ခရီးသွားဧည့်သည်များပြားမှုကြောင့် ဝန်မနိုင်ဖြစ်ကာ မန္တလေးဦးပိန်တံတား ကျိုးကျမှုဖြစ်ပွား

13849

Pearl (NP News) - အောက်တိုဘာ ၂၉
ခရီးသွားဧည့်သည်များပြားမှုကြောင့် ဝန်မနိုင်ဖြစ်ကာ မန္တလေးဦးပိန်တံတား ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂၉ ရက်)၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ရှေ့ဘက်ခြမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၂၉ ရက်) သီတင်းကျွတ်လပြည်နေ့တွင် တောင်သမန်ဦးပိန်တံတား၌ ပြည်တွင်းခရီးသွား ဧည့်သည်များ အများအပြား လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခရီးသွားဧည့်သည်များပြားမှုကြောင့် ဦးပိန်တံတား အရှေ့ဘက်ခြမ်းရှိ တံတားအမှတ် (၄/၅) တို့သည် ဝန်မနိုင်ဖြစ်ကာ ကျိုးကျသွားခဲ့ကြောင်း သိရသည်။
"အရှေ့ဘက်ကမ်းကဖြစ်တာ။ တံတားအမှတ် (၄/၅) အကန့်လိုက်ပြုတ်ကျတာပေါ့။ လူအရမ်းများပြီး ဝန်မနိုင်တော့ဘဲ အတွဲလိုက် ပြုတ်ကျသွားတာ ။ ကြီးကြီးမားများထိခိုက်ဒဏ်ရာရတဲ့ လူတော့ မရှိပါဘူး" ဟု ဒေသခံများက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် လာရောက်လည်ပတ်သူ ခရီးသွားများအနက် အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး(၈)ဦး ရေထဲ ပြုတ်ကျခဲ့ပြီး ပွန်းပဲ့ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တာဝန်ရှိသူများ နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သော ကူညီကယ်ဆယ်ရေးနှင့် တံတား ပြုပြင်ရေးများကို ဆက်လက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ဦးပိန်တံတားသည် သက်တမ်း ၂ဝဝ နီးပါးရှိပြီဖြစ်ပြီး၊ တောင်သမန်အင်းကိုဖြတ်၍ ဖောက်လုပ်ထားခြင်းထားဖြစ်ကာ၊ ကျွန်းသစ်များဖြင့် ထည့်သွင်းတည်ဆောက်ထားသည့် ကမ္ဘာကျော် သစ်သားတံတားတစ်စင်းလည်း ဖြစ်သည်။

Zawgyi Version;
ခရီးသြားဧည့္သည္မ်ားျပားမႈေၾကာင့္ ဝန္မႏိုင္ျဖစ္ကာ မႏၲေလးဦးပိန္တံတား က်ိဳးက်မႈျဖစ္ပြား
Pearl (NP News) - ေအာက္တိုဘာ ၂၉
ခရီးသြားဧည့္သည္မ်ားျပားမႈေၾကာင့္ ဝန္မႏိုင္ျဖစ္ကာ မႏၲေလးဦးပိန္တံတား က်ိဳးက်မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံ မ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာ ၂၉ ရက္)၊ ေန႔လည္ (၂)နာရီ အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္ရွိ ဦးပိန္တံတား ေရွ႕ဘက္ျခမ္းတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယေန႔(ေအာက္တိုဘာ ၂၉ ရက္) သီတင္းကြၽတ္လျပည္ေန႔တြင္ ေတာင္သမန္ဦးပိန္တံတား၌ ျပည္တြင္းခရီးသြား ဧည့္သည္မ်ား အမ်ားအျပား လာေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ခရီးသြားဧည့္သည္မ်ားျပားမႈေၾကာင့္ ဦးပိန္တံတား အေရွ႕ဘက္ျခမ္းရွိ တံတားအမွတ္ (၄/၅) တို႔သည္ ဝန္မႏိုင္ျဖစ္ကာ က်ိဳးက်သြားခဲ့ေၾကာင္း သိရသည္။
"အေရွ႕ဘက္ကမ္းကျဖစ္တာ။ တံတားအမွတ္ (၄/၅) အကန႔္လိုက္ျပဳတ္က်တာေပါ့။ လူအရမ္းမ်ားၿပီး ဝန္မႏိုင္ေတာ့ဘဲ အတြဲလိုက္ ျပဳတ္က်သြားတာ ။ ႀကီးႀကီးမားမ်ားထိခိုက္ဒဏ္ရာရတဲ့ လူေတာ့ မရွိပါဘူး" ဟု ေဒသခံမ်ားက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ လာေရာက္လည္ပတ္သူ ခရီးသြားမ်ားအနက္ အမ်ိဳးသား(၁၅)ဦး ႏွင့္ အမ်ိဳးသမီး(၈)ဦး ေရထဲ ျပဳတ္က်ခဲ့ၿပီး ပြန္းပဲ့ဒဏ္ရာအခ်ိဳ႕ရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တာဝန္ရွိသူမ်ား ႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ားက လိုအပ္ေသာ ကူညီကယ္ဆယ္ေရးႏွင့္ တံတား ျပဳျပင္ေရးမ်ားကို ဆက္လက္လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။
ဦးပိန္တံတားသည္ သက္တမ္း ၂ဝဝ နီးပါးရွိၿပီျဖစ္ၿပီး၊ ေတာင္သမန္အင္းကိုျဖတ္၍ ေဖာက္လုပ္ထားျခင္းထားျဖစ္ကာ၊ ကြၽန္းသစ္မ်ားျဖင့္ ထည့္သြင္းတည္ေဆာက္ထားသည့္ ကမာၻေက်ာ္ သစ္သားတံတားတစ္စင္းလည္း ျဖစ္သည္။