၂ဝ၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ဂျပန်အသင်းကို ရှုံးနိမ့်

 2230

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆

၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုအဖွင့်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၅ဂိုး-ဂိုးမရှိ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၆ ရက်)၊ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ PANASONIC STADIUM SUITA တွင် ဂျပန်အသင်း နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အင်အားကြီးဂျပန်အသင်းအား ခံစစ်အသားပေး ယှဉ်ပြိုင်ခဲ့သော်လည်း Ueda၊ Kamada နှင့် Doan ၏ သွင်းဂိုးများ၊ကို ခွင့်ပြုပေးခဲ့ရပြီး ၅ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် Michael Feichtenbenir က "ဒီနေ့ပွဲအတွက် ခံစစ်ကို ဦးစားပေးပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျွန်တော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကစားခဲ့ပါတယ်" ဟု ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအသင်းအနေဖြင့် လာမည့် (နိုဝင်ဘာ ၂၁ ရက်)တွင် မြောက်ကိုရီးယားအသင်းအား ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်းတွင် လက်ခံကစားသွားရမည်ဖြစ်ပြီး ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Zawgyi Version;
၂ဝ၂၃ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအဖြင့္ပြဲတြင္ ျမန္မာအသင္း ဂ်ပန္အသင္းကို ရႈံးနိမ့္
သန္႔ဇင္ (NP News) - ႏိုဝင္ဘာ ၁၆

၂၀၂၃ ကမာၻ႔ဖလားေျခစစ္ပြဲ ဒုတိယအဆင့္အုပ္စုအဖြင့္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းႏွင့္ ဂ်ပန္အသင္း တို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ ၅ဂိုး-ဂိုးမရွိ ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့သည္။

ယေန႔(ႏိုဝင္ဘာ ၁၆ ရက္)၊ ညေန ၄ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕ရွိ PANASONIC STADIUM SUITA တြင္ ဂ်ပန္အသင္း ႏွင့္ ျမန္မာအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းအေနျဖင့္ အင္အားႀကီးဂ်ပန္အသင္းအား ခံစစ္အသားေပး ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း Ueda၊ Kamada ႏွင့္ Doan ၏ သြင္းဂိုးမ်ား၊ကို ခြင့္ျပဳေပးခဲ့ရၿပီး ၅ ဂိုး-ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့သည္။

အဆိုပါပြဲစဥ္ႏွင့္ပတ္သက္၍ ျမန္မာ့လက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ Michael Feichtenbenir က "ဒီေန႔ပြဲအတြက္ ခံစစ္ကို ဦးစားေပးၿပီး အတတ္ႏိုင္ဆုံး ေပးဂိုးနည္းေအာင္ စီစဥ္ထားခဲ့ပါတယ္။ ဂ်ပန္အသင္းလို ကမာၻ႔အဆင့္ အသင္းတစ္သင္းကို သူ႔အိမ္ကြင္းမွာ အႏိုင္ရဖို႔၊ အမွတ္ယူဖို႔ ဆိုတာေတြကို ေမွ်ာ္လင့္မထားပါဘူး။ ကြၽန္ေတာ္တို႔ လက္ေတြ႕ဆန္ဆန္ပဲ ဆုံးျဖတ္ပါတယ္။ ဒါေၾကာင့္ ခံစစ္ ဦးစားေပးၿပီး အေကာင္းဆုံး ကစားခဲ့ပါတယ္" ဟု ပြဲၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

ျမန္မာအသင္းအေနျဖင့္ လာမည့္ (ႏိုဝင္ဘာ ၂၁ ရက္)တြင္ ေျမာက္ကိုရီးယားအသင္းအား ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰ ကြင္းတြင္ လက္ခံကစားသြားရမည္ျဖစ္ၿပီး ရလဒ္ေကာင္းမ်ားရရွိေအာင္ စြမ္းေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.