မဟာအောင်မြေမြို့နယ်၌ အမျိုးသားတစ်ဦး အရိုက်ခံရ၍ မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိ

1135
စော(NP News) - အောက်တိုဘာ ၁
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသားတစ်ဦး အရိုက်ခံရ၍ မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၃၀ ရက်)၊ ည (၉)နာရီဝန်းကျင်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ (၃၉)လမ်း၊ ၈၀x၈၁လမ်းကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“အကြောင်းစုံကတော့ မသိရဘူး။ ရိုက်မှုဖြစ်တယ်လို့ပဲပြောတယ်။ ပစ္စည်းအလုခံရတာလို့တော့ ပြောသံမကြားမိဘူး။ မျက်နှာမှာပဲ ဒဏ်ရာတွေရသွားပါတယ်။ အခြားနေရာတော့ မတွေ့ပါဘူး”ဟု မဟာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါ အမျိုးသားအား လက်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ၎င်းအသင်းက ပြောသည်။
အလားတူ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ်ကစားကွင်းအနီး၌ ပြီးခဲ့သည့် (စက်တင်ဘာလ ၂၆ရက်)တွင် အသက် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
zawgyi version
မဟာေအာင္ေျမၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦး အ႐ိုက္ခံရ၍ မ်က္ႏွာတြင္ ထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - ေအာက္တိုဘာ ၁
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး အ႐ိုက္ခံရ၍ မ်က္ႏွာတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၃၀ ရက္)၊ ည (၉)နာရီဝန္းက်င္အခ်ိန္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၃၉)လမ္း၊ ၈၀x၈၁လမ္းၾကား၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မဟာလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
“အေၾကာင္းစုံကေတာ့ မသိရဘူး။ ႐ိုက္မႈျဖစ္တယ္လို႔ပဲေျပာတယ္။ ပစၥည္းအလုခံရတာလို႔ေတာ့ ေျပာသံမၾကားမိဘူး။ မ်က္ႏွာမွာပဲ ဒဏ္ရာေတြရသြားပါတယ္။ အျခားေနရာေတာ့ မေတြ႕ပါဘူး”ဟု မဟာလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
အဆိုပါ အမ်ိဳးသားအား လက္ရွိ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း ၎အသင္းက ေျပာသည္။
အလားတူ မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၿမိဳ႕ေတာ္ဥယ်ာဥ္ကစားကြင္းအနီး၌ ၿပီးခဲ့သည့္ (စက္တင္ဘာလ ၂၆ရက္)တြင္ အသက္ (၂၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဦးေခါင္းထိခိုက္ဒဏ္ရာျဖင့္ ေသဆုံးမႈျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။