ကယားပြည်နယ်မှစစ်ဘေးရှောင်များ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ဟု အသိပေး

1088
ကျော် (NP News) - နိုဝင်ဘာ ၁၈
ကယားပြည်နယ်အတွင်း၌ ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကယားပြည်နယ်မှစစ်ဘေးရှောင်များအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကြောင်း PNLO ဗဟိုကော်မတီက အသိပေးထားသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်အား PNLO က ကယားပြည်နယ်မှ စစ်ပြေး၊ စစ်ရှောင်လာသူများနှင့်ပတ်သက်၍ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"PNLO က ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို PNLO ရဲ့အခြေပြုဒေသတွေမှာ လာရောက်ခိုလှုံနိုင်တယ်လို့ မနေ့(နိုဝင်ဘာလ ၁၇ ရက်)က ထုတ်ပြန်ခဲ့ပါတယ်။ လိုအပ်တာတွေကူညီပေးသွားမှာပါ"ဟု ဆီဆိုင်မြို့မှ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းက NP News ကို ပြောသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ နှင့်အနီးပတ်ဝန်းကျင်၌ နိုဝင်ဘာလ ၁၁ ရက်မှစတင်၍ တပ်မတော် နှင့် KNDF အပါအဝင်လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု အသိပေးထုတ်ပြန်ချက်၌ရေးသားထားသည်။
အဆိုပါ တိုက်ပွဲအတွင်း၌ မည်သည့်ဘက်ကမှပါဝင်ခြင်းမရှိသည့် အပြစ်မဲ့ပြည်သူများသည် ရှမ်း ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်လာကြသည်ဟုလည်း ရေးသားထားသည်။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်းသို့ရောက်ရှိလာသော ကယားပြည်နယ်မှစစ်ဘေးရှောင်များအား PNLO ၏အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကာ တတ်အားသရွှေ့ကူညီသွားမည်ဟု PNLO က အသိပေးထုတ်ပြန်ခဲ့သည်။
PNLO မှ NCA ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီမှုများပြုလုပ်ပေးနိုင်ရန် ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာန၊ ဌာနကြီးမှူး ဒု-ဗိုလ်မှူးကြီးခွန်အာဠာရ၊ ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဆရာခွန်ထွန်း၊ တောင်ကြီးမြို့၊ PNLO ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ဗိုလ်ကြီးခွန်တီးလားတို့ဦးဆောင်၍ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ကယားပြည်နယ်မှစစ်ဘေးရှောင်များအားကူညီပေးရန် PNLO မှဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပအိုဝ်းပြည်သူများကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအလေးထား၍ ရောက်ရှိလာသော စစ်ဘေးရှောင်များကို တတ်အားသရွေ့ဝိုင်းဝန်းကူညီပေးကြရန်လည်း PNLO ကတိုက်တွန်းခဲ့သည်။

zawgyi version
ကယားျပည္နယ္မွစစ္ေဘးေရွာင္မ်ား ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္၏ အေျချပဳေဒသမ်ားတြင္ လာေရာက္ခိုလႈံႏိုင္ဟု အသိေပး
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၈
ကယားျပည္နယ္အတြင္း၌ ျဖစ္ပြားလ်က္ရွိသည့္ တိုက္ပြဲမ်ားေၾကာင့္ ကယားျပည္နယ္မွစစ္ေဘးေရွာင္မ်ားအေနျဖင့္ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO)၏ အေျချပဳေဒသမ်ားတြင္ လာေရာက္ခိုလႈံႏိုင္ေၾကာင္း PNLO ဗဟိုေကာ္မတီက အသိေပးထားသည္။
အဆိုပါ အသိေပးထုတ္ျပန္ခ်က္အား PNLO က ကယားျပည္နယ္မွ စစ္ေျပး၊ စစ္ေရွာင္လာသူမ်ားႏွင့္ပတ္သက္၍ ယမန္ေန႔ (ႏိုဝင္ဘာလ ၁၇ ရက္)က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
"PNLO က ကယားျပည္နယ္က စစ္ေဘးေရွာင္ေတြကို PNLO ရဲ႕အေျချပဳေဒသေတြမွာ လာေရာက္ခိုလႈံႏိုင္တယ္လို႔ မေန႔(ႏိုဝင္ဘာလ ၁၇ ရက္)က ထုတ္ျပန္ခဲ့ပါတယ္။ လိုအပ္တာေတြကူညီေပးသြားမွာပါ"ဟု ဆီဆိုင္ၿမိဳ႕မွ PNLO ဆက္ဆံေရး႐ုံးတာဝန္ခံ ဆရာခြန္ထြန္းက NP News ကို ေျပာသည္။
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ ႏွင့္အနီးပတ္ဝန္းက်င္၌ ႏိုဝင္ဘာလ ၁၁ ရက္မွစတင္၍ တပ္မေတာ္ ႏွင့္ KNDF အပါအဝင္လက္နက္ကိုင္အဖြဲ႕မ်ားၾကားတြင္ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္ဟု အသိေပးထုတ္ျပန္ခ်က္၌ေရးသားထားသည္။
အဆိုပါ တိုက္ပြဲအတြင္း၌ မည္သည့္ဘက္ကမွပါဝင္ျခင္းမရွိသည့္ အျပစ္မဲ့ျပည္သူမ်ားသည္ ရွမ္း ျပည္နယ္အတြင္းသို႔ စစ္ေဘးေရွာင္လာၾကသည္ဟုလည္း ေရးသားထားသည္။
ထို႔ေၾကာင့္ ရွမ္းျပည္နယ္အတြင္းသို႔ေရာက္ရွိလာေသာ ကယားျပည္နယ္မွစစ္ေဘးေရွာင္မ်ားအား PNLO ၏အေျချပဳေဒသမ်ားတြင္ လာေရာက္ခိုလႈံႏိုင္ကာ တတ္အားသေ႐ႊ႕ကူညီသြားမည္ဟု PNLO က အသိေပးထုတ္ျပန္ခဲ့သည္။
PNLO မွ NCA ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ကူညီမႈမ်ားျပဳလုပ္ေပးႏိုင္ရန္ ဗဟိုေဒသႏၲရအုပ္ခ်ဳပ္ေရးဌာန၊ ဌာနႀကီးမႉး ဒု-ဗိုလ္မႉးႀကီးခြန္အာဠာရ၊ ဆီဆိုင္ၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံး တာဝန္ခံ ဆရာခြန္ထြန္း၊ ေတာင္ႀကီးၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံး ဒု-တာဝန္ခံ ဗိုလ္ႀကီးခြန္တီးလားတို႔ဦးေဆာင္၍ ကူညီကယ္ဆယ္ေရးအဖြဲ႕ကို ဖြဲ႕စည္းထားေၾကာင္း သိရသည္။
ကယားျပည္နယ္မွစစ္ေဘးေရွာင္မ်ားအားကူညီေပးရန္ PNLO မွေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ေဒသခံပအိုဝ္းျပည္သူမ်ားကလည္း တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးကိုအေလးထား၍ ေရာက္ရွိလာေသာ စစ္ေဘးေရွာင္မ်ားကို တတ္အားသေ႐ြ႕ဝိုင္းဝန္းကူညီေပးၾကရန္လည္း PNLO ကတိုက္တြန္းခဲ့သည္။