ဗြိတိန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းပျက်ကျ

297

Pika (NP News) - ဇူလိုင် ၁၅
Beechcraft B200 ခရီးသည်တင်လေယာဉ်ဟာ London Southend လေဆိပ်ကနေပျံတက်ပြီးနောက် မကြာခင်မှာပဲ ဗြိတိန်နိုင်ငံ Essex ကောင်တီမှာပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဇူလိုင်လ(၁၃)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ လေယာဉ်ပျက်ကျမှုကိုရိုက်ကူးထားနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာတယ်လို့လည်း သိရပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ ပြေးလမ်းတစ်ခုအနီးက လယ်ကွင်းထဲကနေ ကြီးမားတဲ့မီးခိုးလုံးတွေ ကောင်းကင်ပေါ်ကို တက်လာနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေမှာ ကြီးမားတဲ့မီးခိုးလုံးတွေက ကောင်းကင်ကိုတက်လာပြီး ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုကို ပြသခဲ့တယ်လို့လည်းသိရပါတယ်။
ဒါပေမဲ့လည်း လေယာဉ်ပေါ်မှာ လူဘယ်နှစ်ဦးလိုက်ပါလာတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။ Southend လေဆိပ်နဲ့ Essex ရဲတပ်ဖွဲ့တို့က လေယာဉ်ပျက်ကျမှုကို အတည်ပြုခဲ့ပေမယ့် လူအသေအပျောက်စာရင်းကိုတော့ အတည်ပြုနိုင်တာမျိုး မရှိသေးဘူးလို့လည်းသိရပါတယ်။ ရဲတပ်ဖွဲ့က "အရှည်(၁၂)မီတာရှိတဲ့ လေယာဉ်တစ်စင်းပျက်ကျတဲ့ သတင်းပေးပို့ချက်တွေကို ကျွန်တော်တို့ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားရာနေရာမှာ အရေးပေါ်ဝန်ဆောင်မှုတွေအားလုံးနဲ့အတူ အလုပ်လုပ်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
ၿဗိတိန္ႏိုင္ငံမွာ ခရီးသည္တင္ေလယာဥ္ငယ္တစ္စင္းပ်က္က်
Pika (NP News) - ဇူလိုင္ ၁၅
Beechcraft B200 ခရီးသည္တင္ေလယာဥ္ဟာ London Southend ေလဆိပ္ကေနပ်ံတက္ၿပီးေနာက္ မၾကာခင္မွာပဲ ၿဗိတိန္ႏိုင္ငံ Essex ေကာင္တီမွာပ်က္က်သြားခဲ့တယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္ဟာ ဇူလိုင္လ(၁၃)ရက္ေန႔မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ ေလယာဥ္ပ်က္က်မႈကို႐ိုက္ကူးထားႏိုင္ခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာတယ္လို႔လည္း သိရပါတယ္။
ဗီဒီယိုဖိုင္ထဲမွာ ေျပးလမ္းတစ္ခုအနီးက လယ္ကြင္းထဲကေန ႀကီးမားတဲ့မီးခိုးလုံးေတြ ေကာင္းကင္ေပၚကို တက္လာေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေလယာဥ္ပ်က္က်ၿပီးေနာက္ ႐ိုက္ကူးထားတဲ့ ဓါတ္ပုံေတြမွာ ႀကီးမားတဲ့မီးခိုးလုံးေတြက ေကာင္းကင္ကိုတက္လာၿပီး ႀကီးမားတဲ့ေပါက္ကြဲမႈတစ္ခုကို ျပသခဲ့တယ္လို႔လည္းသိရပါတယ္။
ဒါေပမဲ့လည္း ေလယာဥ္ေပၚမွာ လူဘယ္ႏွစ္ဦးလိုက္ပါလာတယ္ဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။ Southend ေလဆိပ္နဲ႔ Essex ရဲတပ္ဖြဲ႕တို႔က ေလယာဥ္ပ်က္က်မႈကို အတည္ျပဳခဲ့ေပမယ့္ လူအေသအေပ်ာက္စာရင္းကိုေတာ့ အတည္ျပဳႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္းသိရပါတယ္။ ရဲတပ္ဖြဲ႕က "အရွည္(၁၂)မီတာရွိတဲ့ ေလယာဥ္တစ္စင္းပ်က္က်တဲ့ သတင္းေပးပို႔ခ်က္ေတြကို ကြၽန္ေတာ္တို႔ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အခင္းျဖစ္ပြားရာေနရာမွာ အေရးေပၚဝန္ေဆာင္မႈေတြအားလုံးနဲ႔အတူ အလုပ္လုပ္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။