ပင်လောင်းမြို့နယ်တွင် ကျပ်သိန်း(၅၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို TOYOTA SURF ကားပေါ်မှ ဖမ်းမိခဲ့

703
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် TOYOTA SURF ကားပေါ်မှ ငွေကျပ်သိန်း(၅၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော(နိုဝင်ဘာလ ၉ ရက်)၊ မွန်းလွဲ ၁ နာရီတွင် ပင်းလောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ကိုအောင်မင်း မောင်းနှင်ကာ ကိုအောင်ကိုကိုဦး လိုက်ပါလာသည့် TOYOTA SURF ကားကို သတင်းအရ ရှာဖွေခဲ့ရာ ငွေကျပ်သိန်း(၅၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၀)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖော်ထုတ်ချက်များအရ နိုင်ဝင်ဘာလ ၁၀ ရက်၊ နံနက် ၇နာရီခွဲအချိန်တွင် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၁)တွင်နေထိုင်သည့် စိုင်းခုံးလှိုင်း(ခ)ကိုစိုင်းကို ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်မှုဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
zawgyi version
ပင္ေလာင္းၿမိဳ႕နယ္တြင္ က်ပ္သိန္း(၅၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို TOYOTA SURF ကားေပၚမွ ဖမ္းမိခဲ့
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၇
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္တြင္ TOYOTA SURF ကားေပၚမွ ေငြက်ပ္သိန္း(၅၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ထား သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့ေသာ(ႏိုဝင္ဘာလ ၉ ရက္)၊ မြန္းလြဲ ၁ နာရီတြင္ ပင္းေလာင္းၿမိဳ႕နယ္၊ လိန္းလီေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအနီးတြင္ ကိုေအာင္မင္း ေမာင္းႏွင္ကာ ကိုေအာင္ကိုကိုဦး လိုက္ပါလာသည့္ TOYOTA SURF ကားကို သတင္းအရ ရွာေဖြခဲ့ရာ ေငြက်ပ္သိန္း(၅၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၁၀)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေဖာ္ထုတ္ခ်က္မ်ားအရ ႏိုင္ဝင္ဘာလ ၁၀ ရက္၊ နံနက္ ၇နာရီခြဲအခ်ိန္တြင္ ကြန္ဟိန္းၿမိဳ႕နယ္၊ ကာလိၿမိဳ႕၊ ရပ္ကြက္(၁)တြင္ေနထိုင္သည့္ စိုင္းခုံးလႈိင္း(ခ)ကိုစိုင္းကို ဖမ္းဆီးရမိစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ေရာင္းဝယ္ရာ၌ ပူးေပါင္းပါဝင္မႈျဖင့္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ သယ္ေဆာင္ေရာင္းဝယ္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္းသိရွိရသည္။
ထို႔ေၾကာင့္ ၎တို႔(၃)ဦးအား သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။