ဖမ်းဝရမ်းထုတ်ထားသည့် တရုတ်နိုင်ငံသား(၄) ဦးအနက် (၃) ဦးကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိ

2467
ကျော် (NP News) - နိုဝင်ဘာ ၁၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသည့် တရုတ်နိုင်ငံသား ၄ ဦးအနက် ၃ ဦးကို ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် အသိပေးထုတ်ပြန်ကြေညာထားသည်။

ဖမ်းဝရမ်းထုတ်ထားသူ ၄ ဦးအနက်မှ မြီရှောက်ချန်း၊ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း နှင့် မြီကျိန်းကျိန်းတို့အား ယနေ့ နံနက်ပိုင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစဉ် မြီရှောက်ချန်းသည် ၎င်းတရားမဝင်ကိုင်ဆောင်ထားရှိသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် တရုတ်နိုင်ငံသို့ ယနေ့ နေ့လည် ၁ နာရီ ၅ဝ မနစ်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
သို့သော် မြီရှောက်ချန်း၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများဆောင်ရွက်ခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
မြီရှောက်ချန်း၊ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း၊ မြီကျွီလန် နှင့် မြီကျိန်းကျိန်းတို့ (၄)ဦးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူများကို သွေးဆောင်ခေါ်ယူမှုများ၊ လူပြန်ပေးခြင်းများ၊ တရားမဝင်ချုပ်နှောင်၍ ခြောက်လှန့်တောင်းယူမှုများကို အားပေးကူညီခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှ ယမန်နေ့(နိုဝင်ဘာလ ၁၅ ရက်)က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။

zawgyi version
ဖမ္းဝရမ္းထုတ္ထားသည့္ တ႐ုတ္ႏိုင္ငံသား(၄) ဦးအနက္ (၃) ဦးကို ယေန႔နံနက္ပိုင္းက ဖမ္းဆီးရမိ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၆
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရား႐ုံးမွ ဖမ္းဝရမ္းထုတ္ထားသည့္ တ႐ုတ္ႏိုင္ငံသား ၄ ဦးအနက္ ၃ ဦးကို ယေန႔ (ႏိုဝင္ဘာလ ၁၆ ရက္) နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းမီဒီယာမ်ားမွတဆင့္ အသိေပးထုတ္ျပန္ေၾကညာထားသည္။
ဖမ္းဝရမ္းထုတ္ထားသူ ၄ ဦးအနက္မွ ၿမီေရွာက္ခ်န္း၊ ၿမီေကာ္ဖ်င္း(ခ)ၿမီေရွာက္ဖ်င္း ႏွင့္ ၿမီက်ိန္းက်ိန္းတို႔အား ယေန႔ နံနက္ပိုင္းက ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးစဥ္ ၿမီေရွာက္ခ်န္းသည္ ၎တရားမဝင္ကိုင္ေဆာင္ထားရွိသည့္ ပစၥတိုေသနတ္ျဖင့္ မိမိကိုယ္ကို ပစ္ခတ္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရ အေရးယူႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံသို႔ ယေန႔ ေန႔လည္ ၁ နာရီ ၅ဝ မနစ္အခ်ိန္တြင္ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ ရန္လုံက်ိဳင္းနယ္စပ္ဂိတ္၌ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထားသည္။
သို႔ေသာ္ ၿမီေရွာက္ခ်န္း၏ ႐ုပ္အေလာင္းအား တ႐ုတ္ႏိုင္ငံဘက္သို႔ ယူေဆာင္သြားျခင္းမရွိဘဲ လိုအပ္သည္မ်ား စစ္ေဆးအတည္ျပဳမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း နစကဘက္က ထုတ္ျပန္ထားသည္။
ၿမီေရွာက္ခ်န္း၊ ၿမီေကာ္ဖ်င္း(ခ)ၿမီေရွာက္ဖ်င္း၊ ၿမီကြၽီလန္ ႏွင့္ ၿမီက်ိန္းက်ိန္းတို႔ (၄)ဦးသည္ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း Online လိမ္လည္မႈမ်ား၊ လူမ်ားကို ေသြးေဆာင္ေခၚယူမႈမ်ား၊ လူျပန္ေပးျခင္းမ်ား၊ တရားမဝင္ခ်ဳပ္ေႏွာင္၍ ေျခာက္လွန႔္ေတာင္းယူမႈမ်ားကို အားေပးကူညီျခင္းမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔အား ဖမ္းဆီးရမိေရးႏွင့္ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရား႐ုံးမွ ယမန္ေန႔(ႏိုဝင္ဘာလ ၁၅ ရက္)က ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း သိရသည္။