အစ္စရေးတပ်ဖွဲ့များ၏ မြေပြင်ထိုးစစ်ဆင်နွှဲမှုများကို စိုးရိမ်ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ဟားမက်စ်အဖွဲ့ ပြော

9469

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၂
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့အနေဖြင့် အစ္စရေး၏ မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေအပေါ် စိုးရိမ်ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦးက ၎င်းတို့အနေဖြင့် ဂါဇာဒေသအတွင်းသို့ အစ္စရေးတပ်ဖွဲ့များ ဖြန့်ကြတ်ချထားမည့်အလားလာများနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်နေကြောင်း ပြောသည်။ အစ္စရေးသည် အောက်တိုဘာ ၇ ရက်တွင် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်ခံရပြီးနောက် မြေပြင်ထိုးစစ်ဆင်နွှဲရန် ဂါဇာဒေသကို ဝန်းရံပိတ်ဆို့ထားကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သောဂါဇီဟာမက်က "ကျွန်တော်တို့ဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ မြေပြင် ထိုးစစ်ဆင်နွှဲမှုတွေကို စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ခိုင်မာတဲ့ပြည်သူရှိနေတယ်။ ကျွန်တော်တို့ဟာ တိုက်ပွဲကိုဆက်တိုက်ဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိနေပါတယ်။ ကျွန်တော်တို့ကို အားပေးထောက်ခံ တဲ့ပြည်သူတွေနဲ့ တိုက်ခိုက်ရေးသမားတွေ အများကြီးရှိနေပါတယ်။ ဂျော်ဒန်၊ လက်ဘနွန် နဲ့ ကမ္ဘာ့နေရာတိုင်းမှာ ရှိနေတဲ့သူတွေဟာ ကျွန်တော်တို့အတွက် တိုက်ခိုက်ပေးဖို့ ဂါဇာဒေသကို လာရောက်ဖို့ လိုလားနေတယ်။ ဂါဇာဒေသဟာ အစ္စရေးအတွက်တော့ ပန်းခြံမဟုတ်ဘဲ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုများဖြစ်မယ့်နေရာဆိုတာ သိသွားလိမ့် မယ်။ ဟားမက်စ်အဖွဲ့ဟာ အော်ပရေးရှင်းစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟားမက်စ်အဖွဲ့ဝင် ၁၂ဝဝ ကျော်ဟာ အစ္စရေးနိုင်ငံရဲ့လုံခြုံရေး၊ ထောက်လှမ်းရေးနဲ့ပုံရိပ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ အစ္စရေးရဲ့ စူပါပါဝါဆိုတဲ့ ဂုဏ်သိက္ခာကို လည်း ဖျက်ဆီးခဲ့တယ်" ဟု ပြောသည်။
ဟားမက်စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ဒုံးကျည်အစင်းပေါင်း ၅ဝဝဝ ကျော် ပစ်ခတ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်နွှဲကာ အစ္စရေးစစ်သားများ အပါအဝင် လူပေါင်းရာချီကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အစၥေရးတပ္ဖြဲ႕မ်ား၏ ေျမျပင္ထိုးစစ္ဆင္ႏႊဲမႈမ်ားကို စိုးရိမ္ေၾကာက္႐ြံ႕ေနမည္မဟုတ္ေၾကာင္း ဟားမက္စ္အဖြဲ႕ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၂
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က ၎တို႔အေနျဖင့္ အစၥေရး၏ ေျမျပင္ထိုးစစ္ဆင္ႏႊဲမႈေတြအေပၚ စိုးရိမ္ေၾကာက္႐ြံ႕ေနမည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ဟားမက္စ္အဖြဲ႕ေခါင္းေဆာင္တစ္ဦးက ၎တို႔အေနျဖင့္ ဂါဇာေဒသအတြင္းသို႔ အစၥေရးတပ္ဖြဲ႕မ်ား ျဖန႔္ၾကတ္ခ်ထားမည့္အလားလာမ်ားႏွင့္ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ေနေၾကာင္း ေျပာသည္။ အစၥေရးသည္ ေအာက္တိုဘာ ၇ ရက္တြင္ ဟားမက္စ္အဖြဲ႕၏ တိုက္ခိုက္ခံရၿပီးေနာက္ ေျမျပင္ထိုးစစ္ဆင္ႏႊဲရန္ ဂါဇာေဒသကို ဝန္းရံပိတ္ဆို႔ထားေၾကာင္း သိရသည္။
ဟားမက္စ္အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ေသာဂါဇီဟာမက္က "ကြၽန္ေတာ္တို႔ဟာ အစၥေရးတပ္ဖြဲ႕ေတြရဲ႕ ေျမျပင္ ထိုးစစ္ဆင္ႏႊဲမႈေတြကို စိုးရိမ္ေၾကာက္႐ြံ႕ေနမွာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔မွာ ခိုင္မာတဲ့ျပည္သူရွိေနတယ္။ ကြၽန္ေတာ္တို႔ဟာ တိုက္ပြဲကိုဆက္တိုက္ဖို႔ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ကို အားေပးေထာက္ခံ တဲ့ျပည္သူေတြနဲ႔ တိုက္ခိုက္ေရးသမားေတြ အမ်ားႀကီးရွိေနပါတယ္။ ေဂ်ာ္ဒန္၊ လက္ဘႏြန္ နဲ႔ ကမာၻ႔ေနရာတိုင္းမွာ ရွိေနတဲ့သူေတြဟာ ကြၽန္ေတာ္တို႔အတြက္ တိုက္ခိုက္ေပးဖို႔ ဂါဇာေဒသကို လာေရာက္ဖို႔ လိုလားေနတယ္။ ဂါဇာေဒသဟာ အစၥေရးအတြက္ေတာ့ ပန္းၿခံမဟုတ္ဘဲ ႀကီးမားတဲ့ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္မယ့္ေနရာဆိုတာ သိသြားလိမ့္ မယ္။ ဟားမက္စ္အဖြဲ႕ဟာ ေအာ္ပေရးရွင္းစတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ဟားမက္စ္အဖြဲ႕ဝင္ ၁၂ဝဝ ေက်ာ္ဟာ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရး၊ ေထာက္လွမ္းေရးနဲ႔ပုံရိပ္ကို ဖ်က္ဆီးပစ္ခဲ့တယ္။ အစၥေရးရဲ႕ စူပါပါဝါဆိုတဲ့ ဂုဏ္သိကၡာကို လည္း ဖ်က္ဆီးခဲ့တယ္" ဟု ေျပာသည္။
ဟားမက္စ္အဖြဲ႕သည္ ေအာက္တိုဘာ ၇ ရက္တြင္ အစၥေရးႏိုင္ငံကို ဒုံးက်ည္အစင္းေပါင္း ၅ဝဝဝ ေက်ာ္ ပစ္ခတ္ခဲ့ၿပီး ေျမျပင္ထိုးစစ္ဆင္ႏႊဲကာ အစၥေရးစစ္သားမ်ား အပါအဝင္ လူေပါင္းရာခ်ီကို ဖမ္းဆီးေခၚေဆာင္ခဲ့ေၾကာင္း သိရသည္။