လွိုင်ကော်တက္ကသိုလ်ရှိ ပညာရေးဝန်ထမ်း နှင့် ကျောင်းသားများကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသော လက်နက်ကိုင်အဖွဲ့ နှင့် တပ်မတော်ကြားတိုက်ပွဲဖြစ်ပွားခဲ့

 16783

NP News - နိုဝင်ဘာ ၁၄

လွိုင်ကော်တက္ကသိုလ်ရှိ ပညာရေးဝန်ထမ်း နှင့် ကျောင်းသားများကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသော လက်နက်ကိုင်အဖွဲ့ နှင့် တပ်မတော်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ KNPP နှင့် PDF အဖွဲ့များသည် ယမန်နေ့( နိုဝင်ဘာလ ၁၃ ရက်)၊ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် စစ်ရေးနှင့် သက်ဆိုင်မှုမရှိသည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများ နှင့် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စီမံဆောင်ရွက်စဉ် လက်နက်ကိုင်အဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နစက ကပြောသည်။

“KNPP နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တာရှိတယ်။ ပြီးရင်အထဲမှာရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ဖို့လုပ်ခဲ့တာရှိတယ်။ ဒါတွေကိုတော့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ ထိခိုက်မှုမရှိစေရေး ဘေးကင်းရာနေရာသို့ ပို့ဆောင်ရေးဆောင်ရွက်လျက်ရှိတယ်။ ဆောင် ရွက်လျက်ရှိတဲ့အခါမှာတော့ အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ရေးနဲ့မသက်ဆိုင်တဲ့ကျောင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ KNPP နဲ့အဲဒီမှာရှိတဲ့ PDF တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုဖြစ်တယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့သို့ ဘေးကင်းရာသို့ ပို့ဆောင်ပေးစဉ် KNPP နှင့် PDF အဖွဲ့များနှင့် အပြန်အလှန် ထိတွေ့မှုများ ဖြစ်‌ပေါ်ခဲ့ပြီး တက္ကသိုလ်အတွင်းရှိ သင်ကြားမှု၊ အထောက်အကူပြုပစ္စည်းများနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

၎င်းတို့၏ လုပ်ဆောင်မှုများကြောင့် အဝေးသင်စာမေးပွဲစတင်ဖြေဆိုမည့် တတိယအသုတ်စာမေးပွဲများကိုလည်း အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

zawgyi version
လြိဳင္ေကာ္တကၠသိုလ္ရွိ ပညာေရးဝန္ထမ္း ႏွင့္ ေက်ာင္းသားမ်ားကို ဖမ္းဆီးေခၚေဆာင္ရန္ ႀကိဳးပမ္းေသာ လက္နက္ကိုင္အဖြဲ႕ ႏွင့္ တပ္မေတာ္ၾကားတိုက္ပြဲျဖစ္ပြားခဲ့
NP News - ႏိုဝင္ဘာ ၁၄

လြိဳင္ေကာ္တကၠသိုလ္ရွိ ပညာေရးဝန္ထမ္း ႏွင့္ ေက်ာင္းသားမ်ားကို ဖမ္းဆီးေခၚေဆာင္ရန္ ႀကိဳးပမ္းေသာ လက္နက္ကိုင္အဖြဲ႕ ႏွင့္ တပ္မေတာ္ၾကားတိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း နစက၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ KNPP ႏွင့္ PDF အဖြဲ႕မ်ားသည္ ယမန္ေန႔( ႏိုဝင္ဘာလ ၁၃ ရက္)၊ နံနက္ (၈)နာရီဝန္းက်င္အခ်ိန္တြင္ စစ္ေရးႏွင့္ သက္ဆိုင္မႈမရွိသည့္ လြိဳင္ေကာ္တကၠသိုလ္အား လက္နက္ႀကီးလက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ တကၠသိုလ္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ပညာေရးဆိုင္ရာ ဝန္ထမ္းမ်ား ႏွင့္ ပညာသင္ၾကားေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္ရန္ ႀကိဳးပမ္းလာခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လြိဳင္ေကာ္တကၠသိုလ္ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိေစေရးႏွင့္ ေဘးကင္းလုံၿခဳံမႈရွိေစေရးအတြက္ စီမံေဆာင္႐ြက္စဥ္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့သည္ဟု နစက ကေျပာသည္။

“KNPP နဲ႔ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ေတြအေနနဲ႔ စစ္ေရးနဲ႔မသက္ဆိုင္တဲ့ လြိဳင္ေကာ္တကၠသိုလ္ကို လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ လာေရာက္ပစ္ခတ္တာရွိတယ္။ ၿပီးရင္အထဲမွာရွိေနတဲ့ ပညာေရးဝန္ထမ္းေတြ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြကို အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္ဖို႔လုပ္ခဲ့တာရွိတယ္။ ဒါေတြကိုေတာ့ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ ဆရာ ဆရာမေတြ ထိခိုက္မႈမရွိေစေရး ေဘးကင္းရာေနရာသို႔ ပို႔ေဆာင္ေရးေဆာင္႐ြက္လ်က္ရွိတယ္။ ေဆာင္ ႐ြက္လ်က္ရွိတဲ့အခါမွာေတာ့ အျပန္အလွန္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တယ္။ စစ္ေရးနဲ႔မသက္ဆိုင္တဲ့ေက်ာင္းကို ပစ္မွတ္ထားၿပီး တိုက္ခိုက္လာတာ KNPP နဲ႔အဲဒီမွာရွိတဲ့ PDF ေတြရဲ႕ ယုတ္မာ႐ိုင္းစိုင္းမႈျဖစ္တယ္”ဟု နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔သို႔ ေဘးကင္းရာသို႔ ပို႔ေဆာင္ေပးစဥ္ KNPP ႏွင့္ PDF အဖြဲ႕မ်ားႏွင့္ အျပန္အလွန္ ထိေတြ႕မႈမ်ား ျဖစ္‌ေပၚခဲ့ၿပီး တကၠသိုလ္အတြင္းရွိ သင္ၾကားမႈ၊ အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း သိရသည္။

၎တို႔၏ လုပ္ေဆာင္မႈမ်ားေၾကာင့္ အေဝးသင္စာေမးပြဲစတင္ေျဖဆိုမည့္ တတိယအသုတ္စာေမးပြဲမ်ားကိုလည္း အကန႔္အသတ္မရွိေ႐ႊ႕ဆိုင္းလိုက္ရေၾကာင္း သိရသည္။

Picture

Aung Aung

15/11/2023 22:03

မင်းဘဲ သူတော်ကောင်း 😂

Related news

© 2021. All rights reserved.