓါတ်ပုံများကို ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Rahm Emanuelက အွန်လိုင်းတွင် တင်ခဲ့ကြောင်း သိရသည်။
၎င်းက "စက်တင်ဘာလ(၁၅)ရက်မှာ တရုတ်ငါးဖမ်းသင်္ဘောတွေဟာ ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်းနေတာကို တွေ့ခဲ့ရပါတယ်။ တရုတ်က ပိတ်ပင်ထားတဲ့ ဂျပန်ရဲ့ပင်လယ်စာတွေကလည်း အဲဒီကမ်းလွန်ပင်လယ်ပြင်ကနေပဲ ရရှိတာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ေရဒီယိုသတၱိႂကြေရဆိုးမ်ား ပင္လယ္ထဲသို႔ ဒုတိယအႀကိမ္ေျမာက္စြန႔္ပစ္မႈကို လာမည့္သီတင္းပတ္အတြင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဂ်ပန္အစိုးရ ထုတ္ျပန္ေၾကညာ
Pika (NP News) - စက္တင္ဘာ ၂၉
ဂ်ပန္ႏိုင္ငံသည္ ဖူကူရွီးမားန်ဴကလီးယားဓါတ္အားေပးစက္႐ုံမွ ေရဒီယိုသတၱိႂကြေရဆိုးမ်ားအား ပင္လယ္ထဲသို႔ ဒုတိယအႀကိမ္ေျမာက္စြန႔္ပစ္မႈကို လာမည့္သီတင္းပတ္တြင္ စတင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ၎၏ ေအာ္ပေရတာက ေျပာၾကားခဲ့သည္။
ဂ်ပန္အစိုးရသည္ ေရဒီယိုသတၱိႂကြေရဆိုးစြန႔္ပစ္မႈကို ၿပီးခဲ့သည့္ဩဂုတ္လတြင္ စတင္လုပ္ေဆာင္ခဲ့ၿပီး တ႐ုတ္ ႏွင့္ အျခားႏိုင္ငံမ်ားက စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ဩဂုတ္လ(၂၄)ရက္တြင္ ဂ်ပန္ႏိုင္ငံသည္ ဖူကူရွီးမားန်ဴကလီးယားဓါတ္အားေပးစက္႐ုံမွ ေရဒီယိုသတၱိႂကြေရဆိုး တန္ခ်ိန္ေပါင္း(၁ ဒသမ ၃၄) သန္းကို ပင္လယ္ထဲသို႔ စတင္စြန႔္ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
TEPCO ကုမၸဏီ က "ပထမဆုံးအႀကိမ္ စြန႔္ပစ္မႈေတြလုပ္ၿပီးေနာက္ စစ္ေဆးမႈေတြကိုလည္း လုပ္ေဆာင္ၿပီးပါၿပီ။ ဒုတိယအႀကိမ္ေျမာက္စြန႔္ပစ္မႈကို ေအာက္တိုဘာလ(၅)ရက္မွာ စတင္လုပ္ေဆာင္မွာပါ" ဟု ေျပာခဲ့သည္။
ဂ်ပန္အစိုးရက ေရဒီယိုသတၱိႂကြေရဆိုးမ်ားကို ပထမဆုံးစြန႔္ပစ္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံသည္ ဂ်ပန္ထံမွ ပင္လယ္စာ တင္သြင္းမႈအားလုံးကို ပိတ္ပင္ခဲ့သည္။ ဂ်ပန္၏ ေရဒီယိုသတၱိႂကြေရဆိုးပထမဆုံးစြန႔္ပစ္မႈမွာ စက္တင္ဘာလ(၁၁)ရက္တြင္ ၿပီးဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဂ်ပန္ႏွင့္ဆက္ဆံေရး ေအးခဲေနေသာ ႐ုရွားႏိုင္ငံကလည္း ပင္လယ္စာတင္သြင္းမႈကို ပိတ္ပင္ရန္ စဥ္းစား ေနေၾကာင္း သိရသည္။ ပင္လယ္ထဲသို႔ ေရဒီယိုသတၱိႂကြေရဆိုးစြန႔္ပစ္မႈမွာ ေဘးကင္းေၾကာင္း TEPCO က ေျပာဆိုခဲ့ၿပီး အဆိုပါေျပာဆိုခ်က္ကို ကုလသမဂၢအဏုျမဴေအဂ်င္စီကလည္း ေထာက္ခံခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ဂ်ပန္မွ ပင္လယ္စာတင္သြင္းမႈမ်ားကို ပိတ္ပင္ထားေသာ္လည္း ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္တြင္ ငါးဖမ္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္စက္တင္ဘာလ(၁၅)ရက္တြင္ တ႐ုတ္ငါးဖမ္းသေဘၤာဟု ယူဆရသည့္ ငါးဖမ္းသေဘၤာမ်ား ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္တြင္ ငါးဖမ္းေနသည့္ ဓါတ္ပုံမ်ားကို ဂ်ပန္ႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ႀကီး Rahm Emanuelက အြန္လိုင္းတြင္ တင္ခဲ့ေၾကာင္း သိရသည္။
၎က "စက္တင္ဘာလ(၁၅)ရက္မွာ တ႐ုတ္ငါးဖမ္းသေဘၤာေတြဟာ ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္မွာ ငါးဖမ္းေနတာကို ေတြ႕ခဲ့ရပါတယ္။ တ႐ုတ္က ပိတ္ပင္ထားတဲ့ ဂ်ပန္ရဲ႕ပင္လယ္စာေတြကလည္း အဲဒီကမ္းလြန္ပင္လယ္ျပင္ကေနပဲ ရရွိတာပါ" ဟု ေျပာခဲ့သည္။