ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူ‌ပေါင်း (၆၂၀၀)ကျော် ‌နေရပ်စွန့်ခွာခဲ့ရဟု UNOCHA ထုတ်ပြန်

 2281

စော(NP News) - နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွား‌နေသော တိုက်ပွဲများကြောင့် လူပေါင်း (၆၂၀၀)ကျော် နေရပ်စွန့်ခွာခဲ့ရပြီး သစ်တောများ နှင့် ဘာသာရေးဆိုင်ရာနေရာများတွင် ခိုလှုံနေရကြောင်း သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ယနေ့ (နိုဝင်ဘာလ ၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တပ်မတော်စခန်းချရာနေရာများနှင့် ရဲစခန်းများကို ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်အဖွဲ့များက ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်း နှင့် မူဆယ်မြို့နယ်များတွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပေါ်ခဲ့ပြီး တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံးက လမ်းများပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်းများ ပြုလုပ်ခြင်းကြောင့် အရပ်သား နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လူဦးရေ (၆၂၀၀)ကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး အနီးအနားရှိ သစ်တောများ နှင့် ဘာသာရေးဆိုင်ရာနေရာများတွင် ခိုလှုံနေရကြောင်း သိရသည်။

အဆိုပါ နေရပ်စွန့်ခွာခဲ့သူများကို အိမ်ရှင်ရပ်ရွာလူထုများက အစားအသောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီထားကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကိုးကန့်၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် နှင့် နမ့်ခမ်းမြို့များတွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်လျက်ရှိပြီး ကွတ်ခိုင်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

MNDAA ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) မြို့နယ်များရှိ လုံခြုံရေးစခန်းများကို အင်းအားအလုံးအရင်းများဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။

zawgyi version
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌ ျဖစ္ပြားေနေသာတိုက္ပြဲမ်ားေၾကာင့္ လူ‌ေပါင္း (၆၂၀၀)ေက်ာ္ ‌ေနရပ္စြန႔္ခြာခဲ့ရဟု UNOCHA ထုတ္ျပန္

ေစာ(NP News) - ႏိုဝင္ဘာ ၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌ ျဖစ္ပြား‌ေနေသာ တိုက္ပြဲမ်ားေၾကာင့္ လူေပါင္း (၆၂၀၀)ေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရၿပီး သစ္ေတာမ်ား ႏွင့္ ဘာသာေရးဆိုင္ရာေနရာမ်ားတြင္ ခိုလႈံေနရေၾကာင္း သိရသည္။

ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး (UNOCHA) က ယေန႔ (ႏိုဝင္ဘာလ ၂ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ တပ္မေတာ္စခန္းခ်ရာေနရာမ်ားႏွင့္ ရဲစခန္းမ်ားကို ၿပီးခဲ့သည့္ (ေအာက္တိုဘာလ ၂၇ ရက္) တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ မဟာမိတ္အဖြဲ႕မ်ားက ဆက္တိုက္ တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ခ်င္းေ႐ႊေဟာ္၊ သိႏၷီ၊ ကြတ္ခိုင္၊ ေက်ာက္မဲ၊ လားရႈိး၊ နမ့္ခမ္း ႏွင့္ မူဆယ္ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ား အျပင္းထန္ဆုံးျဖစ္ေပၚခဲ့ၿပီး တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ႏွစ္ဖက္စလုံးက လမ္းမ်ားပိတ္ျခင္း၊ စစ္ေဆးေရးဂိတ္မ်ား တိုးျမႇင့္ျခင္းမ်ား ျပဳလုပ္ျခင္းေၾကာင့္ အရပ္သား ႏွင့္ ကုန္စည္သယ္ယူပို႔ေဆာင္ေရးကို ထိခိုက္ေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၃၀)ရက္အထိ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ လူဦးေရ (၆၂၀၀)ေက်ာ္ ေနရပ္စြန႔္ခြာခဲ့ၾကရၿပီး အနီးအနားရွိ သစ္ေတာမ်ား ႏွင့္ ဘာသာေရးဆိုင္ရာေနရာမ်ားတြင္ ခိုလႈံေနရေၾကာင္း သိရသည္။

အဆိုပါ ေနရပ္စြန႔္ခြာခဲ့သူမ်ားကို အိမ္ရွင္ရပ္႐ြာလူထုမ်ားက အစားအေသာက္ႏွင့္ အျခားကယ္ဆယ္ေရးပစၥည္းမ်ား ေထာက္ပံ့ကူညီထားေၾကာင္း သိရသည္။

တိုက္ပြဲမ်ားေၾကာင့္ ကိုးကန႔္၊ သိႏၷီ၊ ကြတ္ခိုင္၊ မူဆယ္ ႏွင့္ နမ့္ခမ္းၿမိဳ႕မ်ားတြင္ ဆက္သြယ္ေရးႏွင့္ အင္တာနက္ဝန္ေဆာင္မႈမ်ား ျပတ္ေတာက္လ်က္ရွိၿပီး ကြတ္ခိုင္ၿမိဳ႕တြင္ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ခဲ့ေၾကာင္း သိရသည္။

MNDAA ဦးေဆာင္ေသာ မဟာမိတ္တပ္ဖြဲ႕သည္ (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္ နယ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္မ်ားရွိ လုံၿခဳံေရးစခန္းမ်ားကို အင္းအားအလုံးအရင္းမ်ားျဖင့္ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိသည္။

Related news

© 2021. All rights reserved.