သံဖြူဇရပ်မြို့တွင် ဆိုင်ကယ် နှင့် လူနာတင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

1075
သန့်ဇင်(NP News) - အောက်တိုဘာ ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်နှင့် လူနာတင်ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုသည် ယနေ့ (အောက်တိုဘာလ ၃၀ ရက်)၊ ညနေ ၃နာရီ ၄၅မိနစ်အချိန်တွင် သံဖြူဇရပ်မြို့၊ ကြာကန်ဈေးအရှေ့၊ သံဖြူဇရပ်-ကျိုက္ခမီသွား ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဆိုင်ကယ်ပေါ်က လူတွေကမူးနေတာ။ အဲဒါနဲ့ တစ်ဖက်ကလာတဲ့ လူနာတင်ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပေါ့။ ကားက မုဒုံဘက်က လူနာတင်ကားပါ”ဟု ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်မှလိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် ဆိုင်ကယ်မောင်းနှင်သူ အသက်(၃၅)အရွယ်အမျိုးသားသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်အသက်(၃၆)အရွယ် အမျိုးသားသည် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့လူကတော့ နေရာတွင်ပွဲချင်းပြီးပဲဗျ။ ထိခိုက်တာကတော့ ခြေထောက်တွေ အရေပြားလန်သွားတာတွေနဲ့ ဦးခေါင်းထိထားတဲ့ ဒဏ်ရာတွေပေါ့။ ဆိုင်ကယ်နောက်ကထိုင်လိုက်တဲ့လူကတော့ ခေါင်းတော်တော်လေးပျော့သွားတာ။ ခုတော့အရေးပေါ်ဆောင် မှာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုသားအား သံဖြူဇရပ်မြို့နယ်ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး စိုးရိမ်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသားအား မော်လမြိုင်မြို့ပြည်သူ့ဆေးရုံရှိအရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
သံျဖဴဇရပ္ၿမိဳ႕တြင္ ဆိုင္ကယ္ ႏွင့္ လူနာတင္ကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၃၀
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ လူနာတင္ကားတို႔မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ ဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီး ေသဆုံးကာ တစ္ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ယာဥ္တိုက္မႈသည္ ယေန႔ (ေအာက္တိုဘာလ ၃၀ ရက္)၊ ညေန ၃နာရီ ၄၅မိနစ္အခ်ိန္တြင္ သံျဖဴဇရပ္ၿမိဳ႕၊ ၾကာကန္ေဈးအေရွ႕၊ သံျဖဴဇရပ္-က်ိဳကၡမီသြား ကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း ပိုင္ရွင္မဲ့လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ဆိုင္ကယ္ေပၚက လူေတြကမူးေနတာ။ အဲဒါနဲ႔ တစ္ဖက္ကလာတဲ့ လူနာတင္ကားနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိတာေပါ့။ ကားက မုဒုံဘက္က လူနာတင္ကားပါ”ဟု ပိုင္ရွင္မဲ့လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈတြင္ ဆိုင္ကယ္ေပၚမွလိုက္ပါလာသည့္ အမ်ိဳးသား(၂)ဦးအနက္ ဆိုင္ကယ္ေမာင္းႏွင္သူ အသက္(၃၅)အ႐ြယ္အမ်ိဳးသားသည္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး က်န္အသက္(၃၆)အ႐ြယ္ အမ်ိဳးသားသည္ စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ဆိုင္ကယ္ေမာင္းတဲ့လူကေတာ့ ေနရာတြင္ပြဲခ်င္းၿပီးပဲဗ်။ ထိခိုက္တာကေတာ့ ေျခေထာက္ေတြ အေရျပားလန္သြားတာေတြနဲ႔ ဦးေခါင္းထိထားတဲ့ ဒဏ္ရာေတြေပါ့။ ဆိုင္ကယ္ေနာက္ကထိုင္လိုက္တဲ့လူကေတာ့ ေခါင္းေတာ္ေတာ္ေလးေပ်ာ့သြားတာ။ ခုေတာ့အေရးေပၚေဆာင္ မွာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳသားအား သံျဖဴဇရပ္ၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားရွိၿပီး စိုးရိမ္ဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳးသားအား ေမာ္လၿမိဳင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံရွိအေရးေပၚဌာနသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။