ပေါင်မြို့နယ်၌ တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်၍ ဆိုင်ကယ်ပေါ်ပိမိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

886
သန့်ဇင်(NP News) - အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အထပ်သားပြားများတင်ဆောင်လာသည့် တွဲကားတစ်စီးအရှိန်လွန်တိမ်းမှောက်၍ မောင်းနေသည့် ဆိုင်ကယ်ပေါ်မိခဲ့ရာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)၊ ညနေ ၅နာရီအချိန်တွင် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ မိုင်တိုင်အမှတ်(၁၆၃/၃)အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မော်လမြိုင်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ကားပေါ့။ အထပ်သားပြားတွေတင်လာတဲ့ တွဲကားက အရှိန်လွန်မှောက်ပြီး မျက်နှာချင်းဆိုင်က မိန်းကလေး(၂)ယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ်ကို ပိမိတာပါ”ဟု မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ တွဲကားတိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မှောင်းနှင်လာသည့် ခလောက်အင်းကျေး ရွာနေ အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသမီး တစ်ဦးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနောက်မှလိုက်ပါလာသည့် အသက်(၃၀)ဝန်းကျင် အမျိုးသမီးတွင်လည်း ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့ ကောင်မလေးကတော့ နေရာမှာပဲပွဲချင်းပြီးဆုံးသွားတယ်။ သူ့နောက်ကလိုက်ပါလာတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ဆီးခုံထိတဲ့ဒဏ်ရာနဲ့ ဆေးရုံကိုပို့ပေးလိုက်ပါတယ်။ သူကတော့ စိုးရိမ်စရာတော့မရှိပါဘူး။ အခြားထိခိုက်ပျက်စီးတာလဲ မရှိပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသမီးနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းမှ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ဖြစ်ပွားခဲ့သည့် (၁၆၃)မိုင်ကွေ့သည် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း အထပ်သားပြားတင်တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်စဉ် ရှိခဲ့ဖူးကြောင်း သိရသည်။

zawgyi version
ေပါင္ၿမိဳ႕နယ္၌ တြဲကားတစ္စီး အရွိန္လြန္တိမ္းေမွာက္၍ ဆိုင္ကယ္ေပၚပိမိခဲ့ရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၁၅
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၌ အထပ္သားျပားမ်ားတင္ေဆာင္လာသည့္ တြဲကားတစ္စီးအရွိန္လြန္တိမ္းေမွာက္၍ ေမာင္းေနသည့္ ဆိုင္ကယ္ေပၚမိခဲ့ရာမွ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း မြန္ျမတ္ကာ႐ုညလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာလ ၁၄ ရက္)၊ ညေန ၅နာရီအခ်ိန္တြင္ ေပါင္ၿမိဳ႕နယ္၊ ျဖဴဘေက်း႐ြာ၊ မိုင္တိုင္အမွတ္(၁၆၃/၃)အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ေမာ္လၿမိဳင္ကေန ရန္ကုန္ဘက္ကိုလာတဲ့ကားေပါ့။ အထပ္သားျပားေတြတင္လာတဲ့ တြဲကားက အရွိန္လြန္ေမွာက္ၿပီး မ်က္ႏွာခ်င္းဆိုင္က မိန္းကေလး(၂)ေယာက္စီးလာတဲ့ ဆိုင္ကယ္ေပၚကို ပိမိတာပါ”ဟု မြန္ျမတ္ကာ႐ုညလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ တြဲကားတိမ္းေမွာက္မႈေၾကာင့္ ဆိုင္ကယ္ေမွာင္းႏွင္လာသည့္ ခေလာက္အင္းေက်း ႐ြာေန အသက္(၂၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီး တစ္ဦးသည္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး ၎ေနာက္မွလိုက္ပါလာသည့္ အသက္(၃၀)ဝန္းက်င္ အမ်ိဳးသမီးတြင္လည္း ထိခိုက္ ဒဏ္ရာရွိခဲ့ေၾကာင္း သိရသည္။
“ဆိုင္ကယ္ေမာင္းတဲ့ ေကာင္မေလးကေတာ့ ေနရာမွာပဲပြဲခ်င္းၿပီးဆုံးသြားတယ္။ သူ႔ေနာက္ကလိုက္ပါလာတဲ့ အမ်ိဳးသမီး တစ္ေယာက္ကေတာ့ ဆီးခုံထိတဲ့ဒဏ္ရာနဲ႔ ေဆး႐ုံကိုပို႔ေပးလိုက္ပါတယ္။ သူကေတာ့ စိုးရိမ္စရာေတာ့မရွိပါဘူး။ အျခားထိခိုက္ပ်က္စီးတာလဲ မရွိပါဘူး”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီးႏွင့္ထိခိုက္ဒဏ္ရာရရွိသူတို႔အား မြန္ျမတ္ကာ႐ုညလူမႈကူညီေရးအသင္းမွ ေပါင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္ျဖစ္ပြားခဲ့သည့္ (၁၆၃)မိုင္ေကြ႕သည္ ယာဥ္တိမ္းေမွာက္မႈမ်ား မၾကာခဏျဖစ္ပြားလ်က္ရွိရာ လြန္ခဲ့သည့္ တစ္ႏွစ္ခန႔္ကလည္း အထပ္သားျပားတင္တြဲကားတစ္စီး အရွိန္လြန္တိမ္းေမွာက္မႈျဖစ္စဥ္ ရွိခဲ့ဖူးေၾကာင္း သိရသည္။