တက္ကသိုလ်စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားများပါသော ယာဥ်တစ်စီးကို အိမ်စီးကားမှ ဝင်တိုက်ခဲ့ရာ လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့

 2210

စော (NP News) - နိုဝင်ဘာ ၁၉

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကျောင်းသားများတင်ဆောင်လာသည့်ယာဥ်တစ်စီးကို အိမ်စီးကားမှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၉ ရက်)၊ နံနက် (၉)နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၈/၁)အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။


Toyota HILUX အမျိုးအစား အိမ်စီးယာဥ်သည် တက္ကသိုလ်စာမေးပွဲပြီး၍ နေရပ်သို့ပြန်သည့် ကျောင်းသားများ တင်ဆောင်လာသည့် KIA Pick Up အမျိုးအစားယာဥ်ကို နောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စကားအင်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

"KIA Pick Up လေးနဲ့ Toyota Hilux Vigo လေးနဲ့ တိုက်တာ။ ကျွန်တော်တို့ မျက်မြင်အရတော့ နောက်ကနေ Vigo လေးက ကျောင်းကြိုလာတဲ့ Pick Up လေးကို နောက်ကနေ တိုက်မိတာ။ တက္ကသိုလ်စာမေးပွဲပြီးလို့ ပြန်လာတဲ့အဖွဲ့ ပေါ့" ဟု စကားအင်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ KIA Pick Up ကားသည် ကျောက်ဆည်မှ နေပြည်တော်သို့မောင်းနှင်လာသည့်အချိန်တွင် ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် Pick Up ယာဉ်ပေါ်ပါတွင် လိုက်ပါလာသူအနက် အမျိုးသမီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Toyota HILUX ယာဉ်‌ပေါ်မှ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
တကၠသိုလ္စာေမးပြဲေျဖဆိုၿပီးျပန္လာသည့္ ေက်ာင္းသားမ်ားပါေသာ ယာဥ္တစ္စီးကို အိမ္စီးကားမွ ဝင္တိုက္ခဲ့ရာ လူ ၆ ဦး ထိခိုက္ဒဏ္ရာရခဲ့
ေစာ (NP News) - ႏိုဝင္ဘာ ၁၉

ရန္ကုန္-မႏၲေလးအျမန္လမ္း၌ ေက်ာင္းသားမ်ားတင္ေဆာင္လာသည့္ယာဥ္တစ္စီးကို အိမ္စီးကားမွ ဝင္တိုက္မိခဲ့ရာ လူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၁၉ ရက္)၊ နံနက္ (၉)နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၃၃၈/၁)အနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


Toyota HILUX အမ်ိဳးအစား အိမ္စီးယာဥ္သည္ တကၠသိုလ္စာေမးပြဲၿပီး၍ ေနရပ္သို႔ျပန္သည့္ ေက်ာင္းသားမ်ား တင္ေဆာင္လာသည့္ KIA Pick Up အမ်ိဳးအစားယာဥ္ကို ေနာက္မွ ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း စကားအင္း မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

"KIA Pick Up ေလးနဲ႔ Toyota Hilux Vigo ေလးနဲ႔ တိုက္တာ။ ကြၽန္ေတာ္တို႔ မ်က္ျမင္အရေတာ့ ေနာက္ကေန Vigo ေလးက ေက်ာင္းႀကိဳလာတဲ့ Pick Up ေလးကို ေနာက္ကေန တိုက္မိတာ။ တကၠသိုလ္စာေမးပြဲၿပီးလို႔ ျပန္လာတဲ့အဖြဲ႕ ေပါ့" ဟု စကားအင္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ KIA Pick Up ကားသည္ ေက်ာက္ဆည္မွ ေနျပည္ေတာ္သို႔ေမာင္းႏွင္လာသည့္အခ်ိန္တြင္ ယာဥ္ မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ Pick Up ယာဥ္ေပၚပါတြင္ လိုက္ပါလာသူအနက္ အမ်ိဳးသမီး (၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး Toyota HILUX ယာဥ္‌ေပၚမွ အမ်ိဳးသား(၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို တံတားဦးၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.