ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း စောမူတူးစေးဖိုးကို တပ်ချုပ် မေတ္တာရပ်ခံ

 5254

မျိုးကြီး (NP News) - အောက်တိုဘာ ၁၆
ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း KNU ဥက္ကဋ္ဌဟောင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့ကြောင်း သတင်းရရှိသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်၊ KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုး တို့ သည် ယနေ့(အောက်တိုဘာ ၁၆ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံရာ၌ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်နေသည့်အခြေအနေများကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို လိုလားသော ကရင်တိုင်းရင်းသားများ၏ ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များနှင့် ကရင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ရန်လိုအပ်သော အခြေအနေများကိုလည်း နှစ်ဖက်အကြား၌ ဆွေးနွေးပြောဆိုခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးနှင့်အတူ KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌပဒိုရွှေမောင်းတို့သည် ယမန်နေ့တွင် နေပြည် တော်၌ ကျင်းပခဲ့သော NCA (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် စောမူတူးစေးဖိုးအနေဖြင့် အခြေအနေပေးပါက ဆောင်ရွက်လိုသည့်စိတ်ဆန္ဒရှိကြောင်းလည်း ၎င်းနှင့်နီးစပ်သူများက NP News ကို ပြောဆိုထားဖူးသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စောမူတူးစေးဖိုးတို့သည် ပြီးခဲ့သော စက်တင်ဘာ ၃၀ ရက်နေ့တွင်လည်း နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

သို့သော် လက်ရှိ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းနှင့်အဖွဲ့သည် NCA (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိသ ကဲ့သို့ ပြီးခဲ့သော ကာလများအတွင်းတွင်လည်း KNU နှင့် တပ်မတော်တို့အကြား၌ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသည်။

အလားတူ ယနေ့တွင်လည်း နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းလက်နက်ကိုင်အ ဖွဲ့တစ်ခုဖြစ်သော RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်တို့ ထပ်မံတွေ့ဆုံခဲ့ကြောင်းသိရသည်။

၎င်းကဲ့သို့တွေ့ဆုံရာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version

ကရင္ျပည္နယ္ၿငိမ္းခ်မ္းေရးအတြက္ ေခါင္းေဆာင္အျဖစ္ ဦးစီးေဆာင္႐ြက္ေပးေစလိုေၾကာင္း ေစာမူတူးေစးဖိုးကို တပ္ခ်ဳပ္ ေမတၱာရပ္ခံ

မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၆
ကရင္ျပည္နယ္ၿငိမ္းခ်မ္းေရးအတြက္ ေခါင္းေဆာင္အျဖစ္ ဦးစီးေဆာင္႐ြက္ေပးေစလိုေၾကာင္း KNU ဥကၠ႒ေဟာင္းကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေမတၱာရပ္ခံခဲ့ေၾကာင္း သတင္းရရွိသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ကရင္တိုင္းရင္းသားေခါင္းေဆာင္၊ KNU ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုး တို႔ သည္ ယေန႔(ေအာက္တိုဘာ ၁၆ ရက္)တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ ေတြ႕ဆုံခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ထိုသို႔ေတြ႕ဆုံရာ၌ ကရင္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားျပည္သူမ်ား၏ လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရးႏွင့္ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္႐ြက္ရန္လိုအပ္ေနသည့္အေျခအေနမ်ားကို ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ကရင္ျပည္နယ္ၿငိမ္းခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေရးကို လိုလားေသာ ကရင္တိုင္းရင္းသားမ်ား၏ ေခါင္းေဆာင္အျဖစ္ ဦးစီးေဆာင္႐ြက္ေပးေစလိုသည့္ကိစၥရပ္မ်ားႏွင့္ ကရင္ျပည္နယ္အတြင္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဝိုင္းဝန္း ေဆာင္႐ြက္ရန္လိုအပ္ေသာ အေျခအေနမ်ားကိုလည္း ႏွစ္ဖက္အၾကား၌ ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

KNU ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးႏွင့္အတူ KNU ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ပဒိုေ႐ႊေမာင္းတို႔သည္ ယမန္ေန႔တြင္ ေနျပည္ ေတာ္၌ က်င္းပခဲ့ေသာ NCA (၈)ႏွစ္ျပည့္အခမ္းအနားသို႔ တက္ေရာက္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထပ္မံေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရးအတြက္ ေစာမူတူးေစးဖိုးအေနျဖင့္ အေျခအေနေပးပါက ေဆာင္႐ြက္လိုသည့္စိတ္ဆႏၵရွိေၾကာင္းလည္း ၎ႏွင့္နီးစပ္သူမ်ားက NP News ကို ေျပာဆိုထားဖူးသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေစာမူတူးေစးဖိုးတို႔သည္ ၿပီးခဲ့ေသာ စက္တင္ဘာ ၃၀ ရက္ေန႔တြင္လည္း ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးသည္။

သို႔ေသာ္ လက္ရွိ KNU ဥကၠ႒ပဒိုေစာကြယ္ထူးဝင္းႏွင့္အဖြဲ႕သည္ NCA (၈)ႏွစ္ျပည့္အခမ္းအနားသို႔ တက္ေရာက္ခဲ့ျခင္းမရွိသ ကဲ့သို႔ ၿပီးခဲ့ေသာ ကာလမ်ားအတြင္းတြင္လည္း KNU ႏွင့္ တပ္မေတာ္တို႔အၾကား၌ စစ္ေရးပဋိပကၡမ်ား ျဖစ္ပြားခဲ့ဖူးသည္။

အလားတူ ယေန႔တြင္လည္း ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ရွမ္းလက္နက္ကိုင္အ ဖြဲ႕တစ္ခုျဖစ္ေသာ RCSS ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္တို႔ ထပ္မံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

၎ကဲ့သို႔ေတြ႕ဆုံရာတြင္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ NCA လမ္းေၾကာင္းအတိုင္း ဆက္လက္ေဆာင္႐ြက္သြားရန္ လိုအပ္သည့္အေျခအေနမ်ားကိုလည္း ႏွစ္ဖက္အၾကား ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္ဟု နစကမွ သတင္းထုတ္ျပန္ထားသည္။

Picture

L Mone

17/10/2023 09:00

လူလိုသူလို..သိလို..ငြိမ်းချမ်းစေချင်နေကြတာပါ...ကြွက်လို..ကြောင်လို .မြေခွေးလို..ဂျပိုးလိုလို..သန်းလိုလိုကောင်တွေက..ဘယ်ငြိမ်းချမ်းရေးသိပါ့မလဲ? ကိုယ်စားရ..ရင်..ကိုယ်ဝရင်ရပြီလေ..

Related news

© 2021. All rights reserved.