ဆန်တန်ချိန် (၅၀)အထက် သိုလှောင်သည့် သိုလှောင်ရုံများအနေဖြင့် ယနေ့မှစ၍ မှတ်ပုံတင်ရမည်

3272

စော(NP News)-နိုဝင်ဘာ ၃
ဆန်တန်ချိန် (၅၀) သို့မဟုတ် စပါးတင် (၅၀၀၀)နှင့်အထက် သိုလှောင်သည့် သိုလှောင်ရုံများအနေဖြင့် ယနေ့(နိုဝင်ဘာ ၃ ရက်)မှစ၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာ ၃ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်တွင်း၌ ဆန်စပါးဖူလုံရေးအပြင် ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်ကျစာရင်းပြုစု မှတ်ပုံ တင်ထားနိုင်ရေးနှင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် ယနေ့(နိုဝင်ဘာ ၃ရက်)နေ့မှစ၍ Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) – www. myro.com.mm တွင် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဆန်တန်ချိန် (၅၀)သို့မဟုတ် စပါးတင်း (၅၀၀၀)နှင့် အထက် သိုလှောင်ထားသည့် ရုံများအားလုံး အကျုံးဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ ဖုန်းနံပါတ် (၀၆၇-၃၄၃၀၅၆၃၊ ၀၆၇-၃၄၃၀၁၃၁) နှင့် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၆၂၂/၆၂၆)၊ Myanmar International Trade Center ၊ ဖုန်းနံပါတ် (၀၁-၃၈၅၃၂၃)တို့ မေးမြန်းနိုင်ကြောင်းသိရသည်။

Zawgyi Version
ဆန္တန္ခ်ိန္ (၅၀)အထက္ သိုေလွာင္သည့္ သိုေလွာင္႐ုံမ်ားအေနျဖင့္ ယေန႔မွစ၍ မွတ္ပုံတင္ရမည္
ေစာ(NP News)-ႏိုဝင္ဘာ ၃
ဆန္တန္ခ်ိန္ (၅၀) သို႔မဟုတ္ စပါးတင္ (၅၀၀၀)ႏွင့္အထက္ သိုေလွာင္သည့္ သိုေလွာင္႐ုံမ်ားအေနျဖင့္ ယေန႔(ႏိုဝင္ဘာ ၃ ရက္)မွစ၍ မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း သိရသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ယေန႔(ႏိုဝင္ဘာ ၃ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျပည္တြင္း၌ ဆန္စပါးဖူလုံေရးအျပင္ ျပည္ပသို႔ စနစ္တက်တင္ပို႔ေရာင္းခ်ႏိုင္ေရး၊ ဆန္စပါးေဈးကြက္ႏွင့္ ေဈးႏႈန္းတည္ၿငိမ္မွန္ကန္ေစေရး၊ ဆန္စပါးသိုေလွာင္မႈ အေျခအေနမ်ားကို စနစ္က်စာရင္းျပဳစု မွတ္ပုံ တင္ထားႏိုင္ေရးႏွင့္ သိုေလွာင္႐ုံကုန္အပ္လက္မွတ္ကို အေျချပဳသည့္ ေငြေၾကးေထာက္ပံ့မႈစနစ္ကို ေဖာ္ေဆာင္ႏိုင္ေရးတို႔အတြက္ မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္တြင္း၌ လုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိသည့္ ဆန္စပါးသိုေလွာင္႐ုံလုပ္ငန္းမ်ားအေနျဖင့္ ယေန႔(ႏိုဝင္ဘာ ၃ရက္)ေန႔မွစ၍ Online Registration စနစ္ျဖင့္ Myanmar Rice Online (MyRo) – www. myro.com.mm တြင္ မွတ္ပုံတင္ျခင္းကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔သို႔ မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ဆန္တန္ခ်ိန္ (၅၀)သို႔မဟုတ္ စပါးတင္း (၅၀၀၀)ႏွင့္ အထက္ သိုေလွာင္ထားသည့္ ႐ုံမ်ားအားလုံး အက်ဳံးဝင္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဆိုသည္။
အဆိုပါ ဆန္စပါးသိုေလွာင္႐ုံမ်ား မွတ္ပုံတင္ျခင္းႏွင့္ ပတ္သက္၍ သိရွိလိုပါက စားသုံးသူေရးရာဦးစီးဌာန၏ ဖုန္းနံပါတ္ (၀၆၇-၃၄၃၀၅၆၃၊ ၀၆၇-၃၄၃၀၁၃၁) ႏွင့္ ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ကုန္သည္လမ္း၊ အမွတ္ (၆၂၂/၆၂၆)၊ Myanmar International Trade Center ၊ ဖုန္းနံပါတ္ (၀၁-၃၈၅၃၂၃)တို႔ ေမးျမန္းႏိုင္ေၾကာင္းသိရသည္။