ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဒုံးကျည်ထောင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ပွဲတစ်ခုကိုစတင်ခဲ့ကြောင်း အစ္စရေးအစိုးရပြော

4592
Pika (NP News) - အောက်တိုဘာ ၇
အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်သည် အောက်တိုဘာလ(၇)ရက်တွင် စစ်ပွဲအတွက် သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဟားမတ်စ်စစ်သွေးကြွအဖွဲ့များသည် နိုင်ငံတောင်ဘက်ရှိ နေရာအများအပြားမှ အစ္စရေးနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က "ဟားမတ်စ်စစ်သွေးကြွအဖွဲ့ဟာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အားလုံးအတွက် တာဝန်ရှိပြီး အကျိုးဆက်တွေကို ရင်ဆိုင်သွားရမှာပါ"ဟု ပြောဆိုထားသည်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို ဂျာမနီ၊ ဥရောပသမဂ္ဂ၊ အမေရိကန် နှင့် အာရပ်နိုင်ငံအချို့က အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်းလည်းသိရသည်။ ဟားမတ်စ်စစ်သွေးကြွအဖွဲ့သည် အစ္စရေးနိုင်ငံကို စစ်ပွဲဆင်နွှဲခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကပြောကြားခဲ့သည်။
၎င်းက "အစ္စရေးစစ်သားတွေဟာ နေရာတိုင်းမှာ ရန်သူတွေကို တိုက်ခိုက်နေပါတယ်။ လုံခြုံရေးညွှန်ကြားချက်တွေကို လိုက်နာဖို့ အစ္စရေးပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ဒီစစ်ပွဲကို အစ္စရေးကနိုင်မှာပါ"ဟု ပြောဆိုထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant သည် အရန်စစ်သားများကို စုဆောင်းရန်အတွက် အတည်ပြုပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကပြောကြားခဲ့သည်။ စစ်မှုထမ်းပြီးသွားသော နိုင်ငံသားများကို အရေးပေါ်အခြေအနေများတွင် ကူညီပေးရန်အတွက် အရန်တပ်ဖွဲ့များတွင် တာဝန်ပေးထားကြောင်းလည်း သိရသည်။
အောက်တိုဘာလ(၇)ရက်နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံကို ဒုံးကျည်အစင်းရေ(၅)ထောင်ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့ အကြီးတန်းတပ်မှူး Mohammad Deif က ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းက "အစ္စရေးရဲ့ လုပ်ရပ်တွေကို တော်လောက်ပြီလို့ပြောဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်တို့ အစ္စရေးကို ဒုံးကျည်အစင်းရေ(၅)ထောင်ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏ နေရာများကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က "အစ္စရေးစစ်ဦးစီးချုပ်တွေဟာ အကဲ ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး စစ်တပ်အတွက် နောက်ထပ်အစီအစဉ်တွေကို အတည်ပြုပေးနေပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ကာကွယ်သွားမှာပါ၊၊"ဟုပြောဆိုခဲ့သည်။

zawgyi version
ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕က ဒုံးက်ည္ေထာင္ေပါင္းမ်ားစြာနဲ႔ ပစ္ခတ္တိုက္ခိုက္ကာ စစ္ပြဲတစ္ခုကိုစတင္ခဲ့ေၾကာင္း အစၥေရးအစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၇
အစၥလာမ္မစ္စစ္ေသြးႂကြအဖြဲ႕ ဟားမတ္စ္သည္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္သည္ ေအာက္တိုဘာလ(၇)ရက္တြင္ စစ္ပြဲအတြက္ သတိေပးခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။
ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕မ်ားသည္ ႏိုင္ငံေတာင္ဘက္ရွိ ေနရာအမ်ားအျပားမွ အစၥေရးႏိုင္ငံတြင္းသို႔ ဝင္ေရာက္လာခဲ့ၾကေၾကာင္း အစၥေရးစစ္တပ္က ေျပာၾကားခဲ့သည္။
အစၥေရးစစ္တပ္က "ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕ဟာ ဒုံးက်ည္နဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ အားလုံးအတြက္ တာဝန္ရွိၿပီး အက်ိဳးဆက္ေတြကို ရင္ဆိုင္သြားရမွာပါ"ဟု ေျပာဆိုထားသည္။
ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕ကို ဂ်ာမနီ၊ ဥေရာပသမဂၢ၊ အေမရိကန္ ႏွင့္ အာရပ္ႏိုင္ငံအခ်ိဳ႕က အၾကမ္း ဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားေၾကာင္းလည္းသိရသည္။ ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕သည္ အစၥေရးႏိုင္ငံကို စစ္ပြဲဆင္ႏႊဲခဲ့ေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant ကေျပာၾကားခဲ့သည္။
၎က "အစၥေရးစစ္သားေတြဟာ ေနရာတိုင္းမွာ ရန္သူေတြကို တိုက္ခိုက္ေနပါတယ္။ လုံၿခဳံေရးၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ အစၥေရးျပည္သူေတြကို တိုက္တြန္းထားပါတယ္။ ဒီစစ္ပြဲကို အစၥေရးကႏိုင္မွာပါ"ဟု ေျပာဆိုထားသည္။
အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant သည္ အရန္စစ္သားမ်ားကို စုေဆာင္းရန္အတြက္ အတည္ျပဳၿပီးျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးကေျပာၾကားခဲ့သည္။ စစ္မႈထမ္းၿပီးသြားေသာ ႏိုင္ငံသားမ်ားကို အေရးေပၚအေျခအေနမ်ားတြင္ ကူညီေပးရန္အတြက္ အရန္တပ္ဖြဲ႕မ်ားတြင္ တာဝန္ေပးထားေၾကာင္းလည္း သိရသည္။
ေအာက္တိုဘာလ(၇)ရက္နံနက္ပိုင္းတြင္ အစၥေရးႏိုင္ငံကို ဒုံးက်ည္အစင္းေရ(၅)ေထာင္ခန႔္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕ အႀကီးတန္းတပ္မႉး Mohammad Deif က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
၎က "အစၥေရးရဲ႕ လုပ္ရပ္ေတြကို ေတာ္ေလာက္ၿပီလို႔ေျပာဖို႔ ကြၽန္ေတာ္တို႔ဆုံးျဖတ္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔ အစၥေရးကို ဒုံးက်ည္အစင္းေရ(၅)ေထာင္ခန႔္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္"ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ အစၥေရးစစ္တပ္သည္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမတ္စ္စစ္ေသြးႂကြအဖြဲ႕၏ ေနရာမ်ားကို ျပန္လည္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အစၥေရးစစ္တပ္က "အစၥေရးစစ္ဦးစီးခ်ဳပ္ေတြဟာ အကဲ ျဖတ္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး စစ္တပ္အတြက္ ေနာက္ထပ္အစီအစဥ္ေတြကို အတည္ျပဳေပးေနပါတယ္။ ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္ကာကြယ္သြားမွာပါ၊၊"ဟုေျပာဆိုခဲ့သည္။