တောင်ကိုရီးယားနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုနှုန်းတွေ စက်တင်ဘာလအတွင်း အနည်းငယ်ကျဆင်းလာနေ

755

ရောင်နီ (NP News) - အောက်တိုဘာ ၂
တောင်ကိုရီးယားနိုင်ငံရဲ့ပို့ကုန်စျေးကွက်ဟာ စက်တင်ဘာလအတွင်း စျေးကွက်ဆိုင်ရာမျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး အရင်လတွေကထက် အရှိန်နှေးကွေးလာကာ တစ်နှစ်တာရဲ့အနည်းဆုံး ကျဆင်းမှု ဖြစ်လာခဲ့ပါတယ်။
အာရှရဲ့ စတုတ္ထအကြီးဆုံးစီးပွားရေးဖြစ်တဲ့ တောင်ကိုရီးယားရဲ့ပြည်ပပို့ဆောင်ရောင်းအားဟာ ယခင်နှစ်ကထက် ဒေါ်လာ ၅၄.၆၆ ဘီလျံ (၄.၄ ရာခိုင်နှုန်း) ကျဆင်းသွားပြီး ဒီလို ပို့ကုန်ကျဆင်းမှုဟာ ၁၂ လဆက်တိုက်ဖြစ်ခဲ့တယ်လို့ အစီရင်ခံချက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံကို တင်ပို့မှုဟာ ၁၁ လအတွင်း အနှေးကွေးဆုံးဖြစ်လာခဲ့ပြီး အမေရိကန်နဲ့ ဥရောပတွေကို တင်ပို့မှုတွေ ကတော့ အနည်းငယ်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုဟာ တစ်နှစ်အတွင်း အနှေး ကွေးဆုံးဖြစ်ပြီး ၁၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် မော်တော်ကားတင်ပို့မှုနဲ့ စက်ယန္တရား တင်ပို့မှုတွေ ကတော့ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ၉ ဒသမ ၈ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
သွင်းကုန်တင်သွင်းမှုကတော့ ၁၆ ဒသမ ၅ ရာခိုင်နှုန်း(ဒေါ်လာ ၅ဝ.၉၆ ဘီလျံ) ထိ ကျဆင်းသွားခဲ့ပြီး ယခင်လက ခပ်ပါးပါးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ဂျပန်ရဲ့နျူကလီးယားရေဆိုးတွေ ပင်လယ်ထဲ စွန့်ထုတ်ခြင်းနဲ့ ပဠိပက္ခတွေကြား ကိုဗစ်အလွန် စီးပွားရေးပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား အတွက် အခုလို ပို့ကုန်၊ သွင်းကုန်နှုန်းကျဆင်းမှုတွေဟာ စိန်ခေါ်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ပို႔ကုန္တင္ပို႔မႈႏႈန္းေတြ စက္တင္ဘာလအတြင္း အနည္းငယ္က်ဆင္းလာေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ပို႔ကုန္ေစ်းကြက္ဟာ စက္တင္ဘာလအတြင္း ေစ်းကြက္ဆိုင္ရာေမွ်ာ္မွန္းခ်က္ေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနၿပီး အရင္လေတြကထက္ အရွိန္ေႏွးေကြးလာကာ တစ္ႏွစ္တာရဲ႕အနည္းဆုံး က်ဆင္းမႈ ျဖစ္လာခဲ့ပါတယ္။
အာရွရဲ႕ စတုတၳအႀကီးဆုံးစီးပြားေရးျဖစ္တဲ့ ေတာင္ကိုရီးယားရဲ႕ျပည္ပပို႔ေဆာင္ေရာင္းအားဟာ ယခင္ႏွစ္ကထက္ ေဒၚလာ ၅၄.၆၆ ဘီလ်ံ (၄.၄ ရာခိုင္ႏႈန္း) က်ဆင္းသြားၿပီး ဒီလို ပို႔ကုန္က်ဆင္းမႈဟာ ၁၂ လဆက္တိုက္ျဖစ္ခဲ့တယ္လို႔ အစီရင္ခံခ်က္ေတြအရ သိရပါတယ္။
တ႐ုတ္ႏိုင္ငံကို တင္ပို႔မႈဟာ ၁၁ လအတြင္း အေႏွးေကြးဆုံးျဖစ္လာခဲ့ၿပီး အေမရိကန္နဲ႔ ဥေရာပေတြကို တင္ပို႔မႈေတြ ကေတာ့ အနည္းငယ္ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။ တစ္ပိုင္းလွ်ပ္ကူးပစၥည္းတင္ပို႔မႈဟာ တစ္ႏွစ္အတြင္း အေႏွး ေကြးဆုံးျဖစ္ၿပီး ၁၃.၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့ပါတယ္။ ဒါေပမယ့္ ေမာ္ေတာ္ကားတင္ပို႔မႈနဲ႔ စက္ယႏၲရား တင္ပို႔မႈေတြ ကေတာ့ ၉ ဒသမ ၅ ရာခိုင္ႏႈန္း၊ ၉ ဒသမ ၈ ရာခိုင္ႏႈန္းစီ ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။
သြင္းကုန္တင္သြင္းမႈကေတာ့ ၁၆ ဒသမ ၅ ရာခိုင္ႏႈန္း(ေဒၚလာ ၅ဝ.၉၆ ဘီလ်ံ) ထိ က်ဆင္းသြားခဲ့ၿပီး ယခင္လက ခပ္ပါးပါးက်ဆင္းခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ၊ ဂ်ပန္ရဲ႕န်ဴကလီးယားေရဆိုးေတြ ပင္လယ္ထဲ စြန္႔ထုတ္ျခင္းနဲ႔ ပဠိပကၡေတြၾကား ကိုဗစ္အလြန္ စီးပြားေရးျပန္လည္ထူေထာင္ဖို႔ ႀကိဳးပမ္းေနတဲ့ ေတာင္ကိုရီးယား အတြက္ အခုလို ပို႔ကုန္၊ သြင္းကုန္ႏႈန္းက်ဆင္းမႈေတြဟာ စိန္ေခၚမႈတစ္ရပ္လို႔ ဆိုႏိုင္ပါတယ္။