ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ HONDA FIT ပေါ် ပိမိ

 1205

သန့်ဇင် (NP News) - နိုဝင်ဘာ ၄

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ HONDA FIT အိမ်စီးကားပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်)၊ နေ့လည် ၂ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း နှင့် နဝဒေးရုပ်ရှင်ရုံလမ်းထောင့်၊ လမ်းဝမီးပွိုင့်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေး အသင်းထံမှ သိရသည်။

“ဖြစ်စဉ်တော့ အတိအကျမသိခဲ့ဘူးဗျ။ ကျွန်တော်တို့လဲ မှောက်ပြီးမှ ရောက်တာဆိုတော့လေ။ ကုန်ကားက မှောက်ပြီး HONDA FIT ကား ပေါ်ကို ပိမိတာပေါ့။ မှောက်တဲ့ကားက ဆန်တွေ တင်လာတဲ့ကားပါ” ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကုန်တင်ကားပိမိသည့် HONDA FIT အိမ်စီးကား၌ ကားခေါင်းပိုင်းတစ်ခုလုံး နှင့် ကိုယ်ထည်တစ်ခြမ်းလုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကုန်ကားပိမိတဲ့ HONDA FIT ကားက ကားခေါင်းနဲ့ ကိုယ်ထည်တစ်ခြမ်းလုံးပိမိတာဆိုတော့ ပျက်စီးသွားတာပေါ့။ အခြားထိခိုက်တာတွေတော့ မတွေ့ရပါဘူး။ အခင်းဖြစ်တော့ ယာဉ်ထိန်း ရဲတွေရောက်လာပြီး ရှင်းလင်းခဲ့ရတာပါ။ ယာဉ်ကြောပိတ်ဆို့တာတော့ ခဏတော့ ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် ၎င်းယာဉ်တိမ်းမှောက်မှုကို သက်ဆိုင်ရာယာဉ်ထိမ်းရဲများမှ ယာယီလမ်းပိတ်ကာ ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ ကမာၻေအးဘုရားလမ္းေပၚတြင္ ကုန္တင္ကားတစ္စီး တိမ္းေမွာက္၍ HONDA FIT ေပၚ ပိမိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၄

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္းေပၚတြင္ ကုန္တင္ကားတစ္စီး တိမ္းေမွာက္၍ HONDA FIT အိမ္စီးကားေပၚသို႔ ပိမိမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၃ ရက္)၊ ေန႔လည္ ၂ နာရီအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္း ႏွင့္ နဝေဒး႐ုပ္ရွင္႐ုံလမ္းေထာင့္၊ လမ္းဝမီးပြိဳင့္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရး အသင္းထံမွ သိရသည္။

“ျဖစ္စဥ္ေတာ့ အတိအက်မသိခဲ့ဘူးဗ်။ ကြၽန္ေတာ္တို႔လဲ ေမွာက္ၿပီးမွ ေရာက္တာဆိုေတာ့ေလ။ ကုန္ကားက ေမွာက္ၿပီး HONDA FIT ကား ေပၚကို ပိမိတာေပါ့။ ေမွာက္တဲ့ကားက ဆန္ေတြ တင္လာတဲ့ကားပါ” ဟု ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကုန္တင္ကားပိမိသည့္ HONDA FIT အိမ္စီးကား၌ ကားေခါင္းပိုင္းတစ္ခုလုံး ႏွင့္ ကိုယ္ထည္တစ္ျခမ္းလုံး ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“ကုန္ကားပိမိတဲ့ HONDA FIT ကားက ကားေခါင္းနဲ႔ ကိုယ္ထည္တစ္ျခမ္းလုံးပိမိတာဆိုေတာ့ ပ်က္စီးသြားတာေပါ့။ အျခားထိခိုက္တာေတြေတာ့ မေတြ႕ရပါဘူး။ အခင္းျဖစ္ေတာ့ ယာဥ္ထိန္း ရဲေတြေရာက္လာၿပီး ရွင္းလင္းခဲ့ရတာပါ။ ယာဥ္ေၾကာပိတ္ဆို႔တာေတာ့ ခဏေတာ့ ျဖစ္သြားတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ၎ယာဥ္တိမ္းေမွာက္မႈကို သက္ဆိုင္ရာယာဥ္ထိမ္းရဲမ်ားမွ ယာယီလမ္းပိတ္ကာ ရွင္းလင္းမႈမ်ားျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.