ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်သမားများနှင်ပတ်သက်၍ စတင်စေလွှတ်ချိန်မှ ပြန်ရောက်သည်ထိ တာဝန်ရှိဟု နစကဝန်ကြီးဆို

 1274

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်သည့် အလုပ် သမားများစတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်အထိ တာဝန်အပြည့်အဝရှိကြောင်း အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောကြားခဲ့သည်။

ဝန်ကြီးဦးမြင့်နောင်က ယမန်နေ့(နိုဝင်ဘာလ ၁၆ ရက်)တွင် နေပြည်တော်၌ မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ(၄၈၇)ခုရှိပြီး ၎င်းအေဂျင်စီများထဲတွင် (ထိုင်း)လိုင်စင်ရ အေဂျင်စီ(၁၄၇)ခုရှိကြောင်း သိရသည်။

အဆိုပါအေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု/သေဆုံးမှုများနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ ပေါ် ပေါက်လာပါက သက်ဆိုင်ရာဌာနများသို့ သတင်းပို့ရမည်ဖြစ်ပြီး အလုပ်သမားသံအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် ၎င်းတို့စေလွှတ်လိုက်သည့် အလုပ်သမားများ ပြည်ပသို့ စတင်ထွက်ခွါချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်ထိ တာဝန်အပြည့်အဝရှိကြောင်းလည်း ၎င်းကထပ်မံပြောကြားသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးနေကြောင်း သိရသည်။

zawgyi version
ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားမ်ားႏွင္ပတ္သက္၍ စတင္ေစလႊတ္ခ်ိန္မွ ျပန္ေရာက္သည္ထိ တာဝန္ရွိဟု နစကဝန္ႀကီးဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၇

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ေအဂ်င္စီမ်ားအေနျဖင့္ မိမိတို႔ေစလႊတ္သည့္ အလုပ္ သမားမ်ားစတင္ထြက္ခြာခ်ိန္မွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိသည္အထိ တာဝန္အျပည့္အဝရွိေၾကာင္း အလုပ္သမားဝန္ႀကီးဦးျမင့္ေနာင္က ေျပာၾကားခဲ့သည္။

ဝန္ႀကီးဦးျမင့္ေနာင္က ယမန္ေန႔(ႏိုဝင္ဘာလ ၁၆ ရက္)တြင္ ေနျပည္ေတာ္၌ ျမန္မာျပည္ပအလုပ္အကိုင္လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္(MOEAF)မွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္အထိ လုပ္ငန္းေဆာင္႐ြက္ေနသည့္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီ(၄၈၇)ခုရွိၿပီး ၎ေအဂ်င္စီမ်ားထဲတြင္ (ထိုင္း)လိုင္စင္ရ ေအဂ်င္စီ(၁၄၇)ခုရွိေၾကာင္း သိရသည္။

အဆိုပါေအဂ်င္စီမ်ားအေနျဖင့္ ေစလႊတ္လိုက္သည့္ အလုပ္သမားမ်ားအား သက္ဆိုင္ရာႏိုင္ငံရွိ လုပ္ငန္းခြင္မ်ားတြင္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ား၊ လုပ္ငန္းခြင္ ထိခိုက္ဒဏ္ရာရရွိမႈ/ေသဆုံးမႈမ်ားႏွင့္ အလုပ္သမားေရးရာ ကိစၥရပ္မ်ား၊ ျပႆနာမ်ား၊ ထူးျခားျဖစ္စဥ္မ်ား ေပၚ ေပါက္လာပါက သက္ဆိုင္ရာဌာနမ်ားသို႔ သတင္းပို႔ရမည္ျဖစ္ၿပီး အလုပ္သမားသံအရာရွိမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ေနာင္က ေျပာသည္။

ထို႔ျပင္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ေအဂ်င္စီမ်ားအေနျဖင့္ ၎တို႔ေစလႊတ္လိုက္သည့္ အလုပ္သမားမ်ား ျပည္ပသို႔ စတင္ထြက္ခြါခ်ိန္မွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာသည့္အခ်ိန္ထိ တာဝန္အျပည့္အဝရွိေၾကာင္းလည္း ၎ကထပ္မံေျပာၾကားသည္။

လက္ရွိတြင္ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔ အလုပ္သမားေစလႊတ္ေရးလုပ္ငန္းစဥ္မ်ားကို ပုံမွန္အတိုင္း ခြင့္ျပဳေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.