လက်ယာကပ်ယာဉ်မောင်းစနစ်နှင့်မကိုက်ညီသော ပဲခူးတိုင်းအခြေပြု အဝေးပြေးယာဉ်များအား ရန်ကုန်တိုင်းအတွင်းသို့ ဝင်ခွင့်မပြုဟု YRTC ဆို

 4737

ပုံစာ - ရန်ကုန်-ပဲခူး ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်အချို့

သန့်ဇင်(NP News) - အောက်တိုဘာ ၁၃

လက်ယာကပ်ယာဉ်မောင်းစနစ်နှင့်မကိုက်ညီသည့် ညာဘက်စတီယာတိုင် နှင့် ဘယ်ဘက် တံခါးပေါက်ရှိသော ပဲခူးတိုင်းအခြေပြုအဝေးပြေးခရီးသည်တင်ယာဉ်များကို ယခုလ (အောက်တိုဘာလ ၁၉ ရက်)မှစတင်ကာ ရန်ကုန်တိုင်းအတွင်းသို့ ဝင်ခွင့်ပြုသွားမည် မဟုတ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မန်က ပြောသည်။

၎င်းက ယမန်နေ့(အောက်တိုဘာလ ၁၂ ရက်)တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စည်းကမ်းချက်များနှင့် မကိုက်ညီသော ပဲခူးတိုင်းအခြပြုခရီးသည်တင်ကားများ ရန်ကုန် တိုင်းအတွင်းသို့ ဝင်ရောက်လာပါက ပဲခူးအား ပြန်လွှတ်ပြီးစည်းကမ်းချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်နဲ့ ပဲခူးတဲ့ပြေးဆွဲတဲ့ Mini-Bus ယာဉ်တွေက အတက်အဆင်းတံခါးပေါက်တွေက ဘယ်ဘက်မှာရှိနေပါတယ်။ ခရီးသည်တင်ကားတွေရဲ့ အတက်အဆင်းတံခါးပေါက်က လက်ယာဘက်မှာ ရှိမှပဲခရီးသည်တွေအနေနဲ့ အန္တရာယ်ကင်းမှာဖြစ်ပါတယ်။ အဲဒီအတွက် ရန်ကုန်းတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှာတင်ပြပြီးတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေနဲ့အညီ အဝေးပြေး Mini-Bus ယာဉ်တွေကို ညာဘက်တံခါးပေါက်ကို ဖောက်ပြီးမှ ရန်ကုန်တိုင်းအတွင်းကို ဝင်ခွင့်ပြုမှာပါ”ဟု တွဲဖက်အတွင်းရေးမှူးဦလျင်ကျင့်မန်က ပြောသည်။

ထို့ပြင် ရန်ကုန်-ပဲခူးခရီးသည်တင်ကားများအနေဖြင့် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက် လာပါက လမ်းကြောင်း(၂)ခုသတ်မှတ်ထားမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်း(၂)ခုပေါ်ရှိ ခရေပင်လမ်းဆုံ နှင့် ဒညင်းကုန်းလမ်းဆုံကြားတွင် ခရီးသည် အတက်အဆင်းများပြုလုပ်နိုင်ရန် ဂိတ်တစ်ခုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ လက်ယာကပ်ယာဉ်မောင်းစနစ်နဲ့ကိုက်ညီတဲ့ ညာဘက်တံခါးပေါက်ရှိတဲ့ ယာဉ်တွေကိုလည်း သတ်မှတ်လမ်းကြောင်းအတိုင်းပဲ ပြေးဆွဲခွင့်ပြုမှာဖြစ်ပါတယ်။ ခရေပင်လမ်းကနေ စော်ဘွားကြီးကုန်းထိ ပြေးဆွဲခွင့်ပြုမှာ မဟုတ်ပါဘူး။ ခရေပင်လမ်းနဲ့ ဒညင်းကုန်းကြားမှာ ဂိတ်တစ်ခုလုပ်ပြီးတော့ အဲဒီမှာအတက်အဆင်းပြုလုပ်စေမယ်။ အဲဒီကမှတစ်ဆင့် ဒဂုံဧရာအဝေးပြေးအထိ ဆက်သွားစေမှာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် လက်ယာကပ်မောင်းစနစ်နှင့်မကိုက်ညီသော ယာဉ်များကြောင့် ခရီးသည်အတင်အချပြုလုပ်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု့များနှင့် ယာဉ်တိုက်မှုများရှိခဲ့ရာ ၎င်းယာဉ်များကြောင့် ယာဉ်အန္တရာယ်ဖြစ်စေပြီး Road Safety ကိုထိခိုက်စေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနစ်၊ ဒီဇင်ဘာလ ၆ရက်၊ နံနက် ၆ နာရီမှ စတင်၍ လက်ယာကပ်ယာဉ်မောင်းစနစ်စတင်ကျင့်သုံးခဲ့ရာ ခရီးသည်တင်ကားများ၏ အတက်အဆင်းတံခါးပေါက်များသည့် လက်ယာဘက်တွင်သာရှိရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လက္ယာကပ္ယာဥ္ေမာင္းစနစ္ႏွင့္မကိုက္ညီေသာ ပဲခူးတိုင္းအေျချပဳ အေဝးေျပးယာဥ္မ်ားအား ရန္ကုန္တိုင္းအတြင္းသို႔ ဝင္ခြင့္မျပဳဟု YRTC ဆို
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၁၃

လက္ယာကပ္ယာဥ္ေမာင္းစနစ္ႏွင့္မကိုက္ညီသည့္ ညာဘက္စတီယာတိုင္ ႏွင့္ ဘယ္ဘက္ တံခါးေပါက္ရွိေသာ ပဲခူးတိုင္းအေျချပဳအေဝးေျပးခရီးသည္တင္ယာဥ္မ်ားကို ယခုလ (ေအာက္တိုဘာလ ၁၉ ရက္)မွစတင္ကာ ရန္ကုန္တိုင္းအတြင္းသို႔ ဝင္ခြင့္ျပဳသြားမည္ မဟုတ္ေၾကာင္း YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်င္က်င့္မန္က ေျပာသည္။

၎က ယမန္ေန႔(ေအာက္တိုဘာလ ၁၂ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC)က က်င္းပျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

စည္းကမ္းခ်က္မ်ားႏွင့္ မကိုက္ညီေသာ ပဲခူးတိုင္းအျချပဳခရီးသည္တင္ကားမ်ား ရန္ကုန္ တိုင္းအတြင္းသို႔ ဝင္ေရာက္လာပါက ပဲခူးအား ျပန္လႊတ္ၿပီးစည္းကမ္းခ်က္မ်ားႏွင့္ကိုက္ညီမွသာ ျပန္လည္ဝင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ရန္ကုန္နဲ႔ ပဲခူးတဲ့ေျပးဆြဲတဲ့ Mini-Bus ယာဥ္ေတြက အတက္အဆင္းတံခါးေပါက္ေတြက ဘယ္ဘက္မွာရွိေနပါတယ္။ ခရီးသည္တင္ကားေတြရဲ႕ အတက္အဆင္းတံခါးေပါက္က လက္ယာဘက္မွာ ရွိမွပဲခရီးသည္ေတြအေနနဲ႔ အႏၲရာယ္ကင္းမွာျဖစ္ပါတယ္။ အဲဒီအတြက္ ရန္ကုန္းတိုင္းေဒသႀကီး ယာဥ္အႏၲရာယ္ လမ္းအႏၲရာယ္ကင္းရွင္းေရးေကာင္စီမွာတင္ျပၿပီးေတာ့ ယာဥ္အႏၲရာယ္ကင္းရွင္းေရးနဲ႔ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔အညီ အေဝးေျပး Mini-Bus ယာဥ္ေတြကို ညာဘက္တံခါးေပါက္ကို ေဖာက္ၿပီးမွ ရန္ကုန္တိုင္းအတြင္းကို ဝင္ခြင့္ျပဳမွာပါ”ဟု တြဲဖက္အတြင္းေရးမႉးဦလ်င္က်င့္မန္က ေျပာသည္။

ထို႔ျပင္ ရန္ကုန္-ပဲခူးခရီးသည္တင္ကားမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕အတြင္းသို႔ ဝင္ေရာက္လာပါက လမ္းေၾကာင္း(၂)ခုသတ္မွတ္ထားမည္ျဖစ္ၿပီး အဆိုပါလမ္းေၾကာင္း(၂)ခုေပၚရွိ ခေရပင္လမ္းဆုံ ႏွင့္ ဒညင္းကုန္းလမ္းဆုံၾကားတြင္ ခရီးသည္ အတက္အဆင္းမ်ားျပဳလုပ္ႏိုင္ရန္ ဂိတ္တစ္ခုျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ လက္ယာကပ္ယာဥ္ေမာင္းစနစ္နဲ႔ကိုက္ညီတဲ့ ညာဘက္တံခါးေပါက္ရွိတဲ့ ယာဥ္ေတြကိုလည္း သတ္မွတ္လမ္းေၾကာင္းအတိုင္းပဲ ေျပးဆြဲခြင့္ျပဳမွာျဖစ္ပါတယ္။ ခေရပင္လမ္းကေန ေစာ္ဘြားႀကီးကုန္းထိ ေျပးဆြဲခြင့္ျပဳမွာ မဟုတ္ပါဘူး။ ခေရပင္လမ္းနဲ႔ ဒညင္းကုန္းၾကားမွာ ဂိတ္တစ္ခုလုပ္ၿပီးေတာ့ အဲဒီမွာအတက္အဆင္းျပဳလုပ္ေစမယ္။ အဲဒီကမွတစ္ဆင့္ ဒဂုံဧရာအေဝးေျပးအထိ ဆက္သြားေစမွာပါ”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ လက္ယာကပ္ေမာင္းစနစ္ႏွင့္မကိုက္ညီေသာ ယာဥ္မ်ားေၾကာင့္ ခရီးသည္အတင္အခ်ျပဳလုပ္ရာတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ႕မ်ားႏွင့္ ယာဥ္တိုက္မႈမ်ားရွိခဲ့ရာ ၎ယာဥ္မ်ားေၾကာင့္ ယာဥ္အႏၲရာယ္ျဖစ္ေစၿပီး Road Safety ကိုထိခိုက္ေစေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၁၉၇၀ ခုနစ္၊ ဒီဇင္ဘာလ ၆ရက္၊ နံနက္ ၆ နာရီမွ စတင္၍ လက္ယာကပ္ယာဥ္ေမာင္းစနစ္စတင္က်င့္သုံးခဲ့ရာ ခရီးသည္တင္ကားမ်ား၏ အတက္အဆင္းတံခါးေပါက္မ်ားသည့္ လက္ယာဘက္တြင္သာရွိရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.