ပဲခူးမြို့၌ရေကြီးရေလျှံနေမှုကြောင့် ရန်ကုန်-မော်လမြိုင် နှင့် မန္တလေး ရထားခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းထား

 4315

မျိုးကြီး (NP News) - အောက်တိုဘာ ၉

ပဲခူးမြို့၌ရေကြီးရေလျှံနေမှုကြောင့် ရန်ကုန်-မော်လမြိုင် နှင့် မန္တလေး ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း သတင်းရရှိသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တက်မှုများကြောင့် ပဲခူးမြို့၌ ယမန်နေ့(အောက်တိုဘာလ ၈ ရက်)မှစတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပဲခူးဘူတာ နှင့် ရွှေလှဘူတာကြား အလျားပေ ၅၀၀ ခန့်ရှိ ရထားသံလမ်းပေါ်တွင်လည်း ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါရထားသံလမ်းပေါ်၌ ရေ(၁၈)လက်မခန့် ကျော်တက်ခဲ့သည့်အတွက် မော်လမြိုင် နှင့် မန္တလေးမြို့တို့ကို ထွက်ခွာလာသော ရထားနှစ်စင်းသည် ယမန်နေ့(အောက်တိုဘာလ ၈ ရက်)တွင် ပဲခူးမြို့နယ်အတွင်း ၌ ပိတ်မိနေခဲ့ကြောင်း သိရသည်။

၎င်းရထားများပေါ်၌ လိုက်ပါလာသည့် ခရီးသည်ပေါင်း (၁၀၀၀)နီးပါးကို Express ကားများဖြင့် ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ရထားတွေ အခြေအနေက မနေ့က တစ်စီး ပိတ်မိသွားတယ်။ ပျဉ်ပုံကြီးကနေပြီးတော့မှ ကား(၅)စီးနဲ့ ရန်ကုန်ဘူတာကြီးကို ခရီးသည်တွေကို ပို့ပေး လိုက်ရတာပေါ့။ နောက် မော်လမြိုင်ရထားကလည်း ပိတ်မိသွားတယ်။ ခရီး သည် (၅၇၀)လောက်ပါတယ်။ ကလိဘူတာကနေ ရန်ကုန်ဘူတာကြီးကို ကား(၈)စီးနဲ့ ပို့ပေးလိုက်တယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အလားတူ ယနေ့(အောက်တိုဘာလ ၉ ရက်)တွင်လည်း ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို ဆက်လက်ဖျက်သိမ်းထားကြောင်း သိရသည်။

“မနေ့က ရထားခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းလိုက်ရတယ်။ ဒီနေ့က တော့ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတယ်။ နောက်ဟိုဘက် ရန်ကုန်-မန္တလေးရထားတွေလည်း ဒီအတိုင်းပဲ ဖျက်သိမ်းလိုက်တယ်။ ရေအခြေအနေကတော့ မနက် ၆ နာရီမှာတိုင်းတာတော့ သံလမ်းအထက် (၁၈)လက်မ ရှိနေသေးတယ်။ ရေကမကျသေးဘူးပေါ့။ ရေကျသွားရင်တော့ လမ်းပိုင်းကြံ့ခိုင်ရေးတွေကို ပြန်စစ်မယ်။ အဲဒီတော့မှာပဲ ပြန်ဆွဲနိုင်မယ်။ မဆွဲနိုင်မယ့်တော့ ပြောလို့မရသေးဘူး” ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူက ထပ်မံပြောသည်။

အဆိုပါရထားခရီးစဉ်များအား ရေပြန်ကျသွားမှသာ ရထားလမ်းပိုင်းများ၏ ကြံ့ခိုင်မှုကို စစ်ဆေးပြီးနောက် ပြန်လည်ပြေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ပဲခူးၿမိဳ႕၌ေရႀကီးေရလွ်ံေနမႈေၾကာင့္ ရန္ကုန္-ေမာ္လၿမိဳင္ ႏွင့္ မႏၲေလး ရထားခရီးစဥ္မ်ားကို ရက္အကန႔္အသတ္မရွိ ဖ်က္သိမ္းထား
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၉

ပဲခူးၿမိဳ႕၌ေရႀကီးေရလွ်ံေနမႈေၾကာင့္ ရန္ကုန္-ေမာ္လၿမိဳင္ ႏွင့္ မႏၲေလး ရထားခရီးစဥ္မ်ားကို ယာယီဖ်က္သိမ္းထားေၾကာင္း သတင္းရရွိသည္။

မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္အတူ ျမစ္ေရျမင့္တက္မႈမ်ားေၾကာင့္ ပဲခူးၿမိဳ႕၌ ယမန္ေန႔(ေအာက္တိုဘာလ ၈ ရက္)မွစတင္ကာ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး ပဲခူးဘူတာ ႏွင့္ ေ႐ႊလွဘူတာၾကား အလ်ားေပ ၅၀၀ ခန႔္ရွိ ရထားသံလမ္းေပၚတြင္လည္း ေရလွ်ံမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

အဆိုပါရထားသံလမ္းေပၚ၌ ေရ(၁၈)လက္မခန႔္ ေက်ာ္တက္ခဲ့သည့္အတြက္ ေမာ္လၿမိဳင္ ႏွင့္ မႏၲေလးၿမိဳ႕တို႔ကို ထြက္ခြာလာေသာ ရထားႏွစ္စင္းသည္ ယမန္ေန႔(ေအာက္တိုဘာလ ၈ ရက္)တြင္ ပဲခူးၿမိဳ႕နယ္အတြင္း ၌ ပိတ္မိေနခဲ့ေၾကာင္း သိရသည္။

၎ရထားမ်ားေပၚ၌ လိုက္ပါလာသည့္ ခရီးသည္ေပါင္း (၁၀၀၀)နီးပါးကို Express ကားမ်ားျဖင့္ ရန္ကုန္ဘူတာႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“ရထားေတြ အေျခအေနက မေန႔က တစ္စီး ပိတ္မိသြားတယ္။ ပ်ဥ္ပုံႀကီးကေနၿပီးေတာ့မွ ကား(၅)စီးနဲ႔ ရန္ကုန္ဘူတာႀကီးကို ခရီးသည္ေတြကို ပို႔ေပး လိုက္ရတာေပါ့။ ေနာက္ ေမာ္လၿမိဳင္ရထားကလည္း ပိတ္မိသြားတယ္။ ခရီး သည္ (၅၇၀)ေလာက္ပါတယ္။ ကလိဘူတာကေန ရန္ကုန္ဘူတာႀကီးကို ကား(၈)စီးနဲ႔ ပို႔ေပးလိုက္တယ္”ဟု ရန္ကုန္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အလားတူ ယေန႔(ေအာက္တိုဘာလ ၉ ရက္)တြင္လည္း ရန္ကုန္-ေမာ္လၿမိဳင္၊ ရန္ကုန္-မႏၲေလးရထားခရီးစဥ္မ်ားကို ဆက္လက္ဖ်က္သိမ္းထားေၾကာင္း သိရသည္။

“မေန႔က ရထားခရီးစဥ္အခ်ိဳ႕ကိုလည္း ဖ်က္သိမ္းလိုက္ရတယ္။ ဒီေန႔က ေတာ့ ရန္ကုန္-ေမာ္လၿမိဳင္၊ ေမာ္လၿမိဳင္-ရန္ကုန္ရထားခရီးစဥ္ကို ဖ်က္သိမ္းလိုက္ရတယ္။ ေနာက္ဟိုဘက္ ရန္ကုန္-မႏၲေလးရထားေတြလည္း ဒီအတိုင္းပဲ ဖ်က္သိမ္းလိုက္တယ္။ ေရအေျခအေနကေတာ့ မနက္ ၆ နာရီမွာတိုင္းတာေတာ့ သံလမ္းအထက္ (၁၈)လက္မ ရွိေနေသးတယ္။ ေရကမက်ေသးဘူးေပါ့။ ေရက်သြားရင္ေတာ့ လမ္းပိုင္းႀကံ့ခိုင္ေရးေတြကို ျပန္စစ္မယ္။ အဲဒီေတာ့မွာပဲ ျပန္ဆြဲႏိုင္မယ္။ မဆြဲႏိုင္မယ့္ေတာ့ ေျပာလို႔မရေသးဘူး” ဟု ရန္ကုန္ဘူတာႀကီးမွ တာဝန္ရွိသူက ထပ္မံေျပာသည္။

အဆိုပါရထားခရီးစဥ္မ်ားအား ေရျပန္က်သြားမွသာ ရထားလမ္းပိုင္းမ်ား၏ ႀကံ့ခိုင္မႈကို စစ္ေဆးၿပီးေနာက္ ျပန္လည္ေျပးဆြဲေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.