Provider Purchaser Split စနစ်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ပူးပေါင်းဆောင်ရွက်ရန် လူမှုဖူလုံရေးအဖွဲ့ဖိတ်ခေါ်

 850

Pearl (NP News) - စက်တင်ဘာ ၄

လူမှုဖူလုံရေးအာမခံလုပ်သားများအတွက် ရွေ့လျားဆေးကုသယာဉ်များ အသုံးပြုကာ Provider Purchaser Split စနစ်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်လိုသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို လူမှုဖူလုံရေးအဖွဲ့က ဖိတ်ခေါ်ထားသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ယနေ့ (အောက်တိုဘာလ ၄ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာမှတဆင့် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပုဂ္ဂလိကကဏ္ဍဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှုရယူရန် ခက်ခဲသည့်နေရာဒေသများ၊ ဝန်ဆောင်မှုလိုအပ်ချက်ရှိသည့် နေရာဒေသများနှင့် အလုပ်ဌာနများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit အသုံးပြုကာ Provider Purchaser Split စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေရာ လူမှုဖူလုံရေးအဖွဲ့မှ ရေးဆွဲပေးသောခရီးစဉ်အား သတ်မှတ်ချက်များနှင့်အညီ ပူး‌ပေါင်းဆောင်ရွက်နိုင်သည့် ဆေးကုသခွင့်လိုင်စင်၊ ဓာတ်ခွဲခန်းလိုင်စင်ရှိသောလုပ်ငန်းအတွေ့အကြုံရှိသည့် ပုဂ္ဂလိကဆေးကုသမှုဝန်ဆောင်မှုပေးသူများအား ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

"Provider Purchaser Split စနစ်က စနေပြီ။ လက်ရှိ လုပ်နေတဲ့နေရာမှာ လစ်လပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကိုခေါ်တာပါ" ဟု လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

Provider Purchaser Split စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆေးရုံ၊ ဆေးခန်းများသည် မြင်းခြံ ၊ ဒိုက်ဦး ၊ ကောလင်း ၊ ကသာ ၊ စစ်ကိုင်း ၊ ကလေး ၊ ဆားလင်းကြီး ၊ ဝါးခယ်မ ၊ မြန်အောင် ၊ ပုသိမ် ၊ ထုံးဘို ၊ ဘိုကလေး ၊ ဟင်္သာတ၊ ကြံခင်း ၊ မောင်းမြ၊ မော်လမြိုင်ကျွန်းမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

zawgyi version
Provider Purchaser Split စနစ္ျဖင့္ က်န္းမာေရးဝန္ေဆာင္မႈမ်ားအတြက္ ပုဂၢလိကေဆး႐ုံ၊ဆးခန္းမ်ား ပူးေပါင္းေဆာင္႐ြက္ရန္ လူမႈဖူလုံေရးအဖြဲ႕ဖိတ္ေခၚ
Pearl (NP News) - စက္တင္ဘာ ၄

လူမႈဖူလုံေရးအာမခံလုပ္သားမ်ားအတြက္ ေ႐ြ႕လ်ားေဆးကုသယာဥ္မ်ား အသုံးျပဳကာ Provider Purchaser Split စနစ္ျဖင့္ က်န္းမာေရးဝန္ေဆာင္မႈမ်ားေဆာင္႐ြက္လ်က္ရွိရာ ပူးေပါင္းေဆာင္႐ြက္လိုသည့္ ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းမ်ားကို လူမႈဖူလုံေရးအဖြဲ႕က ဖိတ္ေခၚထားသည္။

အလုပ္သမားဝန္ႀကီးဌာန၊ လူမႈဖူလုံေရးအဖြဲ႕က ယေန႔ (ေအာက္တိုဘာလ ၄ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမွတဆင့္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လူမႈဖူလုံေရးအဖြဲ႕အေနျဖင့္ အက်ဳံးဝင္အာမခံအလုပ္သမားမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈကို ပုဂၢလိကက႑ျဖင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါ အာမခံအလုပ္သမားမ်ား၏ က်န္းမာေရးဝန္ေဆာင္မႈရယူရန္ ခက္ခဲသည့္ေနရာေဒသမ်ား၊ ဝန္ေဆာင္မႈလိုအပ္ခ်က္ရွိသည့္ ေနရာေဒသမ်ားႏွင့္ အလုပ္ဌာနမ်ားအေရာက္ က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္းကို ေ႐ြ႕လ်ားေဆးကုသယာဥ္ Mobile Medical Unit အသုံးျပဳကာ Provider Purchaser Split စနစ္ျဖင့္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ေနရာ လူမႈဖူလုံေရးအဖြဲ႕မွ ေရးဆြဲေပးေသာခရီးစဥ္အား သတ္မွတ္ခ်က္မ်ားႏွင့္အညီ ပူး‌ေပါင္းေဆာင္႐ြက္ႏိုင္သည့္ ေဆးကုသခြင့္လိုင္စင္၊ ဓာတ္ခြဲခန္းလိုင္စင္ရွိေသာလုပ္ငန္းအေတြ႕အႀကဳံရွိသည့္ ပုဂၢလိကေဆးကုသမႈဝန္ေဆာင္မႈေပးသူမ်ားအား ပူးေပါင္းေဆာင္႐ြက္ရန္ ဖိတ္ေခၚလ်က္ရွိေၾကာင္း သိရသည္။

"Provider Purchaser Split စနစ္က စေနၿပီ။ လက္ရွိ လုပ္ေနတဲ့ေနရာမွာ လစ္လပ္ေနတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြကိုေခၚတာပါ" ဟု လူမႈဖူလုံေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

Provider Purchaser Split စနစ္ျဖင့္ ပူးေပါင္းေဆာင္႐ြက္လိုသည့္ ေဆး႐ုံ၊ ေဆးခန္းမ်ားသည္ ျမင္းၿခံ ၊ ဒိုက္ဦး ၊ ေကာလင္း ၊ ကသာ ၊ စစ္ကိုင္း ၊ ကေလး ၊ ဆားလင္းႀကီး ၊ ဝါးခယ္မ ၊ ျမန္ေအာင္ ၊ ပုသိမ္ ၊ ထုံးဘို ၊ ဘိုကေလး ၊ ဟသၤာတ၊ ႀကံခင္း ၊ ေမာင္းျမ၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ႏွင့္ လြိဳင္ေကာ္ၿမိဳ႕နယ္တို႔ရွိ ၿမိဳ႕နယ္လူမႈဖူလုံေရး႐ုံးမ်ားတြင္ ဆက္သြယ္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.