ကျောက်တံခါးမြို့နယ်ရှိ ဓာတ်အားတိုင်များကို KNU၊ PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဟု ရဲတပ်ဖွဲ့ပြော

 2113

NP News - စက်တင်ဘာ ၃၀
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင်များကို KNU၊ PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာ ၂၆ရက်၊ ည ၉နာရီ ၄၅မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအနီး၊ အနန်းဘော်-ရွာသာယာကျေးရွာသွားလမ်းဘေးရှိ ပဲနွယ်ကုန်း-ကျောက်ကြီးသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားတိုင်များအား KNU၊ PDFပူးပေါင်းအဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အားတိုင်များရှိ 33 KV ဓာတ်အားလိုင်း ၁၂မီတာ ကွန်ကရစ်လျှပ်စစ်ဓာတ်အားလိုင်းတိုင် (၄)တိုင်၊ စင်(၂)ခုနှင့် (၁၂)မီတာ ကွန်ကရစ်ဓာတ်အားတိုင် (၃)တိုင်၊ စင်(၁)ခုတို့တွင် အောက်ခြေတိုင်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဓာတ်တိုင်ခြေရင်း၌ ယမ်းများအပြည့်ထည့်ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် အမြင့် ၁ပေခွဲ၊ အဝအကျယ် ၆လက်မခန့် အဝါရောင်ကော်ပုံးအတွင်း ယမ်းများအပြည့်ထည့်ထားသည့် လက်လုပ်မိုင်း တစ်လုံးတို့အား ထပ်မံတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၇ရက်၊ နံနက် ၆နာရီ ၁၅မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ခိုလုံကျေးရွာနှင့် ကျောက်တံခါးမြို့ကြားရှိ သာယာကုန်း-တောင်ငူအမှတ်(၂)မဟာဓာတ်အားလိုင်းတိုင်အမှတ်(၂၄၄) 230KVအား PDFအဖွဲ့က မိုင်းထောင်ဖောက်ခွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖောက်ခွဲမှုကြောင့် အဆိုပါတာဝါတိုင်၏ အောက်ခြေတိုင်(၃)တိုင် ကျိုးကျကာ POGWကြိုးတစ်ချောင်း ပြတ်ကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ပျက်စီးသွားသည့်လျှပ်စစ်ဓာတ်အားတိုင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖောက်ခွဲမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version

ေက်ာက္တံခါးၿမိဳ႕နယ္ရွိ ဓာတ္အားတိုင္မ်ားကို KNU၊ PDFပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဟု ရဲတပ္ဖြဲ႕ေျပာ

NP News - စက္တင္ဘာ ၃၀
ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္အားတိုင္မ်ားကို KNU၊ PDFပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ စက္တင္ဘာ ၂၆ရက္၊ ည ၉နာရီ ၄၅မိနစ္အခ်ိန္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္၊ အနန္းေဘာ္ေက်း႐ြာအနီး၊ အနန္းေဘာ္-႐ြာသာယာေက်း႐ြာသြားလမ္းေဘးရွိ ပဲႏြယ္ကုန္း-ေက်ာက္ႀကီးသို႔ သြယ္တန္းထားသည့္ လွ်ပ္စစ္ဓာတ္အားတိုင္မ်ားအား KNU၊ PDFပူးေပါင္းအဖြဲ႕က ေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဖာက္ခြဲဖ်က္ဆီးမႈေၾကာင့္ လွ်ပ္စစ္ဓာတ္အားတိုင္မ်ားရွိ 33 KV ဓာတ္အားလိုင္း ၁၂မီတာ ကြန္ကရစ္လွ်ပ္စစ္ဓာတ္အားလိုင္းတိုင္ (၄)တိုင္၊ စင္(၂)ခုႏွင့္ (၁၂)မီတာ ကြန္ကရစ္ဓာတ္အားတိုင္ (၃)တိုင္၊ စင္(၁)ခုတို႔တြင္ ေအာက္ေျခတိုင္အခ်ိဳ႕ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဓာတ္တိုင္ေျခရင္း၌ ယမ္းမ်ားအျပည့္ထည့္ထားသည့္ လက္လုပ္မိုင္းတစ္လုံးႏွင့္ အျမင့္ ၁ေပခြဲ၊ အဝအက်ယ္ ၆လက္မခန႔္ အဝါေရာင္ေကာ္ပုံးအတြင္း ယမ္းမ်ားအျပည့္ထည့္ထားသည့္ လက္လုပ္မိုင္း တစ္လုံးတို႔အား ထပ္မံေတြ႕ရွိခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ဖယ္ရွားရွင္းလင္းခဲ့ရေၾကာင္း သိရသည္။

အလားတူ စက္တင္ဘာ ၂၇ရက္၊ နံနက္ ၆နာရီ ၁၅မိနစ္အခ်ိန္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္၊ ခိုလုံေက်း႐ြာႏွင့္ ေက်ာက္တံခါးၿမိဳ႕ၾကားရွိ သာယာကုန္း-ေတာင္ငူအမွတ္(၂)မဟာဓာတ္အားလိုင္းတိုင္အမွတ္(၂၄၄) 230KVအား PDFအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ေဖာက္ခြဲမႈေၾကာင့္ အဆိုပါတာဝါတိုင္၏ ေအာက္ေျခတိုင္(၃)တိုင္ က်ိဳးက်ကာ POGWႀကိဳးတစ္ေခ်ာင္း ျပတ္က်ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ပ်က္စီးသြားသည့္လွ်ပ္စစ္ဓာတ္အားတိုင္မ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ျပန္လည္ျပဳႏိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး ေဖာက္ခြဲမႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

30/09/2023 18:40

မီးပြက်အောင်လုပ်တဲကိုယိမေကိုယ်လိုးအကြမိးဖက်များနဲ့မီးပျက်ရက်ဆဲနေတဲချေးစားခွေးတွေဒါကမီးပျက်ရတဲ့အကြောင်းတည်းကအသေးအမွှားတစ်ခုဘဲဆိုတာချေးစားခွေးတွေနားလည်ကြ

Related news

© 2021. All rights reserved.