ဟာဝိုင်အီမှာရှိတဲ့ ရေကန်တစ်ခုရဲ့ ရေအရောင်းတွေ ပန်းရောင်အဖြစ်ပြောင်းလဲ

1288
ရောင်နီ(NP News) - နိုဝင်ဘာ ၁၁
ပင်လယ်ရှုခင်းနဲ့ ကျွန်းအလှကြောင့် အပန်းဖြေနေရာအဖြစ် နာမည်ကျော်ကြားတဲ့ ဟာဝိုင်အီရဲ့ မာဝီကျွန်းမှ ကီရာလီရာရေကန်မှာ သဘာဝအတိုင်း ပန်းရောင်းပြောင်းသွားတဲ့ ထူးထူးခြားခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေကတော့ မိုးခေါင်ခြင်းကြောင့် ဖြစ်တယ်လို့ ယူဆထားပြီး ရေကန်ထဲဆင်းခြင်း သို့မဟုတ် ရေကိုသောက်သုံးခြင်းတို့ မပြုဖို့ သတိပေးထားပါတယ်။
မာဝီကျွန်း Kealia Pond National Wildlife Refuge မှ ဝန်ထမ်းတွေက အဆိုပါရေကန် ပန်းရောင်ပြောင်းလဲသွားမှုဖြစ်စဉ်ကို အောက်တိုဘာလ ၃၀ ကတည်းက စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းခြေမှ လူတစ်ယောက်ဆီက သတင်းပို့ချက်တစ်ခုရခဲ့ပြီး ဒီဖြစ်ရပ်ကို သိရှိရခြင်း ဖြစ်တယ်လို့ Refuge မန်နေဂျာ ဘရက်ဝုဖ်က ပြောပါတယ်။
ရေကန် ပန်းရောင်ပြောင်းခြင်းဟာ အဆိပ်ရှိတဲ့ ရေညှိတွေ ပေါက်ရောက်ခြင်းကြောင့်လားဆိုပြီး အစောပိုင်းက စိုးရိမ်ခဲ့ပေမယ့် ဓာတ်ခွဲခန်းရလဒ်အရ အဆိပ်ရှိတဲ့ ရေညှိတွေကြောင့် မဟုတ်ဘဲ halobacteria ခေါ် ဆားဓာတ်ကြောင့်ဖြစ်တဲ့ သက်ရှိဆဲလ်တစ်မျိုးကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကီရာလီရာ ရေထွက်ပေါက်ဧရိယာအတွင်း ဆားငန်ဓာတ်ဟာ လက်ရှိ ပင်လယ်ရေ ဆားငန်ဓာတ်ရဲ့နှစ်ဆဖြစ်နေပြီး ရေထဲမှ ဇီဝရုပ်တွေကို အတိအကျ သိရှိနိုင်စေဖို့ DNA ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဝုဖ်က ဆိုပါတယ်။
မိုးရွာလို့ ဝေကာပုချောင်းမှ ကီရာလီရာ ကန်ထဲကို မိုးရေတွေ စီးဝင်သွားမယ်ဆိုရင်တော့ ကန်ရဲ့ဆားငန်ဓာတ် လျော့ပြီး ရေအရောင် ပုံမှန်ပြန်ပြောင်းသွားနိုင်တယ်လို့ ယူဆထားပါတယ်။ ဟာဝိုင်အီကျွန်းဟာ ရှားပါးငှက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ ခိုလှုံနေထိုင်ရာ နေရာတစ်ခုဖြစ်ပြီး ကီရာလီရာ ရေအရောင်ပြောင်းခြင်းဟာ ငှက်တွေကို အန္တရာယ်ပြုပုံမပေါ်ဘူးလို့ ဝုဖ် က ပြောပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက လူတွေ ရေထဲမဆင်းဖို့နဲ့ ကန်ထဲက ဖမ်းမိတဲ့ငါးတွေကို မစားသုံးဖို့ သတိပေးထားပါတယ်။

zawgyi version
ဟာဝိုင္အီမွာရွိတဲ့ ေရကန္တစ္ခုရဲ႕ ေရအေရာင္းေတြ ပန္းေရာင္အျဖစ္ေျပာင္းလဲ
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၁၁
ပင္လယ္ရႈခင္းနဲ႔ ကြၽန္းအလွေၾကာင့္ အပန္းေျဖေနရာအျဖစ္ နာမည္ေက်ာ္ၾကားတဲ့ ဟာဝိုင္အီရဲ႕ မာဝီကြၽန္းမွ ကီရာလီရာေရကန္မွာ သဘာဝအတိုင္း ပန္းေရာင္းေျပာင္းသြားတဲ့ ထူးထူးျခားျခားျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါတယ္။
ကြၽမ္းက်င္သူ သိပၸံပညာရွင္ေတြကေတာ့ မိုးေခါင္ျခင္းေၾကာင့္ ျဖစ္တယ္လို႔ ယူဆထားၿပီး ေရကန္ထဲဆင္းျခင္း သို႔မဟုတ္ ေရကိုေသာက္သုံးျခင္းတို႔ မျပဳဖို႔ သတိေပးထားပါတယ္။
မာဝီကြၽန္း Kealia Pond National Wildlife Refuge မွ ဝန္ထမ္းေတြက အဆိုပါေရကန္ ပန္းေရာင္ေျပာင္းလဲသြားမႈျဖစ္စဥ္ကို ေအာက္တိုဘာလ ၃၀ ကတည္းက ေစာင့္ၾကည့္ေနခဲ့တယ္လို႔ ဆိုပါတယ္။ ကမ္းေျခမွ လူတစ္ေယာက္ဆီက သတင္းပို႔ခ်က္တစ္ခုရခဲ့ၿပီး ဒီျဖစ္ရပ္ကို သိရွိရျခင္း ျဖစ္တယ္လို႔ Refuge မန္ေနဂ်ာ ဘရက္ဝုဖ္က ေျပာပါတယ္။
ေရကန္ ပန္းေရာင္ေျပာင္းျခင္းဟာ အဆိပ္ရွိတဲ့ ေရညႇိေတြ ေပါက္ေရာက္ျခင္းေၾကာင့္လားဆိုၿပီး အေစာပိုင္းက စိုးရိမ္ခဲ့ေပမယ့္ ဓာတ္ခြဲခန္းရလဒ္အရ အဆိပ္ရွိတဲ့ ေရညႇိေတြေၾကာင့္ မဟုတ္ဘဲ halobacteria ေခၚ ဆားဓာတ္ေၾကာင့္ျဖစ္တဲ့ သက္ရွိဆဲလ္တစ္မ်ိဳးေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ကီရာလီရာ ေရထြက္ေပါက္ဧရိယာအတြင္း ဆားငန္ဓာတ္ဟာ လက္ရွိ ပင္လယ္ေရ ဆားငန္ဓာတ္ရဲ႕ႏွစ္ဆျဖစ္ေနၿပီး ေရထဲမွ ဇီဝ႐ုပ္ေတြကို အတိအက် သိရွိႏိုင္ေစဖို႔ DNA ခြဲျခမ္းစိတ္ျဖာမႈ ျပဳလုပ္ဖို႔ လိုအပ္တယ္လို႔ ဝုဖ္က ဆိုပါတယ္။
မိုး႐ြာလို႔ ေဝကာပုေခ်ာင္းမွ ကီရာလီရာ ကန္ထဲကို မိုးေရေတြ စီးဝင္သြားမယ္ဆိုရင္ေတာ့ ကန္ရဲ႕ဆားငန္ဓာတ္ ေလ်ာ့ၿပီး ေရအေရာင္ ပုံမွန္ျပန္ေျပာင္းသြားႏိုင္တယ္လို႔ ယူဆထားပါတယ္။ ဟာဝိုင္အီကြၽန္းဟာ ရွားပါးငွက္နဲ႔ ေတာ႐ိုင္းတိရိစာၦန္ေတြ ခိုလႈံေနထိုင္ရာ ေနရာတစ္ခုျဖစ္ၿပီး ကီရာလီရာ ေရအေရာင္ေျပာင္းျခင္းဟာ ငွက္ေတြကို အႏၲရာယ္ျပဳပုံမေပၚဘူးလို႔ ဝုဖ္ က ေျပာပါတယ္။ ဒါေပမယ့္ အာဏာပိုင္ေတြက လူေတြ ေရထဲမဆင္းဖို႔နဲ႔ ကန္ထဲက ဖမ္းမိတဲ့ငါးေတြကို မစားသုံးဖို႔ သတိေပးထားပါတယ္။