ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင် တည်ဆောက်မည်

2303

မျိုးကြီး (NP News) - အောက်တိုဘာ ၂ဝ
ရွှေတိဂုံဘုရား(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင် တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါမြေအောက်လမ်းကူးလူသွားဥမင်(underpass) တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က သတင်းထုတ်ပြန်ထားသည်။
မြေအောက်လမ်းကူးလူသွားဥမင်ကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ ရွှေတိဂုံစေတီတော်(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကြားတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နှင့် သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးအပါအဝင် ခေတ်မီအခြေခံအဆောက်အဦးတစ်ခု ထပ်မံ ပေါ်ပေါက်လာစေရန် ရည် ရွယ်ကာ တည်ဆောက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က ဆိုသည်။
၎င်း မြေအောက်လမ်းကူးလူသွားဥမင်သည် အလျား ၄၆၁ ပေ ၉ လက်မ အရှည်ရှိပြီး လူသွားလမ်းအကျယ်မှာ ၂၃ ပေ ရှိကြောင်း သိရသည်။
ထို့ပြင် မြေအောက်လမ်းကူးလူသွားဥမင်တွင် ဝင်ထွက်ပေါက် (၄)ပေါက် ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား (၄) စင်း၊ မသန်စွမ်းသူများအသုံးပြုရန် (၁ဝ)ယောက်စီး ဓာတ်လှေကား (၂)စင်းတို့ကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံဘုရား(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင်၏ စီမံကိန်းကာ လမှာ (၁၄)လခန့်ကြာမြှင့်နိုင်မည်ဟုလည်း ရန်ကုန်မြို့တော်စည်ပင်က အသိပေးထားသည်။

Zawgyi Version;
ေ႐ႊတိဂုံဘုရားႏွင့္ ျပည္သူ႔ရင္ျပင္ကို ဆက္သြယ္မည့္ ေျမေအာက္လမ္းကူးလူသြားဥမင္ တည္ေဆာက္မည္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၂ဝ
ေ႐ႊတိဂုံဘုရား(အေနာက္ဘက္မုခ္) ႏွင့္ ျပည္သူ့ရင္ျပင္ကို ဆက္သြယ္မည့္ ေျမေအာက္လမ္းကူးလူသြားဥမင္ တစ္ခု တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
အဆိုပါေျမေအာက္လမ္းကူးလူသြားဥမင္(underpass) တည္ေဆာက္ရန္အတြက္ ေျမသန႔္မဂၤလာအခမ္းအနားကို ယမန္ေန႔ (ေအာက္တိုဘာ ၁၉ ရက္) တြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ က သတင္းထုတ္ျပန္ထားသည္။
ေျမေအာက္လမ္းကူးလူသြားဥမင္ကို ဒဂုံၿမိဳ႕နယ္၊ ဦးဝိစာရလမ္း၊ ေ႐ႊတိဂုံေစတီေတာ္(အေနာက္ဘက္မုခ္) ႏွင့္ ျပည္သူ႔ရင္ျပင္ၾကားတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ႀကီးၾကပ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေ႐ႊတိဂုံေစတီေတာ္ႏွင့္ ျပည္သူ႔ရင္ျပင္သို႔ ျပည္သူမ်ားသြားလာရာတြင္ ယာဥ္အႏၲရာယ္ကင္းရွင္းေစရန္ ႏွင့္ သက္ေသာင့္သက္သာ ျဖတ္သန္းသြားလာႏိုင္ေရးအပါအဝင္ ေခတ္မီအေျခခံအေဆာက္အဦးတစ္ခု ထပ္မံ ေပၚေပါက္လာေစရန္ ရည္ ႐ြယ္ကာ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ဆိုသည္။
၎ ေျမေအာက္လမ္းကူးလူသြားဥမင္သည္ အလ်ား ၄၆၁ ေပ ၉ လက္မ အရွည္ရွိၿပီး လူသြားလမ္းအက်ယ္မွာ ၂၃ ေပ ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ေျမေအာက္လမ္းကူးလူသြားဥမင္တြင္ ဝင္ထြက္ေပါက္ (၄)ေပါက္ ပါဝင္မည္ျဖစ္ၿပီး ေ႐ြ႕လ်ားစက္ေလွကား (၄) စင္း၊ မသန္စြမ္းသူမ်ားအသုံးျပဳရန္ (၁ဝ)ေယာက္စီး ဓာတ္ေလွကား (၂)စင္းတို႔ကိုလည္း ထည့္သြင္းတည္ ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေ႐ႊတိဂုံဘုရား(အေနာက္ဘက္မုခ္) ႏွင့္ ျပည္သူ႔ရင္ျပင္ကို ဆက္သြယ္မည့္ ေျမေအာက္လမ္းကူးလူသြားဥမင္၏ စီမံကိန္းကာ လမွာ (၁၄)လခန႔္ၾကာျမႇင့္ႏိုင္မည္ဟုလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က အသိေပးထားသည္။