NUG၊ PDF တို့၏ အကြမ်းဖက်မှုကြောင့် အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရမှုအပေါ် ရှုတ်ချရန် ကုလသမဂ္ဂပျက်ကွက်နေဟု နစက ဝေဖန်
1314
မြူနစ် (NP News) - နိုဝင်ဘာ ၁၈
NUG၊ PDF တို့၏ အကြမ်းဖက်မှုကြောင့် အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရမှုအပေါ် ရှုတ်ချရန် ကုလသမဂ္ဂအနေဖြင့် ပျက်ကွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထားသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ တုံ့ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဝေဖန်ထားခြင်းဖြစ်သည်။
ကုလသမဂ္ဂ၌ နိုဝင်ဘာလ ၁၅ ရက်တွင် အတည်ပြုချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုတွင် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချရန် ပျက်ကွဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
NUG နှင့် PDF တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် (၂၃၀)ကျော်အပါအဝင် လက်နက်မဲ့အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ရပ်အသီးသီးကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ဆရာ/ဆရာမနှင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံ၊ အခြေခံပညာကျောင်း၊ လမ်း၊ တံတားစသော အများပြည်သူအသုံးပြုရာ အဆောက်အအုံများသည်လည်း အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပျက်စီးမှုများရှိခဲ့သည်။
ယခု ကုလသမဂ္ဂမှ အတည်ပြုချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆို၌ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အချက်များလည်းပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သော ဆုံးဖြတ်ချက်အဆိုတစ်ခုလုံးအား မြန်မာနိုင်ငံက လုံးဝပယ်ချကြောင်း နှင့် ပါဝင်ပတ်သက်မှုရှိမည်မဟုတ်ကြောင်းလည်း ဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ထားသည်။
zawgyi version
NUG၊ PDF တို႔၏ အၾကမ္းဖက္မႈေၾကာင့္ အရပ္သား (၆၇၀၀)ေက်ာ္ ေသဆုံးခဲ့ရမႈအေပၚ ရႈတ္ခ်ရန္ ကုလသမဂၢပ်က္ကြက္ေနဟု နစက ေဝဖန္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၈
NUG၊ PDF တို႔၏ အၾကမ္းဖက္မႈေၾကာင့္ အရပ္သား (၆၇၀၀)ေက်ာ္ ေသဆုံးခဲ့ရမႈအေပၚ ရႈတ္ခ်ရန္ ကုလသမဂၢအေနျဖင့္ ပ်က္ကြက္ေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဝဖန္ထားသည္။
နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကုလသမဂၢ၏ ဆုံးျဖတ္ခ်က္အဆိုႏွင့္ပတ္သက္၍ တုံ႔ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေဝဖန္ထားျခင္းျဖစ္သည္။
ကုလသမဂၢ၌ ႏိုဝင္ဘာလ ၁၅ ရက္တြင္ အတည္ျပဳခ်မွတ္ခဲ့ေသာ ဆုံးျဖတ္ခ်က္အဆိုတြင္ NUG ႏွင့္ PDF ဆိုသူတို႔၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ရႈတ္ခ်ရန္ ပ်က္ကြဲခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။
NUG ႏွင့္ PDF တို႔၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ကေလးသူငယ္ (၂၃၀)ေက်ာ္အပါအဝင္ လက္နက္မဲ့အရပ္သား (၆၇၀၀)ေက်ာ္ ေသဆုံးခဲ့ရသည္ဟု နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ျမန္မာႏိုင္ငံ၌ အၾကမ္းဖက္လုပ္ရပ္အသီးသီးေၾကာင့္ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္း၊ ဆရာ/ဆရာမႏွင့္ အရပ္သားျပည္သူမ်ားစြာ အသက္ဆုံးရႈံးခဲ့ရသည္။
ထို႔ျပင္ ႏိုင္ငံအတြင္းရွိ ဌာနဆိုင္ရာအေဆာက္အအုံ၊ အေျခခံပညာေက်ာင္း၊ လမ္း၊ တံတားစေသာ အမ်ားျပည္သူအသုံးျပဳရာ အေဆာက္အအုံမ်ားသည္လည္း အၾကမ္းဖက္သမားမ်ား၏ ေဖာက္ခြဲဖ်က္ဆီးမႈမ်ားေၾကာင့္ ပ်က္စီးမႈမ်ားရွိခဲ့သည္။
ယခု ကုလသမဂၢမွ အတည္ျပဳခ်မွတ္ခဲ့ေသာ ဆုံးျဖတ္ခ်က္အဆို၌ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္သည့္ အခ်က္မ်ားလည္းပါဝင္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံအေပၚ ဦးတည္ခ်မွတ္ေသာ ဆုံးျဖတ္ခ်က္အဆိုတစ္ခုလုံးအား ျမန္မာႏိုင္ငံက လုံးဝပယ္ခ်ေၾကာင္း ႏွင့္ ပါဝင္ပတ္သက္မႈရွိမည္မဟုတ္ေၾကာင္းလည္း ဝန္ႀကီးဌာနက ျပန္လည္တုံ႔ျပန္ထားသည္။