ပြန်ပေးဆွဲခံထားရသူတွေကို ပြန်ရှာဖွေနိုင်ဖို့ ဂါဇာဒေသကို အမေရိကန်စစ်ဘက်က ဒရုန်းတွေ စေလွှတ်ပျံသန်း

 2206

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ဟာ ဂါဇာဒေသမှာ အမေရိကန်နိုင်ငံထုတ် ဒရုန်းတွေ အသုံးပြုပေးနေတယ်လို့ ပထမဆုံးအကြိမ် အတည်ပြုပြောဆိုလိုက်ပါတယ်။

အဆိုပါဒရုန်းတွေ ကူညီပေးခြင်းဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲခံရသူတွေကို ပြန်ကယ်တင်နိုင် အောင် ကူညီပေးတာမျိုးဖြစ်ကြောင်း၊ ဂါဇာဒေသမှာပြုလုပ်နေတဲ့ အစ္စရေးရဲ့စစ်ဆင်ရေးတွေကို ပံ့ပိုးပေးတာမျိုး မဟုတ်ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၂၃ဝ ကျော်ကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြန်ပေးဆွဲခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

အမေရိကန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ပက်ထရစ်ရိုင်ဒါက "ကျွန်တော်တို့ဟာ ပြန်ပေးဆွဲခံထားရသူတွေ ကို ပြန်ရှာတွေ့အောင် ဒရုန်းတွေနဲ့ ကူညီပေးနေပါတယ်။ ပြန်ပေးဆွဲခံထားရသူတွေကို အမြန်ဆုံးပြန်ရှာတွေ့အောင် အစ္စရေးနိုင်ငံကို လိုအပ်တဲ့အကြံဉာဏ်တွေလည်း ပေးနေပါတယ်" လို့ ပြောပါတယ်။

အမေရိကန်ဟာ ဂါဇာဒေသမှာ MQ-9 Reaper ဒရုန်းတွေ စေလွှတ်ပြီး ပြန်ပေးဆွဲခံထားရသူတွေကို ရှာဖွေဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း သိရပါတယ်။ အဲဒီဒရုန်းတွေဟာ အစ္စရေးတပ်ဖွဲ့တွေ မြေပြင်ထိုးစစ်ဆင်နွဲနေတဲ့ နေရာ နဲ့ ၁၅ မိုင်အကွာဝေးမှာ ရှိနေကြောင်း သိရပါတယ်။ အဲဒီဒရုန်းတွေဟာ အမြင်ပေ ၂၅ဝဝဝ ပေကနေ အချိန် သုံးနာရီ ကြာ ပျံသန်းနိုင်ကြောင်း သိရပါတယ်။

အဆိုပါဒရုန်းတွေကို အမေရိကန်အထူးတပ်ဖွဲ့က စီမံခန့်ခွဲနေခြင်းဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ဟာ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောတွေနဲ့ မရိန်းတပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံဟာ အစ္စရေးနဲ့ ဟားမက်စ်ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အစ္စရေးဘက်က ရပ်တည်နေပြီး စစ်လက်နက် ပစ္စည်းများကူညီပေးပေမယ့် စစ်ပွဲမှာ တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Zawgyi Version;
ျပန္ေပးဆြဲခံထားရသူေတြကို ျပန္ရွာေဖြႏိုင္ဖို႔ ဂါဇာေဒသကို အေမရိကန္စစ္ဘက္က ဒ႐ုန္းေတြ ေစလႊတ္ပ်ံသန္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄

အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ဟာ ဂါဇာေဒသမွာ အေမရိကန္ႏိုင္ငံထုတ္ ဒ႐ုန္းေတြ အသုံးျပဳေပးေနတယ္လို႔ ပထမဆုံးအႀကိမ္ အတည္ျပဳေျပာဆိုလိုက္ပါတယ္။

အဆိုပါဒ႐ုန္းေတြ ကူညီေပးျခင္းဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ ျပန္ေပးဆြဲခံရသူေတြကို ျပန္ကယ္တင္ႏိုင္ ေအာင္ ကူညီေပးတာမ်ိဳးျဖစ္ေၾကာင္း၊ ဂါဇာေဒသမွာျပဳလုပ္ေနတဲ့ အစၥေရးရဲ႕စစ္ဆင္ေရးေတြကို ပံ့ပိုးေပးတာမ်ိဳး မဟုတ္ေၾကာင္း အေမရိကန္စစ္ဘက္က ေျပာပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံကို စတင္တိုက္ခိုက္ခဲ့ၿပီး အစၥေရးစစ္သားေတြ အပါအဝင္ လူေပါင္း ၂၃ဝ ေက်ာ္ကို ျပန္ေပးဆြဲ ဖမ္းဆီးေခၚေဆာင္ခဲ့ပါတယ္။ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ျပန္ေပးဆြဲခံထားရသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနပါတယ္။

အေမရိကန္စစ္ဘက္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ပက္ထရစ္႐ိုင္ဒါက "ကြၽန္ေတာ္တို႔ဟာ ျပန္ေပးဆြဲခံထားရသူေတြ ကို ျပန္ရွာေတြ႕ေအာင္ ဒ႐ုန္းေတြနဲ႔ ကူညီေပးေနပါတယ္။ ျပန္ေပးဆြဲခံထားရသူေတြကို အျမန္ဆုံးျပန္ရွာေတြ႕ေအာင္ အစၥေရးႏိုင္ငံကို လိုအပ္တဲ့အႀကံဉာဏ္ေတြလည္း ေပးေနပါတယ္" လို႔ ေျပာပါတယ္။

အေမရိကန္ဟာ ဂါဇာေဒသမွာ MQ-9 Reaper ဒ႐ုန္းေတြ ေစလႊတ္ၿပီး ျပန္ေပးဆြဲခံထားရသူေတြကို ရွာေဖြဖို႔ ႀကိဳးပမ္းေနတာျဖစ္ေၾကာင္း သိရပါတယ္။ အဲဒီဒ႐ုန္းေတြဟာ အစၥေရးတပ္ဖြဲ႕ေတြ ေျမျပင္ထိုးစစ္ဆင္ႏြဲေနတဲ့ ေနရာ နဲ႔ ၁၅ မိုင္အကြာေဝးမွာ ရွိေနေၾကာင္း သိရပါတယ္။ အဲဒီဒ႐ုန္းေတြဟာ အျမင္ေပ ၂၅ဝဝဝ ေပကေန အခ်ိန္ သုံးနာရီ ၾကာ ပ်ံသန္းႏိုင္ေၾကာင္း သိရပါတယ္။

အဆိုပါဒ႐ုန္းေတြကို အေမရိကန္အထူးတပ္ဖြဲ႕က စီမံခန႔္ခြဲေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေရွ႕အလယ္ပိုင္းေဒသကို ေလယာဥ္တင္သေဘၤာေတြနဲ႔ မရိန္းတပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ႏိုင္ငံဟာ အစၥေရးနဲ႔ ဟားမက္စ္ျဖစ္ပြားေနတဲ့စစ္ပြဲမွာ အစၥေရးဘက္က ရပ္တည္ေနၿပီး စစ္လက္နက္ ပစၥည္းမ်ားကူညီေပးေပမယ့္ စစ္ပြဲမွာ တိုက္႐ိုက္ပါဝင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.