အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို တယ်လီဂရမ်အပ်ပ်တွင် ဆက်လက်တင်ခွင့်ပြုမည်
                        
                            
                             
 4036
 
                             
                            
                            
                         
                        
 
                        Pika (NP News) - အောက်တိုဘာ ၁၄ 
ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သော တယ်လီဂရမ်သည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်တင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တယ်လီဂရမ်အပ်ပ်စီအီးအို Pavel Durov က ပြောကြားခဲ့သည်။
ထို့အပြင် တယ်လီဂရမ်အပ်ပ်သည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက် အရေးကြီးသောချန်နယ်တစ်ခုဖြစ်သည်ဆိုသည့်အချက်ကို သက်သေပြသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။ ဆိုရှယ်မီဒီယာပလက်ဖောင်းများဖြစ်သော တွစ်တာ၊ Meta နှင့်  TikTok တို့သည် မဟုတ်မှန်သော သတင်း ရေးသားမှုများနှင့် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့်သတင်းဖော်ပြမှုများအပေါ် ဝေဖန်ခံနေရချိန်တွင် တယ်လီဂရမ်အပ်ပ်စီအီးအို Pavel Durov က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
တယ်လီဂရမ်အပ်ပ်စီအီးအို Pavel Durov က "တယ်လီဂရမ်ရဲ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ AI tools တွေ ဟာ ကျွန်တော်တို့ရဲ့ပလက်ဖောင်းပေါ်မှ အန္တရာယ်ရှိတဲ့အကြောင်းအရာ သန်းပေါင်းများစွာကို ဖယ်ရှားပစ်ခဲ့ပါ တယ်။ ဒါပေမယ့် အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့ ဆက်လက်တင်ခွင့်ပြု သွားမှာပါ။ ဒီစစ်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ တင်တာကို ဖယ်ရှားပစ်တာက ကျွန်တော်တို့အတွက် လွယ်ကူပေမယ့် ဒါဟာ ဆိုးရွားတဲ့အခြေအနေတွေကို ဖြစ်လာစေမှာပါ။ ဟားမက်စ်တွေဟာ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာမျိုး မလုပ်ဆောင်ခင်မှာ Ashkelon မြို့မှာရှိတဲ့ အစ္စရေးနိုင်ငံသားတွေကို မြို့တွင်းကနေ ချက်ချင်း ထွက်ခွာဖို့ တယ်လီဂရမ်အပ်ကို အသုံးပြုပြီး သတိပေးခဲ့ပါတယ်။ ဒီလိုသတင်းအချက်အလက်တွေတင်နေတဲ့ ချန်နယ်တွေကို ပိတ်ပစ်လိုက်တာဟာ အသက်အန္တရာယ်တွေကို ကယ်ဆယ်နိုင်မှာလား ဒါမှမဟုတ် အသက် အန္တရာယ်ပိုဖြစ်စေမှာလားဆိုတာ သိကြမှာပါ" ဟု ပြောခဲ့သည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version; 
အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္သည့္အေၾကာင္းအရာမ်ားကို တယ္လီဂရမ္အပ္ပ္တြင္ ဆက္လက္တင္ခြင့္ျပဳမည္
Pika (NP News) - ေအာက္တိုဘာ ၁၄ 
ဆိုရွယ္မီဒီယာပလက္ေဖာင္းတစ္ခုျဖစ္ေသာ တယ္လီဂရမ္သည္ အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားကို ဆက္လက္တင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း တယ္လီဂရမ္အပ္ပ္စီအီးအို Pavel Durov က ေျပာၾကားခဲ့သည္။
ထို႔အျပင္ တယ္လီဂရမ္အပ္ပ္သည္ အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားအတြက္ အေရးႀကီးေသာခ်န္နယ္တစ္ခုျဖစ္သည္ဆိုသည့္အခ်က္ကို သက္ေသျပသြားႏိုင္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကား ခဲ့သည္။ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားျဖစ္ေသာ တြစ္တာ၊ Meta ႏွင့္  TikTok တို႔သည္ မဟုတ္မွန္ေသာ သတင္း ေရးသားမႈမ်ားႏွင့္ အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္သည့္သတင္းေဖာ္ျပမႈမ်ားအေပၚ ေဝဖန္ခံေနရခ်ိန္တြင္ တယ္လီဂရမ္အပ္ပ္စီအီးအို Pavel Durov က ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ 
တယ္လီဂရမ္အပ္ပ္စီအီးအို Pavel Durov က "တယ္လီဂရမ္ရဲ႕စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြနဲ႔ AI tools ေတြ ဟာ ကြၽန္ေတာ္တို႔ရဲ႕ပလက္ေဖာင္းေပၚမွ အႏၲရာယ္ရွိတဲ့အေၾကာင္းအရာ သန္းေပါင္းမ်ားစြာကို ဖယ္ရွားပစ္ခဲ့ပါ တယ္။ ဒါေပမယ့္ အစၥေရး-ဟားမက္စစ္ပြဲနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကိုေတာ့ ဆက္လက္တင္ခြင့္ျပဳ သြားမွာပါ။ ဒီစစ္ပြဲနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြ တင္တာကို ဖယ္ရွားပစ္တာက ကြၽန္ေတာ္တို႔အတြက္ လြယ္ကူေပမယ့္ ဒါဟာ ဆိုး႐ြားတဲ့အေျခအေနေတြကို ျဖစ္လာေစမွာပါ။ ဟားမက္စ္ေတြဟာ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္တာမ်ိဳး မလုပ္ေဆာင္ခင္မွာ Ashkelon ၿမိဳ႕မွာရွိတဲ့ အစၥေရးႏိုင္ငံသားေတြကို ၿမိဳ႕တြင္းကေန ခ်က္ခ်င္း ထြက္ခြာဖို႔ တယ္လီဂရမ္အပ္ကို အသုံးျပဳၿပီး သတိေပးခဲ့ပါတယ္။ ဒီလိုသတင္းအခ်က္အလက္ေတြတင္ေနတဲ့ ခ်န္နယ္ေတြကို ပိတ္ပစ္လိုက္တာဟာ အသက္အႏၲရာယ္ေတြကို ကယ္ဆယ္ႏိုင္မွာလား ဒါမွမဟုတ္ အသက္ အႏၲရာယ္ပိုျဖစ္ေစမွာလားဆိုတာ သိၾကမွာပါ" ဟု ေျပာခဲ့သည္။