ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်း၏ရုပ်အလောင်းအား (၁၀)နာရီနီးပါး ခက်ခက်ခဲခဲထုတ်ယူခဲ့ရ

 1106

Pearl (NP News) - အောက်တိုဘာ ၂၁

ရန်ကုန်-မန္တလေး လမ်းဟောင်း၌ တွဲကားနောက်ပိုင်းကို (၁၂)ဘီးကားမှ အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်)၊ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာရှေ့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်း၌ ကြက်စာများတင်လာသောတွဲကား၏ နောက်ပိုင်းကို အအေးကတ် နှင့် ရေသန့်ကတ်များ တင်လာသော (၁၂)ဘီးကားမှ အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

"ရန်ကုန်ဘက်ကနေ မန္တလေးဘက်လာတဲ့ကား (၂)စီးတိုက်မိတာ‌ပေါ့။ အရှိန်တော်တော်ကိုပြင်းတယ်။ ဖြစ်ဖြစ်ချင်း လူနာက အသက်ရှင်သေးတော့ Oxygen ပေးပြီး ကယ်ဆယ်ရေးတွေလုပ်တာ။ ကားက အရှိန်တော်တော်ပြင်းတော့ တစ်စီးနဲ့တစ်စီးကို ဘယ်လိုမှကို ခွာလို့မရဘူး။ ည(၁၂)နာရီလောက်မှာ Dead Body ဖြစ်သွားတယ်။ ဒီမနက် (၁၀)နာရီလောက်မှာတော့ Dead Body ကို အပြင်ထုတ်လို့ရသွားတယ်"ဟု ရင်ခုန်သံရှင်ရေး ကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်ကြောင့် (၁၂)ဘီးကား၏ယာဉ်မောင်းအမျိုးသား ကားအတွင်း၌ညပ်နေပြီး အရေးပေါ် Oxygen တပ်ဆင်ပေး၍ ရင်ခုန်သံ ရှင်/ကူ Rescue ပစ္စည်းအစုံအပြင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ Cutter မျိုးစုံဖြင့် ကယ်ထုတ်သော်လဲ မထုတ်ယူနိုင်ဘဲ ည(၁၂)ခွဲအချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ (အောက်တိုဘာလ ၂၁ ရက်) ၊ နံနက် (၁၀)နာရီ အချိန်ခန့်တွင် ၁၂ဘီးကား ယာဉ်မောင်း၏ ရုပ်အလောင်းအား အပြင်သို့သယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

သေဆုံးသူသည် မိတ္ထီလာမြို့တွင် နေထိုင်သော အသက်(၃၅)နှစ် ခန့်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား ကျွဲပွဲတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးလမ္းေဟာင္း၌ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ယာဥ္ေမာင္း၏႐ုပ္အေလာင္းအား (၁၀)နာရီနီးပါး ခက္ခက္ခဲခဲထုတ္ယူခဲ့ရ
Pearl (NP News) - ေအာက္တိုဘာ ၂၁

ရန္ကုန္-မႏၲေလး လမ္းေဟာင္း၌ တြဲကားေနာက္ပိုင္းကို (၁၂)ဘီးကားမွ အရွိန္ျပင္းစြာ တိုက္မိမႈေၾကာင့္ ယာဥ္ေမာင္းတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရး ကူညီမႈအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာလ ၂၀ ရက္)၊ ည (၁၁)နာရီခြဲ အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕နယ္၊ အင္ဒိုင္းေက်း႐ြာေရွ႕၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္း၌ ၾကက္စာမ်ားတင္လာေသာတြဲကား၏ ေနာက္ပိုင္းကို အေအးကတ္ ႏွင့္ ေရသန႔္ကတ္မ်ား တင္လာေသာ (၁၂)ဘီးကားမွ အရွိန္ျပင္းစြာ ဝင္တိုက္မိခဲ့ေၾကာင္း သိရသည္။

"ရန္ကုန္ဘက္ကေန မႏၲေလးဘက္လာတဲ့ကား (၂)စီးတိုက္မိတာ‌ေပါ့။ အရွိန္ေတာ္ေတာ္ကိုျပင္းတယ္။ ျဖစ္ျဖစ္ခ်င္း လူနာက အသက္ရွင္ေသးေတာ့ Oxygen ေပးၿပီး ကယ္ဆယ္ေရးေတြလုပ္တာ။ ကားက အရွိန္ေတာ္ေတာ္ျပင္းေတာ့ တစ္စီးနဲ႔တစ္စီးကို ဘယ္လိုမွကို ခြာလို႔မရဘူး။ ည(၁၂)နာရီေလာက္မွာ Dead Body ျဖစ္သြားတယ္။ ဒီမနက္ (၁၀)နာရီေလာက္မွာေတာ့ Dead Body ကို အျပင္ထုတ္လို႔ရသြားတယ္"ဟု ရင္ခုန္သံရွင္ေရး ကူညီမႈအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္ေၾကာင့္ (၁၂)ဘီးကား၏ယာဥ္ေမာင္းအမ်ိဳးသား ကားအတြင္း၌ညပ္ေနၿပီး အေရးေပၚ Oxygen တပ္ဆင္ေပး၍ ရင္ခုန္သံ ရွင္/ကူ Rescue ပစၥည္းအစုံအျပင္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ Cutter မ်ိဳးစုံျဖင့္ ကယ္ထုတ္ေသာ္လဲ မထုတ္ယူႏိုင္ဘဲ ည(၁၂)ခြဲအခ်ိန္ခန႔္တြင္ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ယေန႔ (ေအာက္တိုဘာလ ၂၁ ရက္) ၊ နံနက္ (၁၀)နာရီ အခ်ိန္ခန႔္တြင္ ၁၂ဘီးကား ယာဥ္ေမာင္း၏ ႐ုပ္အေလာင္းအား အျပင္သို႔သယ္ထုတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ေသဆုံးသူသည္ မိတၳီလာၿမိဳ႕တြင္ ေနထိုင္ေသာ အသက္(၃၅)ႏွစ္ ခန႔္ရွိအမ်ိဳးသားတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ ၎႐ုပ္အေလာင္းအား ကြၽဲပြဲတိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.