ရန်ကုန်မြို့၌ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်များကို ပြင်ဆင်သတ်မှတ်

 27797

မြူနစ် (NP News) - အောက်တိုဘာ ၂၇

ရန်ကုန်မြို့၌ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်များကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယခင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ ညမထွက်ရအချိန်အား ည (၁၂) နာရီမှ နံနက် (၄)နာရီအတွင်း သတ်မှတ်ကာ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ရှိ မြို့နယ်အသီးသီး၌ ညမထွက်ရအချိန်ကို နံနက် (၁)နာရီမှ နံနက်(၃) နာရီအတွင်း သတ်မှတ်ကာ ပြင်ဆင်အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“ရန်ကုန်မှာ ညမထွက်ရအမိန့်အချိန်ကို ပြင်ဆင်သတ်မှတ်တယ်ဆိုတာ ဟုတ်ပါတယ်။ မှန်ပါတယ်။ ည ၁ နာရီကနေ မနက် ၃ နာရီလို့ ပြင်လိုက်တာ။ အမိန့်စာတွေ ထွက်ထားပြီးပါပြီ။ အခြားတိုင်းတွေလည်း ရှိတယ်လေ။ မန္တလေးတို့ ဘာတို့ ရှိတယ် ကြားတယ်။ အကုန်လုံးပါမှာပါ။ မငြိမ်တဲ့ဘက်တွေတော့ ပါမှာမဟုတ်သေးဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း၌ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ယနေ့(အောက်တိုဘာလ ၂၇ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်း၌ ယခင်က ထုတ်ပြန်ထားသည့် ညမထွက်အရမိန့်အား ယမန်နေ့(အောက်တိုဘာလ ၂၆ ရက်)မှစတင်ကာ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ပုဒ္မ ၁၄၄ အရ အမိန႔္ထုတ္ျပန္ထားသည့္ ညမထြက္ရအခ်ိန္မ်ားကို ျပင္ဆင္သတ္မွတ္
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၂၇

ရန္ကုန္ၿမိဳ႕၌ ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၁၄၄ အရ အမိန႔္ထုတ္ျပန္ထားသည့္ ညမထြက္ရအခ်ိန္မ်ားကို ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

ယခင္က ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အသီးသီး၌ ညမထြက္ရအခ်ိန္အား ည (၁၂) နာရီမွ နံနက္ (၄)နာရီအတြင္း သတ္မွတ္ကာ အမိန႔္ထုတ္ျပန္ထားျခင္းျဖစ္သည္။

လက္ရွိတြင္ ရန္ကုန္ရွိ ၿမိဳ႕နယ္အသီးသီး၌ ညမထြက္ရအခ်ိန္ကို နံနက္ (၁)နာရီမွ နံနက္(၃) နာရီအတြင္း သတ္မွတ္ကာ ျပင္ဆင္အမိန႔္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

“ရန္ကုန္မွာ ညမထြက္ရအမိန႔္အခ်ိန္ကို ျပင္ဆင္သတ္မွတ္တယ္ဆိုတာ ဟုတ္ပါတယ္။ မွန္ပါတယ္။ ည ၁ နာရီကေန မနက္ ၃ နာရီလို႔ ျပင္လိုက္တာ။ အမိန႔္စာေတြ ထြက္ထားၿပီးပါၿပီ။ အျခားတိုင္းေတြလည္း ရွိတယ္ေလ။ မႏၲေလးတို႔ ဘာတို႔ ရွိတယ္ ၾကားတယ္။ အကုန္လုံးပါမွာပါ။ မၿငိမ္တဲ့ဘက္ေတြေတာ့ ပါမွာမဟုတ္ေသးဘူး”ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

အလားတူ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္း၌ ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၁၄၄ အရ ည (၁၂)နာရီမွ နံနက္ (၄)နာရီအတြင္း ညမထြက္ရအမိန႔္ကို ယေန႔(ေအာက္တိုဘာလ ၂၇ ရက္) တြင္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

ထို႔ျပင္ မေကြးတိုင္း၊ မေကြးၿမိဳ႕နယ္အတြင္း၌ ယခင္က ထုတ္ျပန္ထားသည့္ ညမထြက္အရမိန႔္အား ယမန္ေန႔(ေအာက္တိုဘာလ ၂၆ ရက္)မွစတင္ကာ ျပန္လည္ပယ္ဖ်က္လိုက္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.