ရန်ကုန်ပြည်သူ့ရင်ပြင်၌ အောက်တိုဘာလ ၂၇ ရက်တွင် သီတင်းကျွတ်မီးထွန်းပွဲတော် စတင်ကျင်းပမည်

1192
NP News - အောက်တိုဘာ ၁၈
ရန်ကုန်ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၇ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှသိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်အတွင်း သီတင်းကျွတ် မီးထွန်း ပွဲတော်ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မီးဆိုင်းများ၊ ဖျော်ဖြေရေးစင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများထားရှိရန် ဆောင်ရွက်နေကြောင်းသိရသည်။
“အောက်တိုဘာလ ၂၇၊ ၂၈၊ ၂၉၊ ၃၀ မှာ စျေးဆိုင်ခန်းတွေရော၊ ဖျော်ဖြေရေးအစီအစဉ်တွေပါ ထည့်သွင်းထားပါတယ်”ဟု ပန်းဥယျာဉ်ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မြို့နယ် ၁၂ မြို့နယ်၏ ပန်းကွက်ဖော်မှုများကိုလည်း ဆောင်ရွက်နေကြောင်းသိရသည်။
ယခုနှစ်သင်္ကြန်ပွဲတော်မှစတင်ကာ ရန်ကုန်မြို့ရှိ ပြည်သူရင်ပြင်၌ ပျော်ပွဲရွှင်ပွဲများပြန်လည်ကျင်းပလာခဲ့ပြီး သီတင်းကျွတ်နှင့်တန်ဆောင်တိုင်ကာလများတွင် မီးထွန်းပွဲတော်များ ကျင်းပရန် စီစဉ်နေကြောင်းသိရသည်။
zawgyi version
ရန္ကုန္ျပည္သူ႔ရင္ျပင္၌ ေအာက္တိုဘာလ ၂၇ ရက္တြင္ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ စတင္က်င္းပမည္
NP News - ေအာက္တိုဘာ ၁၈
ရန္ကုန္ျပည္သူ႔ရင္ျပင္၌ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ကို လာမည့္ ေအာက္တိုဘာလ ၂၇ ရက္တြင္က်င္းပမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္မွသိရသည္။
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္၊ ျပည္လမ္းရွိ ျပည္သူ႔ရင္ျပင္ ႏွင့္ ျပည္သူ႔ဥယ်ာဥ္အတြင္း သီတင္းကြၽတ္ မီးထြန္း ပြဲေတာ္က်င္းပမည္ျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ မီးဆိုင္းမ်ား၊ ေဖ်ာ္ေျဖေရးစင္ျမင့္၊ စားေသာက္ဆိုင္ခန္းႏွင့္ ေဈးဆိုင္ခန္းမ်ားထားရွိရန္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
“ေအာက္တိုဘာလ ၂၇၊ ၂၈၊ ၂၉၊ ၃၀ မွာ ေစ်းဆိုင္ခန္းေတြေရာ၊ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြပါ ထည့္သြင္းထားပါတယ္”ဟု ပန္းဥယ်ာဥ္ဌာနမွတာဝန္ရွိသူတစ္ဦးက ေျပာသည္။
သီတင္းကြၽတ္ မီးထြန္းပြဲေတာ္အတြက္ ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရးအဖြဲ႕ ၿမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္၏ ပန္းကြက္ေဖာ္မႈမ်ားကိုလည္း ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
ယခုႏွစ္သၾကၤန္ပြဲေတာ္မွစတင္ကာ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူရင္ျပင္၌ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားျပန္လည္က်င္းပလာခဲ့ၿပီး သီတင္းကြၽတ္ႏွင့္တန္ေဆာင္တိုင္ကာလမ်ားတြင္ မီးထြန္းပြဲေတာ္မ်ား က်င္းပရန္ စီစဥ္ေနေၾကာင္းသိရသည္။