ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

1105
သန့်ဇင် (NP News) - အောက်တိုဘာ ၈
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) ညပိုင်းမှစတင်ကာ ပဲခူးမြို့၌ မိုးအ ဆက်မပျက်ရွာသွန်းမှုများနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ညီညွတ်ခြင်း ပရဟိတလူမှုကူညီရေး အသင်းထံမှ သိရသည်။
“မိုးရွာသွန်းမှုနဲ့ ပဲခူးမြစ်ရေကြောင့် ရေတွေကတော့တက်လာတယ်ဗျ။ မိုးကလဲ(၂)ရက်(၃)ရက်လောက်ကို တောက်လျှောက်ရွာနေတာပါ။ ရေတွေက တော့ ကျွန်တော်တို့ဘက်မှာက အနိမ့်ပိုင်းတော်တော်များကိုပဲ ရေဝင်ရောက်မှုက ရှိနေတယ်။ အိမ်တွေတော်တော်များများလဲ ရွှေ့ပြောင်းနေရပါတယ်” ဟု ညီညွတ်ခြင်းပရဟိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ပဲခူးမြို့ရှိ ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ် နှင့် အခြားအနိမ့်ပိုင်း ရပ်ကွက် (၁၀)ခုထပ်မနည်း ရေဝင်ရောက်မှုများရှိနေပြီး ကားလမ်းများပေါ်တွင်လည်း ရေဝင်ရောက်မှုများကြောင့် ကားများ ဖြတ်သန်း၍ မရသေးကြောင်း သိရသည်။
“ခုလက်ရှိအချိန်ထိ ရေကတစိမ့်စိမ့်ဝင်နေတုန်းပဲဗျ။ ကူညီကယ်ဆယ်ရေးတွေကိုလဲ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ အမြင့်ပိုင်းတွေနဲ့ ဘေးလွတ်ရာတွေမှာ ကူညီကယ်ဆယ်ရေးစခန်းတွေလုပ်ပြီး ကူညီနေပါတယ်ဗျ။ အခုလဲ အနိမ့်ပိုင်းဒေသက အိမ်ခြေတွေကို အရန်သင့် စားရမဲ့အစားစားတွေနဲ့ ရေသန့်တွေလှူဒန်းမှုတွေလုပ်ဆောင်နေပါတယ်” ဟု အထက်ပါ လူမှုကူညီရေးအသင်းမှ ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်လာမှုနှင့်အတူ ပဲခူးမြို့အတွင်းသို့ရေဝင်ရောက်မှုများရှိနေပြီး ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၈ ရက်)၊ နံနက် ၆နာရီခွဲတိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်ထက်သို့ (၁)ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့်ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
ထို့ကြောင့် ပဲခူးမြို့ရှိ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ထို့ပြင် ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၉)မီနီတိုးဂိတ်တွင် မိုးရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပဲခူးၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈ ႏွင့္ ျမစ္ေရျမင့္တက္မႈေၾကာင့္ ေျမနိမ့္ပိုင္းရပ္ကြက္မ်ား၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေန
သန္႔ဇင္ (NP News) - ေအာက္တိုဘာ ၈
ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္ ျမစ္ေရျမင့္တက္မႈေၾကာင့္ ေျမနိမ့္ပိုင္းရပ္ကြက္မ်ား၌ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။
ယမန္ေန႔ (ေအာက္တိုဘာလ ၇ ရက္) ညပိုင္းမွစတင္ကာ ပဲခူးၿမိဳ႕၌ မိုးအ ဆက္မပ်က္႐ြာသြန္းမႈမ်ားႏွင့္ ပဲခူးျမစ္ေရျမင့္တက္လာမႈမ်ားေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနေၾကာင္း ညီၫြတ္ျခင္း ပရဟိတလူမႈကူညီေရး အသင္းထံမွ သိရသည္။
“မိုး႐ြာသြန္းမႈနဲ႔ ပဲခူးျမစ္ေရေၾကာင့္ ေရေတြကေတာ့တက္လာတယ္ဗ်။ မိုးကလဲ(၂)ရက္(၃)ရက္ေလာက္ကို ေတာက္ေလွ်ာက္႐ြာေနတာပါ။ ေရေတြက ေတာ့ ကြၽန္ေတာ္တို႔ဘက္မွာက အနိမ့္ပိုင္းေတာ္ေတာ္မ်ားကိုပဲ ေရဝင္ေရာက္မႈက ရွိေနတယ္။ အိမ္ေတြေတာ္ေတာ္မ်ားမ်ားလဲ ေ႐ႊ႕ေျပာင္းေနရပါတယ္” ဟု ညီၫြတ္ျခင္းပရဟိတ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ပဲခူးၿမိဳ႕ရွိ ကြၽန္းသာယာ၊ မဇင္း၊ ကလ်ာဏီ၊ ဇိုင္းေတာင္၊ ေက်ာက္ႀကီးစု၊ ၿမိဳ႕သစ္ ႏွင့္ အျခားအနိမ့္ပိုင္း ရပ္ကြက္ (၁၀)ခုထပ္မနည္း ေရဝင္ေရာက္မႈမ်ားရွိေနၿပီး ကားလမ္းမ်ားေပၚတြင္လည္း ေရဝင္ေရာက္မႈမ်ားေၾကာင့္ ကားမ်ား ျဖတ္သန္း၍ မရေသးေၾကာင္း သိရသည္။
“ခုလက္ရွိအခ်ိန္ထိ ေရကတစိမ့္စိမ့္ဝင္ေနတုန္းပဲဗ်။ ကူညီကယ္ဆယ္ေရးေတြကိုလဲ တိုင္းေဒသႀကီးအစိုးရရဲ႕ စီမံခန႔္ခြဲမႈနဲ႔ အျမင့္ပိုင္းေတြနဲ႔ ေဘးလြတ္ရာေတြမွာ ကူညီကယ္ဆယ္ေရးစခန္းေတြလုပ္ၿပီး ကူညီေနပါတယ္ဗ်။ အခုလဲ အနိမ့္ပိုင္းေဒသက အိမ္ေျခေတြကို အရန္သင့္ စားရမဲ့အစားစားေတြနဲ႔ ေရသန႔္ေတြလႉဒန္းမႈေတြလုပ္ေဆာင္ေနပါတယ္” ဟု အထက္ပါ လူမႈကူညီေရးအသင္းမွ ဆက္လက္ေျပာသည္။
လက္ရွိအခ်ိန္တြင္ မိုးအဆက္မပ်က္႐ြာသြန္းမႈေၾကာင့္ ပဲခူးျမစ္ေရျမင့္တက္လာမႈႏွင့္အတူ ပဲခူးၿမိဳ႕အတြင္းသို႔ေရဝင္ေရာက္မႈမ်ားရွိေနၿပီး ေရႀကီးေရလွ်ံမႈမ်ားဆက္လက္ျဖစ္ေပၚေနေၾကာင္း သိရသည္။
ယေန႔ (ေအာက္တိုဘာလ ၈ ရက္)၊ နံနက္ ၆နာရီခြဲတိုင္းတာခ်က္အရ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရအမွတ္ထက္သို႔ (၁)ေပခြဲခန႔္ ေက်ာ္လြန္ ေရာက္ရွိေနၿပီျဖစ္ၿပီး ေနာက္တစ္ရက္အတြင္း (၁)ေပခြဲခန႔္ဆက္လက္ျမင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားသည္။
ထို႔ေၾကာင့္ ပဲခူးၿမိဳ႕ရွိ ေျမနိမ့္ပိုင္းေဒသမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သတိေပးထားသည္။
ထို႔ျပင္ ယေန႔ နံနက္ ၈နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၃၉)မီနီတိုးဂိတ္တြင္ မိုး႐ြာသြန္းမႈေၾကာင့္ လမ္းမေပၚသို႔ ေရေက်ာ္မႈမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။