လောက်ကိုင်မြို့ပြင်ရှိ ပါစင်ကျော်ဒေသ၌ ပိတ်မိနေသည့် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများရှိနေ

 2266

မြူနစ် (NP News) - နိုဝင်ဘာ ၁၁

လောက်ကိုင်မြို့အထွက်ရှိ ပါစင်ကျော်ကျေးရွာ၌ ပိတ်မိနေသည့် စစ်ဘေးရှောင်ဦးရေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။

MNDAA ဦးဆောင်ကာ TNLA၊ AA လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းမြောက်ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။

ထိုသို့တိုက်ခိုက်မှုများကြောင့် လောင်ကိုင်မြို့မှတစ်ဆင့် လားရှိုးမြို့သို့ စစ်ဘေးရှောင်ရန် ထွက်လာသော ပြည်သူများသည် လောက်ကိုင်မြို့အထွက် (၁၀)တန်ဂိတ်နှင့် ပါစင်ကျော်ကျေးရွာကြားတွင် ပိတ်မိလျက်ရှိသည်။

လူဦးရေထောင်နှင့်ချီသော စစ်ဘေးရှောင်ပြည်သူများသည် ကား၊ ဆိုင်ကယ်များနှင့်အတူ ပါစင်ကျော်ကျေးရွာ၌ ပိတ်မိနေခြင်းဖြစ်ကာ လက်ရှိတွင် တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“အခု ၁၀ တန်ဂိတ်နဲ့ ပါစင်ကျော်ရွာကြားမှာ ပိတ်မိနေတဲ့ လူတန်းကြီးရဲ့ အခြေအနေပါ။ ဒီမှာ ကလေး သူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ အရေးပေါ်အသက်လုရမယ့်လူနာတွေ အများကြီးပါ။ ရာသီဥတုကလည်း အရမ်းအေးတယ်ဆိုတော့ အချိန်ဒီထပ်ပိုကြာလို့ရှိရင် အဲဒီလူတွေ၊ သက်ကြီးရွယ်အိုတွေ အရမ်းအန္တရာယ်ရှိပါတယ်”ဟု ပါစင်ကျော်ကျေးရွာ၌ ပိတ်မိနေသော စစ်ဘေးရှောင်တစ်ဦးက လူမှုကွန်ယက်တွင် အသိပေးပြောကြားထားသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေထိုင်မကောင်မှုများ ဖြစ်ပေါ်နေသည့်အပြင် ဆေးဝါးလိုအပ်ချက်၊ အစားအသောက်လိုအပ်ချက်များနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းက ဆက် လက်ပြောသည်။

ထို့ကြောင့် ပိတ်မိနေသောလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန်အတွက် မေတ္တာရပ်ခံပြောဆိုထားသည်ကို တွေ့ရှိရသည်။

အလားတူ ယနေ့ နေ့လည်ပိုင်းတွင်လည်း လောက်ကိုင်မြို့အထွက် (၁၀)တန်ဂိတ်အနီး၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

“အန်တီတို့ရဲ့ ဝန်ထမ်းလေးတွေက မနေ့က မနက်ကတည်းက လားရှိုးပြန်မယ်ဆိုပြီးတော့ ပြန်သွားတာ။ အဲဒီမှာက ပိတ်မိနေတော့ သူတို့လည်း စောင့်နေတာပေါ့။ အဲဒီအချိန်မှာ လက်နက်ကြီးကျလို့ သူတို့လည်း ပြန်လှည့်လာရတယ်။ သူတို့ရဲ့ ဆိုင်ကယ်လည်း မိုင်းစတွေ ထိသွားတယ်။ တခြားထိခိုက်တဲ့သူတွေလည်း ရှိတယ်လို့ ပြောတယ်” ဟု လောက်ကိုင်မြို့ခံက ပြောသည်။

လက်ရှိတွင် ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီစသော ဒေသတစ်ဝိုက်တွင် တပ်မတော် နှင့် MNDAA ဦးဆောင်သော မဟာမိတ်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕ျပင္ရွိ ပါစင္ေက်ာ္ေဒသ၌ ပိတ္မိေနသည့္ စစ္ေဘးေရွာင္ဦးေရ ပိုမိုမ်ားျပားလာ၊ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္မႈမ်ားရွိေန
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၁

ေလာက္ကိုင္ၿမိဳ႕အထြက္ရွိ ပါစင္ေက်ာ္ေက်း႐ြာ၌ ပိတ္မိေနသည့္ စစ္ေဘးေရွာင္ဦးေရသည္ တစ္ေန႔ထက္တစ္ေန႔ ပိုမိုမ်ားျပားလာေၾကာင္း သိရသည္။

MNDAA ဦးေဆာင္ကာ TNLA၊ AA လက္နက္ကိုင္မဟာမိတ္(၃)ဖြဲ႕သည္ ေအာက္တိုဘာလ ၂၇ ရက္မွစ၍ (၁၀၂၇ စစ္ဆင္ေရး) အမည္ျဖင့္ ရွမ္းေျမာက္ရွိ လုံၿခဳံေရးစခန္းမ်ားကို ဝင္ေရာက္တိုက္ခိုက္လ်က္ရွိသည္။

ထိုသို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ေလာင္ကိုင္ၿမိဳ႕မွတစ္ဆင့္ လားရႈိးၿမိဳ႕သို႔ စစ္ေဘးေရွာင္ရန္ ထြက္လာေသာ ျပည္သူမ်ားသည္ ေလာက္ကိုင္ၿမိဳ႕အထြက္ (၁၀)တန္ဂိတ္ႏွင့္ ပါစင္ေက်ာ္ေက်း႐ြာၾကားတြင္ ပိတ္မိလ်က္ရွိသည္။

လူဦးေရေထာင္ႏွင့္ခ်ီေသာ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ ကား၊ ဆိုင္ကယ္မ်ားႏွင့္အတူ ပါစင္ေက်ာ္ေက်း႐ြာ၌ ပိတ္မိေနျခင္းျဖစ္ကာ လက္ရွိတြင္ တစ္ပတ္ခန႔္ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“အခု ၁၀ တန္ဂိတ္နဲ႔ ပါစင္ေက်ာ္႐ြာၾကားမွာ ပိတ္မိေနတဲ့ လူတန္းႀကီးရဲ႕ အေျခအေနပါ။ ဒီမွာ ကေလး သူငယ္ေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ႏို႔တိုက္မိခင္ေတြ၊ အေရးေပၚအသက္လုရမယ့္လူနာေတြ အမ်ားႀကီးပါ။ ရာသီဥတုကလည္း အရမ္းေအးတယ္ဆိုေတာ့ အခ်ိန္ဒီထပ္ပိုၾကာလို႔ရွိရင္ အဲဒီလူေတြ၊ သက္ႀကီး႐ြယ္အိုေတြ အရမ္းအႏၲရာယ္ရွိပါတယ္”ဟု ပါစင္ေက်ာ္ေက်း႐ြာ၌ ပိတ္မိေနေသာ စစ္ေဘးေရွာင္တစ္ဦးက လူမႈကြန္ယက္တြင္ အသိေပးေျပာၾကားထားသည္။

အဆိုပါစစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ ေနထိုင္မေကာင္မႈမ်ား ျဖစ္ေပၚေနသည့္အျပင္ ေဆးဝါးလိုအပ္ခ်က္၊ အစားအေသာက္လိုအပ္ခ်က္မ်ားႏွင့္လည္း ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း ၎က ဆက္ လက္ေျပာသည္။

ထို႔ေၾကာင့္ ပိတ္မိေနေသာလမ္းပိုင္းအား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ေပးရန္အတြက္ ေမတၱာရပ္ခံေျပာဆိုထားသည္ကို ေတြ႕ရွိရသည္။

အလားတူ ယေန႔ ေန႔လည္ပိုင္းတြင္လည္း ေလာက္ကိုင္ၿမိဳ႕အထြက္ (၁၀)တန္ဂိတ္အနီး၌ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ပိတ္မိေနသည့္ စစ္ေဘးေရွာင္ျပည္သူအခ်ိဳ႕ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

“အန္တီတို႔ရဲ႕ ဝန္ထမ္းေလးေတြက မေန႔က မနက္ကတည္းက လားရႈိးျပန္မယ္ဆိုၿပီးေတာ့ ျပန္သြားတာ။ အဲဒီမွာက ပိတ္မိေနေတာ့ သူတို႔လည္း ေစာင့္ေနတာေပါ့။ အဲဒီအခ်ိန္မွာ လက္နက္ႀကီးက်လို႔ သူတို႔လည္း ျပန္လွည့္လာရတယ္။ သူတို႔ရဲ႕ ဆိုင္ကယ္လည္း မိုင္းစေတြ ထိသြားတယ္။ တျခားထိခိုက္တဲ့သူေတြလည္း ရွိတယ္လို႔ ေျပာတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ေျပာသည္။

လက္ရွိတြင္ ကြမ္းလုံ၊ ေလာက္ကိုင္၊ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ ၾကဴကုတ္၊ သိႏၷီစေသာ ေဒသတစ္ဝိုက္တြင္ တပ္မေတာ္ ႏွင့္ MNDAA ဦးေဆာင္ေသာ မဟာမိတ္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္လ်က္ရွိသည္။

© 2021. All rights reserved.