မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး ပေ(၅၀)ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ

 18529

သန့်ဇင် (NP News) - အောက်တိုဘာ ၂၂

မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ခရီးသည်တင်အန်စာတုံးကားတစ်စီး လမ်းဘေးချောက်နက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် (၁၁)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(အောက်တိုဘာလ ၂၂ ရက်)၊ နံနက် ၂နာရီအချိန်တွင် မန္တလေး-ပြင်ဦးလွင်လမ်း ၁၈/၁ မိုင်တွင်ဖြစ်ပွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)ထံမှ သိရသည်။

“ကားက ပခုက္ကူ-မန္တလေး-ပြင်ဦးလွင်ကို ပြေးဆွဲတဲ့ကားပါ။ ပြင်ဦးလွင်က ဆင်းလာတဲ့ အဆင်းကားပေါ့။ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲကျတာပေါ့နော်”ဟု စေတနာရှင်လူမှုကူညီရေးအသင်း(အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်ပါလာသည် လူ(၁၁)ဦးအနက် (၁၀)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် စိုးရိမ်ဖွယ်ရာဒဏ်ရာများရရှိခဲ့ကာ ကျန်(၁၀)ဦးမှာလည်း ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းရယ် ယာဉ်နောက်လိုက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာပါ။ ကျန်တဲ့ ခရီးသည်တွေကတော့ ဒဏ်ရာတွေများတယ်ပေါ့။ ခုက ပေ(၅၀)လောက်နက်တဲ့ချောက်ထဲပြုတ်ကျတာ။ အရင်ကလဲအဲဒီနေရာမှာက ခဏခဏဖြစ်ဖူးတဲ့နေရာပေါ့”ဟု ၎င်းကဆက် လက်ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မိုင်တိုင်အမှတ် ၁၈ နှင့် ၁၉ ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လိုအပ်သည်ပြုပြင်မှုများလုပ်ဆောင်ပေးရန် ဒေသခံများက အကြံပြုပြောကြားထားသည်။

zawgyi version
မႏၲေလး-ျပင္ဦးလြင္ကားလမ္းတြင္ ခရီးသည္တင္ကားတစ္စီး ေပ(၅၀)ခန႔္နက္ေသာ ေခ်ာက္ထဲသို႔ ထိုးက်တိမ္းေမွာက္ခဲ့ရာ လူ(၁၁)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၂

မႏၲေလး-ျပင္ဦးလြင္ကားလမ္းတြင္ ခရီးသည္တင္အန္စာတုံးကားတစ္စီး လမ္းေဘးေခ်ာက္နက္ထဲသို႔ ထိုးက်တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါခရီးသည္ (၁၁)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(ေအာက္တိုဘာလ ၂၂ ရက္)၊ နံနက္ ၂နာရီအခ်ိန္တြင္ မႏၲေလး-ျပင္ဦးလြင္လမ္း ၁၈/၁ မိုင္တြင္ျဖစ္ပြားခဲ့ေၾကာင္း ေစတနာမြန္လူမႈကူညီေရးအသင္း(အုန္းေခ်ာ)ထံမွ သိရသည္။

“ကားက ပခုကၠဴ-မႏၲေလး-ျပင္ဦးလြင္ကို ေျပးဆြဲတဲ့ကားပါ။ ျပင္ဦးလြင္က ဆင္းလာတဲ့ အဆင္းကားေပါ့။ ကားက ဘရိတ္ေပါက္ၿပီး ေခ်ာက္ထဲက်တာေပါ့ေနာ္”ဟု ေစတနာရွင္လူမႈကူညီေရးအသင္း(အုန္းေခ်ာ)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္ပါလာသည္ လူ(၁၁)ဦးအနက္ (၁၀)ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္တစ္ဦးသည္ မ်က္ႏွာႏွင့္ ဦးေခါင္းတို႔တြင္ စိုးရိမ္ဖြယ္ရာဒဏ္ရာမ်ားရရွိခဲ့ကာ က်န္(၁၀)ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းရယ္ ယာဥ္ေနာက္လိုက္ကေတာ့ ပြန္းပဲ့ဒဏ္ရာေလာက္ပဲရတာပါ။ က်န္တဲ့ ခရီးသည္ေတြကေတာ့ ဒဏ္ရာေတြမ်ားတယ္ေပါ့။ ခုက ေပ(၅၀)ေလာက္နက္တဲ့ေခ်ာက္ထဲျပဳတ္က်တာ။ အရင္ကလဲအဲဒီေနရာမွာက ခဏခဏျဖစ္ဖူးတဲ့ေနရာေပါ့”ဟု ၎ကဆက္ လက္ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္အတြင္း ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေစတနာမြန္လူမႈကူညီေရးအသင္း(အုန္းေခ်ာ)မွ မႏၲေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

၎ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည့္ မိုင္တိုင္အမွတ္ ၁၈ ႏွင့္ ၁၉ ၾကားတြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္မ်ား မၾကာခဏဆိုသကဲ့သို႔ ျဖစ္ပြားလ်က္ရွိေနသည့္အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ လိုအပ္သည္ျပဳျပင္မႈမ်ားလုပ္ေဆာင္ေပးရန္ ေဒသခံမ်ားက အႀကံျပဳေျပာကြားထားသည္။

Related news

© 2021. All rights reserved.