သီတင်းကျွတ်ကာလအတွက် ပုဂံရှိဟိုတယ်များတွင် ကြိုတင်အခန်းမှာယူမှုအပြည့်ရှိနေ

999
NP News - အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်နှင့် မိုတယ်များတွင် အောက်တိုဘာလ(၂၇) ရက်မှစတင်ကာ အွန်လိုင်းမှတစ်ဆင့် အခန်းကြိုတင်ချိတ်ဆက်မှာယူထားမှုများနှင့် ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ကာလတွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးလေ့လာရေးလာရောက်သူ များပြားလျက်ရှိသည့်အတွက် အောက်တိုဘာလ ပထမပတ်ကတည်းက ဟိုတယ်/မိုတယ်/တည်းခိုရိပ်သာများသို့ ကြိုတင်ချိတ်ဆက်ထားကြခြင်းဖြစ်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ရာတွင် ပုဂံဒေသရှိ သမိုင်းဝင်အထင်ကရဘုရားများကို ဖူးမြှော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီ ဆွဲကြခြင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူး ငါးသောင်းကျော်မှ တစ်သိန်းခွဲကျော်အထိ လာရောက်လေ့ရှိရာ ပုဂံ-ညောင်ဦးတွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း (၈၁)လုံးတွင် အောက်တိုဘာလ (၂၇) ရက်မှ (၂၉) ရက်အထိ ကြိုတင်ချိတ်ဆက်မှာယူထားမှုများ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှသိရသည်။

zawgyi version
သီတင္းကြၽတ္ကာလအတြက္ ပုဂံရွိဟိုတယ္မ်ားတြင္ ႀကိဳတင္အခန္းမွာယူမႈအျပည့္ရွိေန
NP News - ေအာက္တိုဘာ ၁၆
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဟိုတယ္ႏွင့္ မိုတယ္မ်ားတြင္ ေအာက္တိုဘာလ(၂၇) ရက္မွစတင္ကာ အြန္လိုင္းမွတစ္ဆင့္ အခန္းႀကိဳတင္ခ်ိတ္ဆက္မွာယူထားမႈမ်ားႏွင့္ ျပည့္ေနၿပီျဖစ္ေၾကာင္း သိရသည္။
သီတင္းကြၽတ္ကာလတြင္ ျမန္မာျပည္အရပ္ရပ္မွ ခရီးသြားဘုရားဖူးေလ့လာေရးလာေရာက္သူ မ်ားျပားလ်က္ရွိသည့္အတြက္ ေအာက္တိုဘာလ ပထမပတ္ကတည္းက ဟိုတယ္/မိုတယ္/တည္းခိုရိပ္သာမ်ားသို႔ ႀကိဳတင္ခ်ိတ္ဆက္ထားၾကျခင္းျဖစ္သည္။
ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔ လာေရာက္ရာတြင္ ပုဂံေဒသရွိ သမိုင္းဝင္အထင္ကရဘုရားမ်ားကို ဖူးေျမႇာ္ျခင္း၊ နံရံေဆးေရးပန္းခ်ီမ်ား ေလ့လာျခင္း၊ အလွဓာတ္ပုံ ႐ိုက္ကူးျခင္း၊ လက္ဆြဲပန္းခ်ီ ဆြဲၾကျခင္း၊ အခ်ိဳ႕ဘုရားဖူးမ်ားက ျမင္းလွည္းစီးျခင္း၊ E-Bike အဖြဲ႕လိုက္ငွားစီးျခင္းမ်ား ျပဳလုပ္ၾကေၾကာင္း သိရသည္။
သီတင္းကြၽတ္ ႐ုံးပိတ္ရက္ကာလအတြင္း တစ္ရက္လွ်င္ ဘုရားဖူး ငါးေသာင္းေက်ာ္မွ တစ္သိန္းခြဲေက်ာ္အထိ လာေရာက္ေလ့ရွိရာ ပုဂံ-ေညာင္ဦးတြင္ ဖြင့္လွစ္ထားရွိသည့္ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္း (၈၁)လုံးတြင္ ေအာက္တိုဘာလ (၂၇) ရက္မွ (၂၉) ရက္အထိ ႀကိဳတင္ခ်ိတ္ဆက္မွာယူထားမႈမ်ား ျပည့္ေနၿပီျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး ၫႊန္ၾကားမႈဦးစီးဌာန (ပုဂံ႐ုံးခြဲ)မွသိရသည္။