လန်ဒန်လေလံပွဲမှာ Macallan 1926 က ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီပုလင်းအဖြစ် စံချိန်တင်

982
ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်တဲ့ Sotheby's လေလံပွဲမှာ Macallan 1926 က စံချိန်တင်ပေါင် ၂.၁ သန်းနဲ့ ကမ္ဘာ့တန်ဖိုး အကြီးဆုံးဝီစကီ အဖြစ် စံချိန်တင်ခဲ့ပါတယ်။
အဆိုပါ ဝီစကီပုလင်းကို ပေါင် ၇၅ဝဝဝဝ မှ ပေါင် ၁.၂ သန်းထိသာ လေလံဆွဲနိုင်ဖို့ ခန့်မှန်းထားပေမယ့် ပေါင် ၂.၁၈၇,၅ဝဝ ထိ ရရှိလာခြင်းကြောင့် ခန့်မှန်းထားတာထက် ကျော်လွန်စွာ အမြက်ထွက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အဆိုပါရောင်းချမှုဟာ လေလံတင်ရောင်းချတဲ့ မည်သည့်ယမကာပုလင်း (သို့မဟုတ်) ဝိုင်တွေထက် တန်ဖိုး ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့တယ်လို့ Sotheby's က ပြောကြားခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်ကလည်း Macallan 1926 ပုလင်းတွေထဲက တစ်ခုဟာ လန်ဒန်လေလံပွဲမှာပဲ ပေါင် ၁.၅ သန်း ရရှိခဲ့ပြီး စံချိန်တင်ခဲ့ဖူးပါတယ်။
အခုတော့ အဲဒီစံချိန်ကို ကျော်ဖြတ်သွားပြီဖြစ်ပါတယ်။ စံချိန်တင်ခဲ့တဲ့ Macallan 1926 ဝီစကီကို သစ်သီး ခြောက်များစွာ၊ ဟင်းခတ်အမွှေးအကြိုင်များစွာနဲ့ ဥရောပသစ်သစ်ချပင်အဆီအနှစ်တို့နဲ့ချက်လုပ်ကာ အနှစ် ၆ဝ ကြာအောင် သိုလှောင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
လန္ဒန္ေလလံပြဲမွာ Macallan 1926 က ကမာၻ႔ေစ်းအႀကီးဆုံး ဝီစကီပုလင္းအျဖစ္ စံခ်ိန္တင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၉
ႏိုဝင္ဘာ ၁၈ ရက္က ျပဳလုပ္တဲ့ Sotheby's ေလလံပြဲမွာ Macallan 1926 က စံခ်ိန္တင္ေပါင္ ၂.၁ သန္းနဲ႔ ကမာၻ႔တန္ဖိုး အႀကီးဆုံးဝီစကီ အျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။
အဆိုပါ ဝီစကီပုလင္းကို ေပါင္ ၇၅ဝဝဝဝ မွ ေပါင္ ၁.၂ သန္းထိသာ ေလလံဆြဲႏိုင္ဖို႔ ခန္႔မွန္းထားေပမယ့္ ေပါင္ ၂.၁၈၇,၅ဝဝ ထိ ရရွိလာျခင္းေၾကာင့္ ခန႔္မွန္းထားတာထက္ ေက်ာ္လြန္စြာ အျမက္ထြက္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။
အဆိုပါေရာင္းခ်မႈဟာ ေလလံတင္ေရာင္းခ်တဲ့ မည္သည့္ယမကာပုလင္း (သို႔မဟုတ္) ဝိုင္ေတြထက္ တန္ဖိုး ေက်ာ္လြန္ကာ စံခ်ိန္သစ္တင္ခဲ့တယ္လို႔ Sotheby's က ေျပာၾကားခဲ့ပါတယ္။ ၂ဝ၁၉ ခုႏွစ္ကလည္း Macallan 1926 ပုလင္းေတြထဲက တစ္ခုဟာ လန္ဒန္ေလလံပြဲမွာပဲ ေပါင္ ၁.၅ သန္း ရရွိခဲ့ၿပီး စံခ်ိန္တင္ခဲ့ဖူးပါတယ္။
အခုေတာ့ အဲဒီစံခ်ိန္ကို ေက်ာ္ျဖတ္သြားၿပီျဖစ္ပါတယ္။ စံခ်ိန္တင္ခဲ့တဲ့ Macallan 1926 ဝီစကီကို သစ္သီး ေျခာက္မ်ားစြာ၊ ဟင္းခတ္အေမႊးအႀကိဳင္မ်ားစြာနဲ႔ ဥေရာပသစ္သစ္ခ်ပင္အဆီအႏွစ္တို႔နဲ႔ခ်က္လုပ္ကာ အႏွစ္ ၆ဝ ၾကာေအာင္ သိုေလွာင္ထားျခင္းျဖစ္တယ္လို႔ သိရပါတယ္။