ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ) အတွက် A.G.T.I ပထမနှစ်သင်တန်းသားများ ခေါ်ယူ

3863

စော (NP News) - နိုဝင်ဘာ ၅
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ) အတွက် A.G.T.I ပထမနှစ်သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ယနေ့(နိုဝင်ဘာ ၅ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန် ထားခြင်းဖြစ်သည်။
ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၊ မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ အင်းစိန်၊ ရွှေပြည်သာနှင့် သန်လျင်တို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင် (၂ဝ၂၃ - ၂ဝ၂၄) ပညာသင်နှစ်အတွက် ပထမနှစ် သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက် နှင့် မကွေးတို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင်လည်း ပထမနှစ် သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်နှင့် နေပြည်တော်စသည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ)ကျောင်းအတွက် ပထမနှစ်သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင် မြို့ပြအင်ဂျင်နီယာသင်တန်း အီလက်ထရောနစ်အင်ဂျင်နီယာ သင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း ၊ စက်မှုအင်ဂျင်နီယာသင်တန်း နှင့် သုတနည်းပညာသင်တန်း တို့တွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း၊ စက်မှုလယ်ယာနည်းပညာသင်တန်း၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှု နည်းပညာသင်တန်း နှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာသင်တန်း တို့တွင် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါသင်တန်းများအတွက် သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သတ်မှတ်အရည်အချင်းများပြည့်စုံပါက B.Tech နှင့် B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာများပါဝင်သော မည့်သည့်ဘာသာတွဲများဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါဝင်ခွင့်လျှောက်လွှာများကို အစိုးရသိပ္ပံကျောင်းများ၌ နိုဝင်ဘာလ(၁)ရက်မှ စတင်၍ ထုတ်ယူနိုင်ပြီး နိုဝင်ဘာ (၂ဝ)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ဂ်ပန္-ျမန္မာေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္း အပါအဝင္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းေပါင္း (၃ဝ) အတြက္ A.G.T.I ပထမႏွစ္သင္တန္းသားမ်ား ေခၚယူ
ေစာ (NP News) - ႏိုဝင္ဘာ ၅
ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္း အပါအဝင္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းေပါင္း (၃ဝ) အတြက္ A.G.T.I ပထမႏွစ္သင္တန္းသားမ်ား ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနက ယေန႔(ႏိုဝင္ဘာ ၅ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ ထားျခင္းျဖစ္သည္။
ဂ်ပန္-ျမန္မာေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္း၊ မိုးညႇင္း၊ ပူတာအို၊ လြိဳင္ေကာ္၊ ဟားခါး၊ ေမာ္လၿမိဳင္၊ သံတြဲ၊ အင္းစိန္၊ ေ႐ႊျပည္သာႏွင့္ သန္လ်င္တို႔ရွိ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းမ်ားတြင္ (၂ဝ၂၃ - ၂ဝ၂၄) ပညာသင္ႏွစ္အတြက္ ပထမႏွစ္ သင္တန္းသားမ်ား ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပင္ဦးလြင္၊ ျမင္းၿခံ၊ ေက်ာက္ပန္းေတာင္း၊ ေက်ာက္ဆည္၊ မိတၳီလာ၊ ရမည္းသင္း၊ ကန႔္ဘလူ၊ ခႏၲီး၊ ေခ်ာက္၊ ေရနံေခ်ာင္း၊ သရက္ ႏွင့္ မေကြးတို႔ရွိ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းမ်ားတြင္လည္း ပထမႏွစ္ သင္တန္းသားမ်ား ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ လက္ပံတန္း၊ ေတာင္ငူ၊ ပဲခူး၊ ဝါးခယ္မ၊ လပြတၱာ၊ က်ိဳက္လတ္၊ ထားဝယ္ႏွင့္ ေနျပည္ေတာ္စသည့္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းေပါင္း (၃ဝ)ေက်ာင္းအတြက္ ပထမႏွစ္သင္တန္းသားမ်ား ေခၚယူသြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းမ်ားတြင္ ၿမိဳ႕ျပအင္ဂ်င္နီယာသင္တန္း အီလက္ထေရာနစ္အင္ဂ်င္နီယာ သင္တန္း၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာသင္တန္း ၊ စက္မႈအင္ဂ်င္နီယာသင္တန္း ႏွင့္ သုတနည္းပညာသင္တန္း တို႔တြင္ သင္ၾကားပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စက္မႈလုပ္ငန္းအင္ဂ်င္နီယာသင္တန္း၊ စက္မႈလယ္ယာနည္းပညာသင္တန္း၊ ေမာ္ေတာ္ယာဥ္ျပဳျပင္ ထိန္းသိမ္းမႈ နည္းပညာသင္တန္း ႏွင့္ စက္မႈလုပ္ငန္းဆိုင္ရာ လွ်ပ္စစ္အင္ဂ်င္နီယာသင္တန္း တို႔တြင္ သင္ၾကားပို႔ခ် သြားမည္ျဖစ္ေၾကာင္း သိရသည္။
အထက္ပါသင္တန္းမ်ားအတြက္ သင္တန္းကာလမွာ (၃)ႏွစ္ျဖစ္ၿပီး သတ္မွတ္အရည္အခ်င္းမ်ားျပည့္စုံပါက B.Tech ႏွင့္ B.E သင္တန္းမ်ားသို႔ ေပါင္းကူးတက္ေရာက္ႏိုင္ေရးအတြက္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားသည္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲတြင္ သခ်ၤာ၊ ႐ူပေဗဒ၊ ဓာတုေဗဒဘာသာမ်ားပါဝင္ေသာ မည့္သည့္ဘာသာတြဲမ်ားျဖင့္ ေအာင္ျမင္သူမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
အဆိုပါဝင္ခြင့္ေလွ်ာက္လႊာမ်ားကို အစိုးရသိပၸံေက်ာင္းမ်ား၌ ႏိုဝင္ဘာလ(၁)ရက္မွ စတင္၍ ထုတ္ယူႏိုင္ၿပီး ႏိုဝင္ဘာ (၂ဝ)ရက္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။