ဂျပန်နိုင်ငံမှ တတိယအသုတ်မြောက် ဖူကူရှီးမားနျူကလီးယား သန့်စင်ပြီး ရေဆိုးများ ပင်လယ်ထဲစွန့်ပစ်
570
ရောင်နီ (NP News) - နိုဝင်ဘာ ၂
ဂျပန်နိုင်ငံဟာ တရုတ်၊ ရုရှားတို့က ဂျပန်ပင်လယ်စာတွေ တားမြစ်ပိတ်ပင်နေတဲ့ကြားက ကြာသပတေးနေ့ (နိုဝင်ဘာ ၂ ရက်) မှာ ပျက်စီးနေတဲ့ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ သန့်စင်ထားတဲ့ရေဆိုးတွေကို တတိယ အသုတ်မြောက် ပင်လယ်ထဲ ထုတ်လွှတ်ခဲ့ပါတယ်။
တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ (TEPCO) က ၂ဝ၁၁ ခုနှစ် ဆူနာမီအတွင်း ပျက်စီးသွားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို အအေးပေးဖို့အတွက် အသုံးပြုခဲ့တဲ့ ရေတန်ချိန် ၇၈ဝဝ ကို သန့်စင်ကာ ပင်လယ်ထဲ ထုတ်လွှတ်နေတာပါ။
"ဒီလိုရေဆိုးထုတ်လွှတ်မှုတွေကို လာမယ့် ၁၇ ရက်အတွင်း အပြီးသတ်ဖို့ ခန့်မှန်းထားတယ်" လို့ TEPCO ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားပါတယ်။ ဩဂုတ်လ နှောင်းပိုင်းမှစ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံဝန်းအတွင်း သိုလှောင်ထားတဲ့ အိုလံပစ်ရေကူးကန်ပေါင်း ၅၄ဝ စာ တန်ချိန်ရှိ ရေဆိုးတွေကို စတင်ထုတ်လွှတ်ခဲ့တာပါ။ နောက်ထပ် ရေလှောင်ကန်တွေ တည်ဆောက်ဖို့ စက်ရုံမှာ နေရာလွတ်မရှိတော့တာကြောင့် ရေဒီယိုသတ္တိကြွ လောင်စာဆီနဲ့အပျက်အစီးတွေကို ဖယ်ရှားခြင်းဖြစ်ပါတယ်။ ထုတ်လွှတ်လိုက်တဲ့ရေတွေဟာ နျူကလီးယား အန္တရာယ်ကင်းတယ်ဆိုတာကို ဂျပန်နိုင်ငံက အခိုင်အမာ ဆိုထားပါတယ်။
ဒါပေမယ့်လည်း တရုတ်နဲ့ ရုရှားကတော့ အဆိုပါထုတ်ပြန်မှုကို ပြစ်တင်ဝေဖန်ကာ ဂျပန်ပင်လယ်စာ တင်သွင်းမှု အားလုံးကိုတားမြစ်ခဲ့ပြီး ဂျပန်ဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံမွ တတိယအသုတ္ေျမာက္ ဖူကူရွီးမားန်ဴကလီးယား သန္႔စင္ၿပီး ေရဆိုးမ်ား ပင္လယ္ထဲစြန္႔ပစ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂
ဂ်ပန္ႏိုင္ငံဟာ တ႐ုတ္၊ ႐ုရွားတို႔က ဂ်ပန္ပင္လယ္စာေတြ တားျမစ္ပိတ္ပင္ေနတဲ့ၾကားက ၾကာသပေတးေန႔ (ႏိုဝင္ဘာ ၂ ရက္) မွာ ပ်က္စီးေနတဲ့ ဖူကူရွီးမားန်ဴကလီးယားစက္႐ုံမွ သန႔္စင္ထားတဲ့ေရဆိုးေတြကို တတိယ အသုတ္ေျမာက္ ပင္လယ္ထဲ ထုတ္လႊတ္ခဲ့ပါတယ္။
တိုက်ိဳလွ်ပ္စစ္စြမ္းအင္ကုမၸဏီ (TEPCO) က ၂ဝ၁၁ ခုႏွစ္ ဆူနာမီအတြင္း ပ်က္စီးသြားတဲ့ န်ဴကလီးယား ဓာတ္ေပါင္းဖိုေတြကို အေအးေပးဖို႔အတြက္ အသုံးျပဳခဲ့တဲ့ ေရတန္ခ်ိန္ ၇၈ဝဝ ကို သန္႔စင္ကာ ပင္လယ္ထဲ ထုတ္လႊတ္ေနတာပါ။
"ဒီလိုေရဆိုးထုတ္လႊတ္မႈေတြကို လာမယ့္ ၁၇ ရက္အတြင္း အၿပီးသတ္ဖို႔ ခန႔္မွန္းထားတယ္" လို႔ TEPCO ေျပာေရး ဆိုခြင့္ရွိသူ အမ်ိဳးသမီးက ေျပာၾကားပါတယ္။ ဩဂုတ္လ ေႏွာင္းပိုင္းမွစ ဖူကူရွီးမား ဓာတ္အားေပးစက္႐ုံဝန္းအတြင္း သိုေလွာင္ထားတဲ့ အိုလံပစ္ေရကူးကန္ေပါင္း ၅၄ဝ စာ တန္ခ်ိန္ရွိ ေရဆိုးေတြကို စတင္ထုတ္လႊတ္ခဲ့တာပါ။ ေနာက္ထပ္ ေရေလွာင္ကန္ေတြ တည္ေဆာက္ဖို႔ စက္႐ုံမွာ ေနရာလြတ္မရွိေတာ့တာေၾကာင့္ ေရဒီယိုသတၱိႂကြ ေလာင္စာဆီနဲ႔အပ်က္အစီးေတြကို ဖယ္ရွားျခင္းျဖစ္ပါတယ္။ ထုတ္လႊတ္လိုက္တဲ့ေရေတြဟာ န်ဴကလီးယား အႏၲရာယ္ကင္းတယ္ဆိုတာကို ဂ်ပန္ႏိုင္ငံက အခိုင္အမာ ဆိုထားပါတယ္။
ဒါေပမယ့္လည္း တ႐ုတ္နဲ႔ ႐ုရွားကေတာ့ အဆိုပါထုတ္ျပန္မႈကို ျပစ္တင္ေဝဖန္ကာ ဂ်ပန္ပင္လယ္စာ တင္သြင္းမႈ အားလုံးကိုတားျမစ္ခဲ့ၿပီး ဂ်ပန္ဟာ သဘာဝပတ္ဝန္းက်င္ကို ညစ္ညမ္းေစခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။