မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တန်ဆောင်တိုင်ကာလတွင် (၃)ရက်တိုင်တိုင် နေ့စဥ် ဆီမီး ၉၀၀၀ ဖြင့် ပူဇော်မည်

1440
ကျော် (NP News) - နိုဝင်ဘာ ၁၄
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တန်ဆောင်တိုင်ကာလဖြစ်သည့် နိုဝင်ဘာလ ၂၅ ရက်မှစတင်၍ နေ့စဥ် ဆီမီး ၉၀၀၀ ဖြင့် ၃ ရက်တိုင်တိုင် ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အား နိုဝင်ဘာလ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံကြီးများလွှတ်တင်ပူဇော်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များလည်း ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား တန္ေဆာင္တိုင္ကာလတြင္ (၃)ရက္တိုင္တိုင္ ေန႔စဥ္ ဆီမီး ၉၀၀၀ ျဖင့္ ပူေဇာ္မည္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၄
ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား တန္ေဆာင္တိုင္ကာလျဖစ္သည့္ ႏိုဝင္ဘာလ ၂၅ ရက္မွစတင္၍ ေန႔စဥ္ ဆီမီး ၉၀၀၀ ျဖင့္ ၃ ရက္တိုင္တိုင္ ထြန္းညႇိပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္အား ႏိုဝင္ဘာလ ၂၅ ရက္၊ ၂၆ ရက္ ႏွင့္ ၂၇ ရက္တို႔တြင္လည္း မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပရဝုဏ္အတြင္း၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္ကာလအတြင္း မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဆီမီး ၉၀၀၀ ကပ္လႉပူေဇာ္ျခင္း၊ အသံမစဲပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ျခင္း၊ ဝတ္အသင္းအဖြဲ႕မ်ားမွ ဝတ္႐ြတ္စဥ္မ်ားျဖင့္ပူေဇာ္ျခင္း၊ မီးရႉးမီးပန္းမ်ားပစ္လႊတ္ပူေဇာ္ျခင္း၊ အလွညမီးႀကီးႏွင့္စိန္နားပန္မီးပုံးပ်ံႀကီးမ်ားလႊတ္တင္ပူေဇာ္ျခင္းမ်ားျပဳလုပ္သြားမည္ျဖစ္သည္။
ထို႔ျပင္ မာရဝိဇယဗုဒၶဥယ်ာဥ္ဝတၳဳကံေတာ္အတြင္း၌လည္း LED မီးမ်ားျဖင့္ အလွဆင္ပူေဇာ္မႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ အေသးစား၊ အငယ္စားႏွင့္အလတ္စားစီးပြားေရး(MSME)လုပ္ငန္းမ်ား၏ ေဒသထြက္ကုန္၊စားေသာက္ကုန္၊ လူသုံးကုန္ပစၥည္းအေရာင္းဆိုင္ခန္းမ်ား၊ ေဒသထြက္ျမန္မာ့႐ိုးရာမုန႔္ဆိုင္မ်ားလည္း ခင္းက်င္းျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။